သူငယ်ချင်း မိတ်သင်္ဂဟများနဲ့ ဆုံစည်းပွဲ၊ နှစ်ဖက်မိဘ တွေ့ဆုံပွဲ၊ ရိုမန့်တစ်ဆန်တဲ့ ညစာ စားပွဲ စတဲ့ နေ့ထူးနေ့မြတ်တွေ ကျင်းပဆင်နွှဲတဲ့အခါ ကိုယ့်အိမ်မှာ ကျွေးမွေးဧည့်ခံတာထက်စာရင် နာမည်ကြီးစားသောက်ဆိုင်တွေမှာ ကျွေးမွေးဧည့်ခံတာက အလုပ်ရှုပ်သက်သာစေပြီး အမြင်လှစေပါတယ်။

နာမည်ကြီး စားသောက်ဆိုင်များကို ရွေးချယ်တဲ့အခါမှာလည်း သူ့ Theme ၊ ပင်လယ်စာ စားသောက်ဆိုင်လား၊ ထိုင်းအစားအစာတွေကို တည်ခင်းဧည့်ခံတဲ့ စားသောက်ဆိုင်လား၊ ဒါမှမဟုတ် ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်မှာ ဧည့်ခံမှာလား စသည်ဖြင့် ကိုယ့် စိတ်ကြိုက် ရွေးချယ်လေ့ရှိကြပါတယ်။

ကိုယ့်နိုင်ငံတွင်းမှာလည်း နာမည်ကြီး စားသောက်ဆိုင်တွေ အများအပြားရှိသလို တခြားနိုင်ငံတွေမှာလည်း နာမည်ကြီး စားသောက်ဆိုင်တွေ အသီးသီးရှိကြပါတယ်။ သင်သည် ကမ္ဘာလှည့်ခရီးသွားနေတဲ့အချိန်မှာ အခုဖော်ပြပေးမယ့် နိုင်ငံများကို ရောက်ရှိပါက ထိုနိုင်ငံရှိ လူကြိုက်အများဆုံး စားသောက်ဆိုင်ထဲ ဝင်ရောက်ကာ အရသာရှိတဲ့ အစားအစာများကို မြည်းစမ်းကြည့်နိုင်ဖို့ နာမည်ကြီး စားသောက်ဆိုင်အချို့ကို ဝေမျှပေးလိုက်ရပါတယ်။

ဒိန်းမတ်ရှိ Noma စားသောက်ဆိုင်

The World's Best Restaurants

Photo: Truthloveandcleancutlery.com

Noma စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ကတော့ René Redzepi ဖြစ်ပြီး သူသည် ဒိန်းမတ်ရိုးရာအစားအစာများကို သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် တီထွင်ချက်ပြုတ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒီစားသောက်ဆိုင်လေးကတော့ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်ထဲတွင် နံပါတ် (၁) နေရာအဖြစ် မဲပေးခြင်း ခံထားရတာဖြစ်ပါတယ်။

သူ့ရဲ့ဆိုင်တွင်း အပြင်အဆင်လေးကလည်း တကယ့်ကိုမှ နှစ်လိုဖွယ်အတိ ဖြစ်နေတာကို မြင်တွေ့ရပါလိမ့်မယ်။

စင်္ကာပူနိုင်ငံရှိ Odette စားသောက်ဆိုင်

The World's Best Restaurants

Photo: Danielfooddiary.com

ဒီစားသောက်ဆိုင်လေးကိုတော့ Julien Royer ဆိုသူက ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ထိုစားသောက်ဆိုင်တွင် ပြင်သစ်အစားအစာ၊ ဂျပန်အစားအစာနှင့် အရှေ့တောင်အာရှ အစားအစာမျိုးစုံကိုလည်း မြည်းစမ်းကြည့်နိုင်ပါသေးတယ်။

The World's Best Restaurants

Photo: Behance.net

ဆိုင်တွင်း အပြင်အဆင် Decoration များသည် တကယ့်ကိုမှ အနုစိတ်လွန်းလှပြီး အနုပညာလက်ရာမြောက်လွန်းလှတာကြောင့် Luxury ဆန်တဲ့ ခံစားချက်မျိုးကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။

တိုကျိုမြို့ရှိ Den စားသောက်ဆိုင်

The World's Best Restaurants

Photo: Metropolisjapan.com

စားဖိုမှူး Zaiyu Hasegawa သည် အသက် ၁၈ နှစ်ကတည်းက ဟင်းချက်ပညာကို စတင်လေ့လာခဲ့တာဖြစ်ပါတယ်။ ထို့နောက် အသက် ၂၉ နှစ်အရွယ်မှာတော့ Den ဆိုတဲ့ စားသောက်ဆိုင်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ထိုဆိုင်တွင် ဂျပန်ရိုးရာအစားအစာများကို တည်ခင်းဧည့်ခံတာဖြစ်တဲ့အတွက်ကြောင့် ဂျပန်နိုင်ငံသို့ အလည်သွားတဲ့အခါ Den စားသောက်ဆိုင်တွင် ဂျပန်အစားအစာများကို မြည်းစမ်းကြည့်သင့်ပါတယ်။

အီတလီရှိ Lido 84 စားသောက်ဆိုင်

The World's Best Restaurants

Photo: The-talks.com

စားသောက်ဆိုင်လေးသည် အီတလီနိုင်ငံမြောက်ပိုင်းရှိ Garda လို့အမည်ရသော ရေကန်နားတွင် တည်ထောက်ထားတာဖြစ်တဲ့အတွက်ကြောင့် အရသာရှိတဲ့ အစားအစာများကို စားသုံးရင်း ရိုမန့်တစ်ဆန်တဲ့ ရှုခင်းလေးကိုလည်း ကြည့်ရှုခံစားနိုင်ပါတယ်။ ပင်လယ်စာ ကြိုက်နှစ်သက်သူများကလည်း ပင်လယ်စာ စားသုံးနိုင်ပြီး အီတလီရိုးရာအစားအစာများကိုလည်း အရသာရှိရှိ သုံးဆောင်နိုင်ပါသေးတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Sühring စားသောက်ဆိုင်

The World's Best Restaurants

Photo: Restaurantsuhring.com

ဒီစားသောက်ဆိုင်ကိုတော့ အမြွှာညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Mathias နဲ့ Thomas Sühring တို့က ဦးစီးဦးဆောင်ပြုကာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဂျာမနီအစားအစာ၊ အီတလီအစားအစာ၊ နယ်သာလန်အစားအစာနှင့် ထိုင်းအစားအစာတို့ကို တစ်နေရာတည်းမှာ မြည်းစမ်းသုံးဆောင်နိုင်တာဖြစ်ပါတယ်။

The World's Best Restaurants

Photo: Theworlds50best.com

ဆိုင်အပြင်အဆင်ကလည်း ခမ်းနားတင့်တယ်လှပပြီး အစားအသောက်ကလည်း အရသာရှိလွန်းလှတဲ့အပြင် Plating အပြင်အဆင်ပိုင်းကလည်း စားရမှာကိုတောင် နှမြောတဲ့အထိ ခံစားသွားရစေပါလိမ့်မယ်။

Source: Theworlds50best.com