ပုံမှန်အားဖြင့် Suit တွေဟာ လူတိုင်းရဲ့ အဝတ်ဗီရိုမှာ မရှိမဖြစ် ထည့်ထားရတဲ့ ပစ္စည်းတွေ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အလုပ်အကိုင်ကြောင့် ဖြစ်စေ လူမှုရေးအရ ပွဲတက်ရတာမျိုးမှာ ဖြစ်စေ Suit တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလာပါတယ်။
ဒီတစ်ခေါက်မှာတော့ အမျိုးသားတိုင်း ရှိထားသင့်တဲ့ Suit အမျိုးအစားတစ်ချို့အကြောင်းပဲ ဖြစ်ပါတယ်။

(၁) Navy Suit

Photo: namhodynojetcenter

ကြယ်သီးနှစ်လုံးပါ Navy Suit ပြောင်သားထည်တွေဟာ မင်္ဂလာဆောင်တွေ ၊ အလုပ်အင်တာဗျူး နဲ့ အခမ်းအနားပွဲတွေ တက်ရာမှာ ဝတ်ဆင်ဖို့ အကောင်းဆုံးပါပဲ။

(၂) Plain Grey Suit

Photo: Man of Many

ပုံမှန်အားဖြင့် အမှိုင်းသား ပြောင် Suit တွေဟာ သက်လတ်ပိုင်း အရွယ်တွေနဲ့ ပိုပြီး သင့်တော်ပါတယ်။ ပိုပြီး တည်ငြိမ်တဲ့ ပုံစံကို ဖော်နိုင်သလို Casual လည်း ပိုဖြစ်စေပါတယ်။

(၃) Dark Double-Breasted Suit

Photo: suitsexpert

သူကတော့ အနက်ဗြောင် Suit အမျိုးအစား ဖြစ်ပြီး Formal နဲ့ စီးပွားရေးဆိုင်ရာ အစည်းအဝေးတွေမှာ အဝတ်များပါတယ်။ ဘေးဘက်ကို အုပ်ထားတဲ့ ကြယ်သီးနှစ်လုံးတပ်ထားပြီး ဝတ်ဆင်သူရဲ့ ကိုယ်လုံးကို ပိုပြီး သေးသွယ်သယောင် ထင်စေသလို ပိုပြီးလည်း သပ်ရပ်တယ်လို့ မြင်စေပါတယ်။

(၄) The Dinner Suit

Photo: Cad & Dandy

ညစာစားပွဲတွေ တက်ဖို့အတွက် ဝတ်စုံဆိုပေမယ့် ရုံးပါတီနဲ့ သူငယ်ချင်းမင်္ဂလာဆောင် ဒင်နာအတွက်ပါ ဝတ်ဖို့သင့်တဲ့ ဝတ်စုံမျိုးပါ။ လိပ်ပြာတောင်လည်စီးနဲ့ အများဆုံး တွဲဝတ်လေ့ ရှိပါတယ်။

(၅) Summer Suit

Photo: bgfashion

အပေါ့သား လီနင် Suit မျိုး ဖြစ်ပြီး သက်တောင့်သက်သာ ရှိစေဖို့နဲ့ ပေါ့ပါးပြီး စမတ်ကျစေဖို့ ချုပ်ထားတဲ့ ဝတ်စုံဖြစ်ပါတယ်။ Formal ဖြစ်အောင် အောက်မှာ ရှပ်အင်္ကျီ ဗြောင်သားနဲ့ တွဲဝတ်နိုင်သလို ပေါ့ပေါ့ပါးပါး တီရှပ်နဲ့ပါ ဝတ်ဆင်နိုင်မယ့် Suit လည်း ဖြစ်ပါတယ်။

(၆) Check Suit

Photo: Gentleman Fashion

မြင်တွေ့နေကျ Suit တွေနဲ့ ကွဲပြားတဲ့ ဝတ်စုံပါ။ များသောအားဖြင့် နာမည်ကြီးပုဂ္ဂိုလ်တွေ ဖက်ရှင်အနေနဲ့ အဝတ်များပါတယ်။ အကွက်ဒီဇိုင်းဖြစ်ပြီး ကာလာစုံနဲ့ ထွက်ပါတယ်။ ထသွားလာသွား ဝတ်ချင်သူတွေအတွက် အဆင်ပြေတဲ့ ဝတ်စုံလည်း ဖြစ်ပါတယ်။