အမေရိကန် မဂ္ဂဇင်းတခုဖြစ်တဲ့ Forbes ကကမ္ဘာ့အချမ်းသာဆုံးကစားသမား အယောက် ၁၀၀ကိုစာရင်းပြုစုထားပါတယ်။ ကစားသမားတစ်ဦးချင်းစီရဲ့ လစာ၊ ဆုကြေး၊ ပုံရိပ်အသုံးပြု မှုတွေအပေါ်မှုတည်ပြီး ဒီစာရင်းကို ပြုစုထားတာပါ။ ဒီတော့ယခုဆောင်းပါးလေးကနေ ဒီနှစ်အတွက်ကမ္ဘာ့အချမ်းသာဆုံး အားကစားသမား စာရင်းဝင်သူ ၅ ယောက်ကို ပြောပြပေးသွားမှာပါ။

(၁) Lionel Messi

Lionel Messi

Photo : We Futbol Fans

အာဂျင်တီးနားနဲ့ဘာစီလိုနာ ကစားသမား မက်ဆီဟာဆိုရင် ကမ္ဘာပေါ်မှာ လစာငွေအများဆုံးရရှိနေတဲ့ ကစားသမားတစ်ဦးပါ။ စပွန်ဆာအပါအဝင် Adidas, MasterCard, Gatorade, Huawei, PepsiCo နဲ့ တခြားအဖွဲ့အစည်းတွေဆီကနေရရှိခဲ့တဲ့ ပုံရိပ်အသုံးပြုခတွေပေါင်းလိုက်ရင် ဒေါ်လာ ၁၂၇ သန်းအထိ ပြီးခဲ့တဲ့နှစ်ကဝင်ငွေရရှိခဲ့ပါတယ်။၂၀၁၆ ခုနှစ်ကတော့ ရော်နယ်ဒိုက ဝင်ငွေအများဆုံး ဖြစ်ခဲ့ပြီးတော့ မက်ဆီက ဒုတိယနေရာမှာပဲ ရှိနေခဲ့တာပါ။ ၁၉ နှစ်တာကာလအတွင်း ဝင်ငွေအများဆုံး ပထမနေရာကို ဂေါက်စားသမား Tiger Woods က ၁၂ ကြိမ်အထိ ရက်တည်နိုင်ခဲ့ပြီးတော့ အများဆုံးစံချိန်တင်ထားပါတယ်။ သူ့နောက်မှာတော့ အမေရိကန် လက်ဝှေ့သမား Floyd Mayweather ကလေးကြိမ် နဲ့ ရော်နယ်ဒို ၂ ကြိမ် စီရရှိထားပါတယ်။ ဒီနှစ်မှာက မက်ဆီကရရှိထားပါတယ်။

(၂) Cristiano Ronaldo

Cristiano Ronaldo

Photo : Sports Illustrated

ပေါ်တူဂီနဲ့ဂျူဗီတပ်တိုက်စစ်မှုး ရော်နယ်ဒိုကတော့ အရင်နှစ်က ဝင်ငွေအများဆုံးဖြစ်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ မက်ဆီရဲ့နောက် ဒုတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။သူရဲ့ တစ်နှစ်ဝင်ငွေကတော့ လစာ၊ ပုံရိပ်အသုံးပြုခ နဲ့ တခြား စပွန်ဆာတွေက ရရှိတာတွေပေါင်းလိုက်ရင် ဒေါ်လာ ၁၀၉ သန်း ရှိပါတယ်။ရော်နယ်ဒိုဟာ မကြာသေးခင်ကမှ UEFA Nations League ဖလားကို ပေါ်တူဂီအသင်းနဲ့ ရရှိထားတဲ့သူပါ။ဒါက သူရဲ့နှစ်ကြိမ်မြောက် နိုင်ငံတကာ ဖလားရရှိခြင်းလည်းဖြစ်ပါတယ်။ ဂျူဗီတပ်အသင်းဟာ ရော်နယ်ဒိုပြောင်းရွှေ့လားပြီး တရက်အတွင်းမှာပဲ သူ့ရဲ့ဂျာဆီ ၅၂၀၀၀၀ သိန်းကို ရောင်းချခဲ့ရပါတယ်။ ဒါကပထမရက်အတွင်းမှာပဲ ရော်နယ်ဒိုက အသင်းအတွက် ဒေါ်လာ သန်း ၆၀ ရှာဖွေပေးခဲ့တယ်လို့ပြောလို့ရပါတယ်။ ရော်နယ်ဒိုဟာ social media မှာလည်း follower အများဆုံး ဆယ်လီတွေထဲမှာ ပါဝင်ပါတယ်။ လက်ရှိ Instagram မှာ follower လုပ်သူ သန်း ၄၀၀ ကျော် ရှိပြီးတော့ ဆက်လတ်ပြီး မြှင့်တတ်လာနေတုန်းပါ။

