အားလုံးပဲ မင်္ဂလာပါ။ စကိတ်ဘုတ်စီးတယ်ဆိုတာဟာ အားကစားလို့လဲဆိုနိုင်သလို အဆုံးသတ်မရှိတဲ့အရာတစ်ခုလို့လဲ ဆိုနိုင်ပါတယ်။

ယနေ့ခေတ်လူငယ်လူရွယ်များဟာဆိုရင်လည်း ကိုယ့်မှာရှိတဲ့ အားလပ်ရက်အချိန်လေးတွေကို မရမက ဖဲ့ယူပြီးတော့ စိတ်အပန်းဖြေဖို့အနေနဲ့ စကိတ်ဘုတ်ကို စီးလာကြပါတယ်။

လူကြီးအများစုကတော့ စကိတ်ဘုတ်တွေစီးတာဟာ အလကားသက်သက် အချိန်ဖြုန်းတာဆိုပြီးတော့ မြင်ယူကြပေမယ့် အခုပြောပြပေးသွားမယ့် ကောင်းကျိုးတွေကို ဖတ်ပြီးသွားရင်တော့ ကိုယ့်ရဲ့မိဘတွေကလည်း တားနိုင်တော့မှာမဟုတ်ပါဘူး။

Source: ShareAmerica

ဒါဆိုရင်တော့ စကိတ်ဘုတ်စီးခြင်းကနေပြီးတော့ ကိုယ့်အတွက် ဘယ်လိုကောင်းကျိုးတွေကို ရရှိလာနိုင်မလဲဆိုတာကို အခုပဲသေချာဖတ်ကြည့်လိုက်ရအောင်ပါ။

ကျန်းမာသန်စွမ်းစေခြင်း

Source: redbull.com

စကိတ်ဘုတ်စီးခြင်းဖြင့် ကယ်လိုရီတွေ လောင်ကျွမ်းစေနိုင်သလို ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကိုလည်း ရရှိစေပါတယ်။ ကိုယ့်ရဲ့ကိုယ်ခန္ဓာပုံစံပေါ်မူတည်ပြီးတော့ ကယ်လိုရီ ၁၀၀ ကနေ ၅၀၀ အထိ လောင်ကျွမ်းစေနိုင်ပါတယ်။

ခံနိုင်ရည်စွမ်းအားတိုးလာခြင်း

Source: clicklikethis.com

စကိတ်စစစီးချင်းမှာ မစီးတတ်သေးလို့ ပြုတ်ကျလိုက်၊ ပြန်ထလိုက်၊ ချော်လဲလိုက်နဲ့ တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေအပြည့်ရဖူးကြမှာပါ။ ဒါပေမယ့်လည်း ကိုယ်ဝါသနာပါရာ၊ ကြိုက်နှစ်သက်ရာ အားကစားဖြစ်လို့ ဒဏ်ရာတွေလဲမမှုဘဲ ပြန်ပြီးကြိုးစားရင်းကနေ တဖြည်းဖြည်းနဲ့ ခံနိုင်ရည်လည်း ရှိလာကြပါတယ်။

စိတ်ဖိစီးမှုတွေ ပြေပျောက်စေခြင်း

Source: pixabay.com

ကိုယ်ကာယလှုပ်ရှားပြီး ပြုလုပ်ရတဲ့ အားကစားတွေဟာ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေကို မေ့ပျောက်စေနိုင်တာကြောင့် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်သလိုပါပဲ။ စိတ်ညစ်စရာလည်းပျောက်၊ ပျော်စရာလည်းကောင်းတော့ စကိတ်ဝါသနာပါသူတွေအတွက်တော့ အကောင်းဆုံးပါပဲ။

Featured Image Source: isorepublic.com