ရာစုနှစ်များစွာ ဘီယာဟာကမ္ဘာပေါ်က လူကြိုက်အများဆုံးအဖျော်ယမကာအနေနဲ့ သောက်သုံးခဲ့ကြပါတယ်။ ပူအိုက်တဲ့နွေရာသီအတွက် လန်းဆန်းစေပြီးတော့ အေးမြတဲ့ဆောင်းရာသီမှာတော့ ခါးသက်တဲ့အမြှပ်တွေနဲ့လိုက်ဖက်တဲ့ သောက်စရာတစ်ခုအဖြစ် အားလုံးကနှစ်သက်ကြပါတယ်။ ကမ္ဘာပေါ်မှာ ဘီယာထုတ်လုပ်တဲ့နိုင်ငံများစွာရှိပါတယ်။ အခုပြောပြပေးမှာက ကမ္ဘာပေါ်ကနိုင်ငံတွေထဲက ဘီယာထုတ်လုပ်မှုအများဆုံးနိုင်ငံ ၅ နိုင်ငံကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဘီယာချစ်သူတွေ စိတ်ဝင်စားရင် အောက်မှာဖတ်ကြည့်လိုက်ပါဦး။
(၁) China
Source : National Geographic
အမေရိကန်ပြည်ထောင်စုရဲ့ ဘီယာဈေးကွက်က ကြီးမားစွာရှိနေသော်လည်း တရုတ်နိုင်ငံက စားသုံးသူ ၁ဘီလီ ယံကျော်ကို ကျေနပ်ရောင့်ရဲစေပြီး ဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းရန် ဘီယာထုတ်လုပ်မှုပမာဏကို ၂ဆ အထိတိုးမြင့်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ၄၆.၅ မီလီယံကီလိုလစ်တာထုတ်လုပ်ခဲ့ပြီး တရုတ်နိုင်ငံထုတ်ဘီယာတွေ ဟာ ကမ္ဘာပေါ်ကလူကြိုက်အများဆုံးဘီယာ နံပါတ် ၁၊ ၂၊ နဲ့ ၆ နေရာတွေမှာပါဝင်ခဲ့ပါတယ်။ ဆန်ကထုတ်တဲ့ ဘီယာကတော့ တရုတ်လူမျိုးတွေရဲ့အကြိုက်ဆုံးဘီယာဖြစ်ပြီး တရုတ်ဘီယာတံဆိပ်အမျိုးမျိုးဟာ ၂၀၀၂ ခုနှစ် ကစလို့ ကမ္ဘာ့ထိပ်တန်းဘီယာဈေးကွက်မှာပါဝင်လာခဲ့ပါတယ်။
(၂) US
Source : CNBC.com
ဘီယာထုတ်လုပ်မှုမှာ China နဲ့ US က ထိပ်ဆုံးစာရင်းဝင်နိုင်ငံ ၂နိုင်ငံဖြစ်ပြီး အပြိုင်အဆိုင်ထုတ်လုပ်ကြတယ် ဆိုလဲမမှားပါဘူး။ ၂၀၁၃ ခုနှစ်မှာ အမေရိကန်က ဘီယာဘီလျံပေါင်း ၂၂.၅ ကီလိုလီတာ နီးပါးထုတ်လုပ်ခဲ့ပြီး ကမ္ဘာပေါ်က ဆဌမမြောက်အများဆုံးဘီယာတင်ပို့တဲ့ နိုင်ငံလဲဖြစ်ပါတယ်။ နိုင်ငံအတွင်း ဘီယာစက်ရုံ ၃၀၀၀ ကျော်ရှိပြီး Coors Light နဲ့ Budweiser ကတော့ ကမ္ဘာအနှံ့လူသိများတဲ့ဘီယာ တံဆိပ်တွေပါ။ Pale lager ဘီယာဟာ အစောပိုင်းနှစ်တွေက လူကြိုက်အများဆုံးစတိုင်လ်ဖြစ်ပေမယ့် ခုနောက်ပိုင်းမှာတော့ IPA ဘီယာ အမျိုးအစားကိုလူကြိုက်များလာကြပါတယ်။