(၃) Neymar

Neymar

Photo : 24Horas.cl

မက်ဆီရဲ့အသင်းဖော်ဟောင်း လက်ရှိ PSG တိုက်စစ်မှုး နေမာဟာ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၀၅ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါကဘရာဇီး အားကစားသမားတွေရဲ့ပထမဆုံး ဝင်ငွေအများဆုံး သုံးဦးစာရင်းမှာ ပါဝင်လာခြင်းပါပဲ။၂၀၁၇ကဘာစီလိုနာအသင်းကနေ PSG အသင်းကိုပြောင်းရွှေ့သွားတဲ့ နေမာဟာ သမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားအဖြစ်ရပ်တည်နေပါတယ်။ သူဟာ DAZN, Beats Electronics, Electronic Arts, Gillette, Mastercard, McDonald’s, Nike, Red Bull, TCL အပြင် တခြားအဖွဲ့အစည်းတွေနဲ့လည်း စပွန်ဆာစာချုပ်တွေ ချုပ်ဆိုထားတဲ့သူပါ။

(၄) Canelo Alvarez

Photo : LaptrinhX

Canelo Alvarez ဟာလက်ရှိမှာ လက်ဝှေ့လောကရဲ့ ဝင်ငွေအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ သူဟာ လက်ရှိ နံပက် ၁ နေရာမှာ ရပ်တည်နေတဲ့ မက်ဆီကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ နံပက် ၄ နေရာမှာပဲ ရပ်တည်နိုင်ခဲ့တာပါ။ Alvarez ဟာ DAZN နဲ့ Everlast အဖွဲ့အစည်းကနေ ကြေညာခ ဒေါ်လာ ၂ သန်းရရှိနေပါတယ်။ လစာနဲ့ ပွဲကစားကြေးတွေပေါင်းလိုက်ရင် တနှစ်ကို ဒေါ်လာ ၉၄ သန်း ရရှိနေတာပါ။

(၅) Roger Federer

Roger Federer 

Photo : The Japan Times

ဝင်ငွေအများဆုံး ကစားသမား နံပါတ် ၅ နေရာမှာရပ်တည်နေတဲ့သူကတော့ အကောင်းဆုံးတင်းနစ်ကစားသမား Roger Federer ပဲဖြစ်ပါတယ်။ အဆိုပါ ဆွစ်ဇလန်နိူင်ငံသားဟာ က စားသမားဘဝတလျှောက် ဆုကြေးငွေ ဒေါ်လာ ၁၂၄ သန်း အထိရရှိခဲ့တယ်လို့သိရပါတယ်။Federer ဟာ Credit Suisse, Mercedes-Benz နဲ့ Rolex တို့ဆီကနေ့တနှစ်ကို ဒေါ်လာ ၈၆ သန်းခန့် ရရှိနေတာပါ။ ဒါတွေကပဲ သူ့ကို ဝင်ငွေအကောင်းဆုံး တင်းနစ်ကစားသမားဖြစ်လာစေတာပါ။ပြီးခဲ့တဲ့နှစ်က ဂျပန် ကုမ္ပဏီတခုဖြစ်တဲ့ Uniqlo နဲ့ Federer ဟာ ဒေါ်လာ ၃၀၀ တန်စာချုပ်တရပ် ချုပ်ဆိုခဲ့ပါသေးတယ်။ အဆိုပါတင်းနစ် ကစားသမားဟာ ဒေါ်လာ သန်း ၄၀ မတည်ပြီးတော့ Roger Federer Foundation တည်ထောင်ပြီး ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူပါ။အာဖရိကမှာ ရှိတဲ့ ကလေးတွေရဲ့ ပညာရေးအတွက်လည်း တနှစ်ကို ဒေါ်လာ ၁ သန်းခန့် နှစ်စဉ်အသုံးပြုနေတဲ့သူပါ။