ဒီနေ့ kwee page ကနေ ရုပ်ရှင်ဝါသနာအိုတွေကြားက rating အကောင်းဆုံးဇာတ်ကားတွေကို ပရိသတ်တွေအတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။
Inception

Source: Empire
Dom Cobb ဟာသာမာန် သူခိုးတစ်ယောက်မဟုတ်ပါဘူး။ သူ့စီမှာ လူတွေရဲ့အိပ်မက်ထဲကို ဝင်ပြီးလျှို့ဝှတ်ချက်တွေ ခိုးယူနိူင်တဲ့ ရှားပါး အစွမ်းသတ္တိ ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ စွမ်းရည်က သူတို့အဖွဲ့အတွက် အလွန်အရေးပါခဲ့တယ်။ ဒါပေမယ့် ရက်စက်တဲ့လောကကြီးက သူချစ်တဲ့လူကို အဝေးကိုခေါ်ဆောင်သွားခဲ့ပါတယ်။ Inception ဇာတ်ကားဟာ အိပ်မက်မရှိဘဲ အစစ်အမှန်ဆိုတာမရှိတဲ့ အစစ်အမှန်ဆိုတာမရှိဘဲ အိပ်မက်မရှိတဲ့ ကမ္ဘာအသစ် တခုဖန်တီးလိုက်ပါတယ်။
Whiplash

Source: Hollywood Reporter
Andrew Neiman မှာအိပ်မက်တစ်ခုရှိခဲ့တယ်။ အဲ့တာကတော့ အတော်ဆုံး ဂီတသမားတစ်ယောက်ဖြစ်ဖို့ပါပဲ။ ဝါသနာကြီးတဲ့ လူငယ်လေးဟာ နာမည်ကျော်ကြားတဲ့ ဂျတ်ဇ်ဂီတာ ဆရာတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ ဝါသနာကြီးတဲ့ Andrew ကိုသူ့ဆရာက ဘယ်လိုတွေ သင်ကြားပြသပေးမလဲဆိုတာကို ဒီဇာတ်ကားမှာ စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။
The Matrix

Source: ScreenCrush
The Matrix ကိုတော့ပရိသတ်တွေ တော်တော်များများ သိကြမယ်ထင်ပါတယ်။ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး နောက်ဆက်တွဲ ဇာက်ကား (၂) ကားအထိထပ်မံ ရိုက်ကူးခဲ့ရပါတယ်။ ယခုလည်း The Matrix 4 ကိုရုက်ကူးတော့မှာဖြစ်ကြောင်း ကြေညာထားတယ်လို့ သိရပါတယ်။
12 Angry Men

Source: Roger Ebert
ဒီရုပ်ရှင်ဇာတ်ကားဟာ အကယ်ဒမီ ဆုများစွာအတွက် ဆန်ခါတင်စားရင်းမှာပါဝင်ခဲ့သည့်အထိ ကျော်ကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) အတွင်းက အကောင်းဆုံး လှုံ့ဆော်နိုင်သည့် ရုပ်ရှင်အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ နယူးယော့ခ်မြို့ တရားရုံးတခုကနေ စတင်ပါတယ်။ အဲ့ဒီမှာ အသက် (၁၈) နှစ်အရွယ်ကောင်လေးတစ်ယောက်က သူ့အဖေကို ဓားထိုးသတ်ခဲ့မူနဲ့ တရားစွဲခံနေရပါတယ်။ တရားသူကြီးက ရှေ့နေ (၁၂) ယောက်ကို အဆိုပါ အသက် (၁၈) နှစ်အရွယ်ကောင်လေးကို အပြစ်ရှိမရှိ စစ်ဆေးခိုင်းပါတယ်။ ဒီဇာတ်ကားကို Rating (၁) ကနေ (၁၀) ထိအဆင့်သက်မှတ်ခိုင်းမယ်ဆိုရင် (၁၀) အထိကောင်းမွန်တဲ့ ဇာတ်ကားဖြစ်ကြောင်း ရုပ်ရှင်ဝါသနာအိုးတွေက ပြောထားပါတယ်။
The Shawshank Redemption

Source: The Sunday Guardian
အောင်မြင်တဲ့ ဘဏ်မန်နေဂျာတစ်ယောက် သူ့မိန်းမကို သတ်မှုနဲ့ စွပ်စွဲခံခဲ့ရပြီး ထောင်ကျသွားပါတယ်။ အပြင်ပန်းကြည့်ရင်ပျော့ညံ့တယ်လို့ထင်ရတဲ့ သူ့ကိုထောင်ထဲမှာရှိတဲ့ လူတစ်စုက အမြဲတမ်းအနိုင်ကျင့်ပါတယ်။ တစ်နေ့မှာတော့ သူ့မိန်းမကို သတ်တာသူမဟုတ်ဘူးဆိုတာကို သက်သေပြဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် ထောင်မူးရဲ့ကောက်ကျင့်မှုကြောင့် လက်လွတ်ခဲ့ရပါတယ်။ အဲ့ဒီအချိန်ကနေစပြီး ထောင်ဖောက်ပေးဖို့အတွက် ကြံစဉ်ပါတော့တယ်။ ဒီဇာတ်ကားဟာ အကြိမ်ကြိမ်ပြန်ကြည့်ရလောက်အောင်အထိ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
Saving Private Ryan

Source: Wvlt
Captain John H. Miller ဟာ စစ်သား (၈) ယောက်ကို ဦးဆောင်ပြီး ရန်သူတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတွေကို ဖြတ်ကျော်ကာ စစ်ပွဲမှာ ညီအကိုတွေ ကျရှုံးသွားတဲ့ Private James Ryan ဆိုတဲ့လူကို သွားရောက်ရှာဖွေပါတယ်။ ဒီဇာတ်ကားဟာ ဆုများစွာသိမ်းပိုက်ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