(၃) Brazil
Source : Culturetrip
ကမ္ဘာ့ဘီယာထုတ်လုပ်မှုအများဆုံးနိုင်ငံစာရင်းမှာ ဘရာဇီးနိုင်ငံပါဝင်မှုက အံ့အားသင့်စရာဖြစ်နိုင်သော်လည်း တကယ်တော့ ဘရာဇီးနိုင်ငံဟာ အမှန်တကယ်ဘီယာထုတ်လုပ်မှုများပြားပြီး ၂၀၁၃ ခုနှစ်မှာ ၁၃.၅သန်း ကီလိုလီတာထိ ထုတ်လုပ်ခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံလိုပဲ ဘရာဇီးနိုင်ငံဟာ ဘီယာထုတ်လုပ်မှုကို ၁၈၀၀ ပြည့်နှစ်တွေက ဂျာမန်ရွေ့ပြောင်းနေထိုင်သူတွေဆီကလေ့လာခဲ့တာဖြစ်ပါတယ်။ ဘရာဇီးဘီယာသောက်သုံးသူ တွေဟာ pilsner ဘီယာအမျိုးအစားကို သူတို့ရဲ့ထိပ်တန်းစတိုင်လ်တခုအနေနဲ့ နှစ်သက်ကြတယ်လို့ဆိုပါတယ်။
(၄) Germany
Source : Desertcart
နာမည်ကျော်တံဆိပ်များစွာထုတ်လုပ်တဲ့ ဂျာမနီနိုင်ငံဟာ ကမ္ဘာပေါ်ကစတုတ္ထမြောက်ဘီယာအများဆုံးထုတ် လုပ်တဲ့နိုင်ငံဖြစ်နေပါတယ်။ ၂၀၁၃ ခုနှစ်စစ်တမ်းအရ သူတို့ဟာ ဘီယာကီလိုလီတာ ၉သန်းခွဲထိ ထုတ်လုပ်ခဲ့ပြီး စတုတ္ထမြောက်ပြည်ပသို့ဘီယာတင်ပို့မှု အများဆုံးနိုင်ငံဆိုလဲမမှားပါဘူး။ ကမ္ဘာပေါ်ကဘီယာ ၁၀ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်ပေးနေတာဖြစ်ပြီး အခြားဥရောပနိုင်ငံတွေနည်းတူ ဂျာမနီက အလယ်ခေတ်မှာဘီယာစတင်ထုတ်လုပ်ခဲ့ပါတယ်။ အခုခါမှာတော့ ဂျာမနီမှာဘီယာချက်စက်ရုံ ၁၃၀၀ ကျော်ထိရှိလာပါပြီ။
(၅) Russia
Source : Bloomberg
ရုရှားနိုင်ငံမှာ ဘီယာကို ၂၀၁၃ ခုနှစ်မတိုင်ခင်အထိ အယ်လ်ကိုဟောမဟုတ်တဲ့ သောက်စရာတစ်ခုအနေနဲ့သတ်မှတ်ခဲ့ကြပြီး ၂၀၁၃ခုနှစ်နောက်ပိုင်းမှ ကန့်သတ်ချက်တွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လည်း ရုရှားကတော့ ဘီယာဘီလီယံ ၉သန်းနီးပါးထိ ထုတ်လုပ်နေဆဲဖြစ်ပြီး ရုရှားနိုင်ငံမှာ ဘီယာပြီးရင် ဗော့ဒ်ကာကို အများဆုံးသောက်သုံးလေ့ရှိကြပါတယ်။ တစ်နိုင်ငံလုံး ဘီယာစက်ရုံ ၂၅၀ ခန့်ရှိပြီး ရုရှားနိုင်ငံရဲ့အကြီးဆုံးဘီယာထုတ်လုပ်တဲ့ကုမ္မဏီက Carlsberg လို့ခေါ်တဲ့ ဒိန်းမတ်ကုမ္မဏီတခုဖြစ်ပါတယ်။ ဘီယာအမျိုးအစားကိုအရောင်နဲ့ခွဲခြားကြပြီး လူကြိုက်များတဲ့စတိုင်လ်ကတော့ Baltic ဘီယာဖြစ်ပါတယ်။