ဝိုင်ချစ်သူ ယောကျာ်းများအတွက် ဝိုင်သောက်သုံးခြင်းသည် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးများကို ဆောင်ကျဉ်းပေးနိုင်တယ်ဆိုတာကို သိပါသလား။

ဝိုင်သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်ကျစ်လျစ်စေခြင်း၊ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ ကို လျော့ချပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှစ်ပေးခြင်း၊ နှလုံးအားကောင်းစေခြင်း၊ အအေးမိခြင်းမှကာကွယ်ပေးခြင်းနှင့် မှတ်ဉာဏ်စွမ်းရည်ထက်မြက်ခြင်း အစရှိတဲ့ကျန်းမာရေးအကျိုးကျေးဇူးများကို ခံစားရရှိစေပါတယ်။

ဝိုင်သောက်တာတော့ဟုတ်ပါပြီ။ ဝိုင်ကို ဘယ်လိုအစားအစာများနဲ့ တွဲဖက်သောက်သုံးရင် ပိုမိုလိုက်ဖက်သလဲဆိုတာကိုရော သင် သိပြီးပါပြီလား။

Dry White

different types of wine and food combination for men

Photo Source: Delicious.com.au

ဒီဝိုင်အမျိုးအစားကတော့ ဟင်းသီးဟင်းရွက်များ၊ ကြော်ပြီးသား ဟင်းသီးဟင်းရွက်များနှင့် ငါးများနဲ့ တွဲဖက်စားသုံးတဲ့အခါ ပိုမိုလိုက်ဖက်ပါတယ်။

Sweet White

different types of wine and food combination for men

Photo Source: Lovetoknow.com

ဒီဝိုင်အမျိုးအစားနဲ့ဆိုရင်တော့ ချိစ်အပျော့၊ ချိစ်အမာ၊ ဝက်အူချောင်း၊ ကြက်အူချောင်းနှင့် အချိုပွဲများနဲ့ ပိုမိုလိုက်ဖက်ပါတယ်။

ဝိုင်ဖြူ

different types of wine and food combination for men

Photo Source: Thedailymeal.com

ဝိုင်ဖြူနဲ့ဆိုရင်တော့ ချိစ်အပျော့စား၊ ပေါင်မုန့်၊ ငါး၊ ပင်လယ်စာ၊ ကြက်သားတို့နဲ့ တွဲဖက်စားသုံးပါက ပိုမိုလိုက်ဖက်ပါတယ်။

စပါကလင်ဝိုင်

different types of wine and food combination for men

Photo Source: Realsimple.com

စပါကလင်ဝိုင်နဲ့ဆိုရင်တော့ ငါး၊ ချစ်အပျော့စား၊ ဟင်းသီးဟင်းရွက်၊ ပေါင်မုန့်၊ ချိစ်အမာစားတို့နဲ့ ပိုမိုလိုက်ဖက်ပါတယ်။

ဝိုင်နီ (အပျော့)

different types of wine and food combination for men

Photo Source: Hopkinsmedicine.org

ဝိုင်နီအပျော့စားသောက်မယ်ဆိုရင်တော့ ဟင်းသီးဟင်းရွက်ကြော်၊ ပင်လယ်စာနှင့် ကြက်သားတို့နဲ့ လိုက်ဖက်ပါတယ်။

ဝိုင်နီ (အပြင်း)

different types of wine and food combination for men

Photo Source: Medicalnewstoday.com

အပြင်းစား ဝိုင်နီနဲ့ တွဲဖက်စားသောက်ဖို့အတွက်ဆိုရင် ကြက်အူချောင်း၊ ဝက်အူချောင်း၊ အနီရောင်ရှိသော အသားများ၊ ချိစ်အမာစားတို့နဲ့ လိုက်ဖက်ပြီး မပြင်းတပြင်း အလယ်အလတ်ဝိုင်နီနဲ့ဆိုရင်တော့ ချိစ်အမာစား၊ ကြက်သား၊ ဟင်းသီးဟင်းရွက်ကြော်၊ အသားများ၊ ဝက်အူချောင်းတို့နဲ့ လိုက်ဖက်ပါတယ်။

Source: Brightside.me

Featured Image Source: Caffeconcertonepal.com