ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဘုန်းကံအရှိန်အဝါဟာ အလွန်မြင့်မားနေပြီး အလွန်ကိန်းခမ်းကြီးပြီး မာနကြီးလှတဲ့ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီးတောင် မနေနိုင်ဘဲ တောင်းဆိုမှု ပြုလုပ်ခဲ့ရပါတယ်။

ဘုရင်မကြီး အဲလိဇဘက်ဟာ ဂျူဗင်တပ်အသင်းကနေ အိုးထရက်ဖို့ဒ်ကို ပေါ်တူဂီကြယ်ပွင့်က စိတ်လှုပ်ရှားဖွယ် ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်အသင်း ဂျာစီ အထည် ၈၀ ကို မှာယူခဲ့တယ်ဆိုတဲ့သတင်းက ကြားရသူတိုင်းကို မျက်ခုံးပင့်မိစေခဲ့ပြီး ဘုရင်မကြီးဟာ အဲဒီလောက်နဲ့ မကျေနပ်ဘဲ နောက်ထပ်အထူးတောင်းဆိုမှုတစ်ခုပါ ပြုလုပ်ခဲ့ပါတယ်။ ဘုရင်မကြီး အဲလိဇဘက်ဟာ ယူနိုက်တက်က သီးသန့်ဖယ်ထားတဲ့ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ပထမဆုံးရှပ်ကိုပါ တောင်းဆိုခဲ့တယ်လို့ သိရပြီး ရော်နယ်ဒိုဟာ ဘုရင်မကြီးကိုယ်တိုင် လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုခံရတဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော သက်ရှိလူသား ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Photo: Daily Express

အဲလိဇဘက် ဘုရင်မကြီးဟာ ကမ္ဘာကျော် လူပုဂ္ဂိုလ်တွေကို ဘက်ကင်ဟမ် နန်းတော်ကြီးဆီ ခေါ်ယူ တွေ့ဆုံခဲ့ပေမယ့်လည်း ဘယ်တုန်းကမှ ယနေ့အချိန်အထိ အဲဒီလို ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်တွေဆီကနေ လက်မှတ်ထိုးပေးဖို့ တောင်းဆိုတာမျိုး မရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့အတွက် ပေါင် ၁၂.၈၅ သန်း သုံးစွဲခဲ့ပြီး လက်ရှိမှာတော့ ဂျာစီ ရောင်းရတာနဲ့တင် အမြတ်ထွက်နေပြီလို့ ယူဆရပါတယ်။

အဲဒီရောင်းရတဲ့ ဂျာစီတွေထဲက အထည် ၈၀ ဟာ လန်ဒန်မှာရှိတဲ့ ဘုရင်မကြီး စံမြန်းရာ နန်းတော်ကြီးဆီ ပို့ဆောင်ပေးရမှာဖြစ်ပြီး အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက်ဟာ ဝက်စ်ဟမ်းပရိသတ်ဖြစ်ပေမယ့်လည်း ရော်နယ်ဒို ကစားတာကို ကြည့်ရှုရတာကိုလည်း အလွန်နှစ်ခြိုက်တယ်ဆိုတာ ပေါ်လွင်ထင်ရှားသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတို့မှာ အောင်မြင်တဲ့ ကစားသမားဘဝ ၁၂ နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီးနောက် အရာအားလုံး စတင်ခဲ့ရာဖြစ်တဲ့ အိပ်မက်ပြဇာတ်ရုံမှာ ပြန်လည် ကပြအသုံးတော်ခံဖို့ စောင့်မျှော်နေပြီဖြစ်ပါတယ်။

Featured Photo :Today in 24 English