ဘယ်သူမဆို စိတ်မလုံခြုံမှု ရှိစမြဲပါ။ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ လုံခြုံမှုမရှိလို့ Self-Doubt ဝင်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ အထင်ကြီးစိတ်ပါ ထိခိုက်ချည့်နဲ့လာနိုင်ပါတယ်။ ကဲ.. ဘယ်လိုအကြောင်းကိစ္စတွေမှာ ယောင်္ကျားတွေဟာ ကိုယ့်ကိုယ်ကိုယ် မသေချာမှုတွေ အဖြစ်များသလဲ ကြည့်ရအောင်ပါ။

(၁) ကိုယ်လုံးကိုယ်ပေါက်

Photo: Freepik

မိန်းကလေးတွေလိုပဲ ယောင်္ကျားလေးတွေမှာလည်း ကိုယ့်ဘော်ဒီကို အားမလိုအားမရဖြစ်တတ်တာပါပဲ။ Instagram မှာ Facebook မှာ ဘော်ဒီတောင့်တောင့် ယောင်္ကျားတွေ မြင်ရတိုင်း ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်တာ ပိုဆိုးလာလေ့လည်း ရှိပါတယ်။ တစ်ခါတလေ ပတ်ဝန်းကျင်က ကိုယ့်ကို Body Shaming လုပ်တာကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မှု ပိုဆိုးတတ်ပါတယ်။

(၂) ဆံပင်

Photo: Freepik

ဆံပင်ဟာ ငယ်ရွယ်မှုနဲ့ လှပတင့်တယ်မှုကို ကိုယ်စားပြုနိုင်တဲ့ အမှတ်လက္ခဏာဖြစ်ပါတယ်။ ဆံပင်ဟာ လူတစ်ယောက်ကို ဆွဲဆောင်မှုရှိအောင် လုပ်နိုင်သလို ရုပ်အဆင်းကို ထိခိုက်အောင်လည်း လုပ်နိုင်စွမ်း ရှိပါတယ်။ ငယ်ငယ်လေးနဲ့ ဆံပင်ဖြူပေါက်လာရင် ဒါမှမဟုတ် ထိပ်ပြောင်လာပြီဆိုရင် ဘယ်သူမဆို အနည်းနဲ့အများ ကိုယ့်ကိုယ်ကိုယ် ရှက်တတ်ဖြစ်လာကြတာပါပဲ။

(၃) အရပ်အမြင့်

Photo: Freepik

ယောင်္ကျားလေးအသိုင်းအဝိုင်းမှာ အရပ်ရှည်ခြင်းဟာ ကြံ့ခိုင်ခြင်း ၊ ကြည့်ကောင်းခြင်းနဲ့ ‌‌ယောင်္ကျားပီသခြင်းကို ကိုယ်စားပြုတယ်လို့ ယူဆကြပါတယ်။ အရပ်ရှည်တဲ့အမျိုးသားတစ်ယောက်ဟာ သာမန်အရပ်ခပ်ပျပ်ပျပ်ပဲ ရှိတဲ့ သူတစ်ယောက်ထက် ဆွဲဆောင်မှုပိုရှိသလို လူကြားသူကြားထဲမှာလည်း ထင်ရှားပါတယ်။ ဒါကြောင့်ပဲ အရပ် ၅ ပေ ၇/၈ လောက်မှ မရှိရင် ကိုယ့်ကိုယ်ကိုယ် လူရာမဝင်သလိုလည်း ခံစားကြတာ ဖြစ်ပါတယ်။

(၄) လိင်မှုစွမ်းရည်

Photo: Freepik

အမျိုးသားအတော်များများဟာ အိပ်ရာထဲက ကိစ္စပေါ်မှာလည်း တိတ်တခိုး မလုံခြုံတဲ့စိတ်တွေ ရှိပါတယ်။ လိင်မှုကိစ္စမှာ အမျိုးသားအများစုဟာ ကိုယ့်ရဲ့ စွမ်းရည်ပေါ် ယုံကြည်စိတ်နည်းကြပါတယ်။ တကယ်တော့ လိင်ကိစ္စမှာ ချစ်ခြင်းမေတ္တာက ကိုယ်အင်္ဂါအစိတ်အပိုင်းထက် ပိုပြီး အရေးပါတယ်ဆိုတာ သိထားသင့်ပါတယ်။

(၅) ကိုယ့်ဝင်ငွေ

Photo: Freepik

နောက်ထပ် အဖြစ်များတဲ့ စိတ်မလုံခြုံမှုတစ်မျိုးက ကိုယ်ရှာနိုင်တဲ့ ဝင်ငွေပမာဏနဲ့ ဆိုင်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ ငွေရှာနိုင်တဲ့ ပမာဏဟာ အောင်မြင်မှုကို အဓိကတိုင်းတာတဲ့ ပေတံလိုလည်း ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ သူများနည်းတူ ငွေတွေ အလျှံပယ် မရှာဖွေနိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ရှက်သလိုလို ဖြစ်လာတာပါ။

သိထားဖို့က ငွေဟာ ပင်ကိုယ်သဘောအရ ရှုပ်ထွေးပေမယ့် ရိုးရှင်းတဲ့ စည်းမျဉ်းတချို့လည်း ရှိနေပါတယ်။ တတ်နိုင်သမျှ ရိုးသားစွာနဲ့ ကြိုးစားရှာ ၊ မလိုအပ်တဲ့အခါ ချွေတာသုံးပြီး တတ်နိုင်သမျှ စုဆောင်းပြီး တိုးတက်အောင် ရင်းနှီးမြှပ်နှံသွားဖို့ပဲ လိုပါတယ်။ ကိုယ်ရသလောက်အပေါ်မှာလည်း ကျေနပ်နိုင်မှသာ ပျော်ရွှင်နိုင်မယ်ဆိုတာ မမေ့သင့်ပါဘူး။