ကမ္ဘာပေါ်တွင် ဘောလုံးအားကစား၊ တင်းနစ်၊ ဘက်စကပ်ဘော၊ ရေကူး၊ ဘော်လီဘော စသည်ဖြင့် လူသိများ ကျော်ကြားသော အားကစားများရှိကြသလို လူသိနည်းပြီး ထူးဆန်းသောအားကစားများလည်း ရှိကြပါတယ်။

ဘယ်လိုမျိုးအားကစားမျိုးတွေဖြစ်မလဲဆိုတာ အားကစားလိုက်စားတဲ့ ကွီးတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

ပြင်းထန်သော မီးပူတိုက်အားကစား

The Strangest Sports in the World

Photo: Indiatimes.com

ဒီအားကစားကိုတော့ ဗြိတိန်နိုင်ငံက အစပြုခဲ့တာဖြစ်ပါတယ်။ မီးပူတိုက်ရမယ့်ပုံစံက ထူးဆန်းပါတယ်။ အန္တရာယ်များတဲ့ ရေတံခွန်၊ ကျောက်ဆောင်၊ လှိုဏ်ဂူ၊ ရေပြင်ပေါ် သို့မဟုတ် အမြင့်ခုန်နေရင်းနဲ့ မီးပူတိုက်ပြရမှာဖြစ်ပါတယ်။ ကိုယ့်အသက်အန္တရာယ်ကို တော်တော်လေးစွန့်စားပြီးမှ ပြုလုပ်ရမယ့်အားကစားမျိုးပါ။

မိမိအမျိုးသမီးကို ချီပြေးခြင်း

The Strangest Sports in the World

Photo: BBC

ဒီအားကစားတော့ ဖင်လန်နိုင်ငံက အစပြုခဲ့တာပါ။ အမျိုးသားသည် မိမိဇနီးကို ပုခုံးပေါ်တွင် ထမ်းထားရမှာဖြစ်ပြီး စည်းကမ်းချက်အချို့လည်း သတ်မှတ်ထားပါသေးတယ်။ ထိုစည်းကမ်းချက်များကတော့ မီတာပေါင်း ၂၅၃.၅ မီတာခန့် ပြေးလွှားရမှာဖြစ်ပြီး အမျိုးသမီးရဲ့ကိုယ်အလေးချိန်သည် ၄၉ ကီလိုဂရမ် အနည်းဆုံးရှိရပါမယ်။ တကယ်လို့ မိမိအမျိုးသမီးကို ချီထားရာကနေ ပြုတ်ကျသွားတယ်ဆိုရင် ထိုအတွဲသည် ၁၅ စက္ကန့်ခန့် ရပ်နေရမှာ ဖြစ်ပါတယ်။ အနိုင်ရရှိတဲ့အမျိုးသားကတော့ သူ့အမျိုးသမီးရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာတွေကို ရရှိမှာဖြစ်ပါတယ်။

ရေအောက်ဟော်ကီ

The Strangest Sports in the World

Photo: Uwrugby.wordpress.com

ဒီအားကစားကိုတော့ ၁၉၅၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ အစပြုခဲ့တာဖြစ်ပါတယ်။ Octopus လို့လည်း အမည်တွင်တဲ့ ရေအောက်ဟော်ကီသည် ရေအောက်မှာ ကစားရတဲ့ဟော်ကီတစ်မျိုးဖြစ်ပါတယ်။ အားကစားသမားများသည် ရေအောက် အသက်ရှူကိရိယာများ၊ ရေယက်များ ဝတ်ဆင်ခွင့်ရရှိမှာဖြစ်ပြီး တစ်သင်းလျှင် ၆ ယောက်မှ ၁၀ ယောက်အထိ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။

Bossaball

The Strangest Sports in the World

Photo: Pitchhigh

ဒီအားကစားကတော့ ဘယ်လ်ဂျီယံနိုင်ငံက အစပြုခဲ့တာဖြစ်ပါတယ်။ သူကတော့ ဘော်လီဘောအားကစားနဲ့ ဆင်တူပါတယ်။ ဘော်လီဘောနဲ့ မတူတဲ့အချက်ကတော့ ဘောလုံးကို လေထဲမှာမြှောက်နေအောင်လို့ ခန္ဓာကိုယ်ရဲ့ မည်သည့်အစိတ်အပိုင်းနဲ့မဆို မြှောက်ပင့်နိုင်တာဖြစ်ပါတယ်။ တစ်သင်းလျှင် ကစားသမား ၃ ယောက်မှ ၅ ယောက်အထိ ပါဝင်ဆော့ကစားနိုင်တာဖြစ်ပါတယ်။

Zorbing

The Strangest Sports in the World

Photo: Collinsdictionary

ယှဉ်ပြိုင်သူသည် ဘောလုံးအကြီးထဲဝင်ပြီး ထိုဘောလုံးကို လေထိုးပြီးနောက်မှာ မြေကြီးပေါ်တွင် လှိမ့်ကာ လှိမ့်ကာနှင့် ဆော့ကစားသွားရမှာဖြစ်ပါတယ်။ ဒီအားကစားကိုတော့ ၁၉၉၄ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၌ စတင်ဆော့ကစားခဲ့ကြတာဖြစ်ပါတယ်။ ဒီအားကစားကတော့ အန္တရာယ်သိပ်မများတဲ့အတွက်ကြောင့် တီဗွီရုပ်သံအချို့တွင် အပျော်အားကစားတစ်ခုအဖြစ် ဆော့ကစားလေ့ရှိကြတာကိုလည်း တွေ့မြင်ရပါတယ်။

Source: Businessinsider.com

Featured Image: Wonderlist