ရီးရဲလ် ဥက္ကဌ ပီရက်ဇ် ဟာ ၂၀၂၂ တွင် တတိယမြောက်ကြယ်စင်စုအသင်းကို တည်ဆောက်ရန် စီစဉ်နေကြောင်း စပိန်သတင်းတွေက ဖော်ပြနေကြပါတယ်။

ပီရက်ဇ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌရာထူးကို နှစ်ကြိမ်မြောက် ဆောင်ရွက်နေသူဖြစ်ပြီး (၂၀၂၂) ခုနှစ်တွင် ဥက္ကဋ္ဌသက်တမ်း အနှစ် (၂၀) ပြည့်မြောက်တော့မှာဖြစ်ပါတယ်။

ပီရက်ဇ် အသင်းမှာရှိနေသည့် ကစားသမားအချို့နဲ့ ပေါင်းကာ ကြယ်စင်စုအသင်းကို တဖန်ပြန်လည်တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ပြီး အဓိကပစ်မှတ်ကစားသမားများမှာ PSG တိုက်စစ်မှူး ဘာပေး၊ ဒေ့ါမွန်တိုက်စစ်မှူး ဟာလန်းတို့ ဖြစ်ကြောင်း သိရပါတယ်။

Source: La Opinion

ပီရက်ဇ်လက်အောက် ရီးရဲလ်အသင်းရဲ့ ပထမဆုံးကြယ်စင်စုအသင်းမှာ ဖီဂို၊ ဇီဒန်း၊ ရော်နယ်လ်ဒို၊ ဒေးဗစ်ဘက်ခမ်၊ ရောဘတ်တိုကားလို့စ်၊ ရာအူးလ်စသည့် ဒိတ်ဒိတ်ကြဲ ကစားသမားတွေပါဝင်ခဲ့ပြီး ဒုတိယ ကြယ်စင်စုအသင်းကိုတော့ စီရော်နယ်လ်ဒို၊ ကာကာ၊ ဘန်ဇီမာ၊ အလွန်ဆိုစတဲ့ ကစားသမားကောင်းတွေနဲ့တည်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒုတိယ ကြယ်စင်စုအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၃) နှစ်ဆက် ဗိုလ်စွဲခဲ့ခြင်း အပါအဝင် (၅) နှစ်အတွင်း (၄) ကြိမ်ဗိုလ်စွဲသည်အထိ အောင်မြင်မူရရှိအောင် စွမ်းဆောင်နိူင်ခဲ့ပါတယ်။

Source: 90 min

ရီးရဲလ်အသင်းရဲ့ပစ်မှတ် ဘာပေးဟာ PSG အသင်းနဲ့ (၂၀၂၂) မှာ စာချုပ်သက်တမ်းကုန်းဆုံးမှာဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်အနေနဲ့ ဟာဇက်ကို ချဲလ်ဆီးအသင်းကနေ ပေါက်ဈေးထက်နှိမ့်ပြီး ဝယ်ယူခဲ့သလိုမျိုး ဘာပေးကိုလည်း ပုံမှန်ဈေးထက် နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဝယ်ယူရရှိနိူင်ဖို့ စီစဉ်နေကြောင်းသိရပါတယ်။ PSG အသင်းအနေနဲ့ ဘာပေးကို စာချုပ်သစ်တစ်ရပ် မချုပ်ဆို နိူင်ပါက (၂၀၂၁) တွင် ရောင်းချရဖွယ်ရှိနေပါတယ်။

ဟာလန်းကတော့ ရီးရဲလ်ရဲ့ ဒုတိယ ပစ်မှတ်ဖြစ်ပြီး အဆိုပါကစားသမားဟာ ယခုနှစ် ဇန်နဝါရီလတွင် ဒေါ့မွန်အသင်းကို ရောက်ရှိလာခဲ့ကာ အသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။

Source: BeSoccer

ရီးရဲလ်အသင်းမှာတော့ လက်ရှိ လူငယ်ခြေတတ်ကစားသမားတွေအဖြစ် Odegaard, Reinier, Vinicius Junior နဲ့ Rodrygo တို့ကို ပိုင်ဆိုင်ထားပြီး ဘာပေး၊ ဟာလန်းတို့ကို ခေါ်ယူနိူင်ခဲ့ပါက အရင် ကြယ်စင်စုအသင်းတွေလို အောင်မြင်မူတွေ ရယူနိူင်မှာအမှန်ပါပဲ။