ကမ္ဘာပေါ်မှာ ရေချို၊ ရေငန်တွေမှာ နေထိုင်ကျက်စားနေကြတဲ့ ငါးမျိုးစိတ်ပေါင်း (၃) သောင်းကျော်ရှိပါတယ်။ ဒီလို ငါးမျိုးစိတ် ၃ သောင်းကျော်ထဲမှာမှ အံ့မခန်းဖွယ်ရာ လှပတဲ့ငါးမျိုးစိတ်တွေ အများကြီးရှိကြပေမဲ့ ကြောက်စရာကောင်းပြီး အန္တရာယ်များတဲ့ တခြား ငါးမျိုးစိတ်တွေရှိပါသေးတယ်။ ဒီနေ့ kwee page ကနေ အန္တရာယ်များတဲ့ ငါးတွေအကြောင်း ပြောပြပေးသွားမှာပါ။

Electric Eel (လျှပ်စစ်ငါးရှဉ့်)

Source: Blogionik

လျှပ်စစ်ငါးရှဉ့်တွေက လူတစ်ယောက်ကို ကောင်းကောင်းဓာတ်လိုက်သွားအောင်  လျှပ်စစ်ထုတ်နိုင်တဲ့အစွမ်းသတ္တိပိုင်ဆိုင်ထားကြတယ်။ လျှပ်စစ်ငါးရှဉ့်တွေဟာ Electrophorus  electricus မျိုးစိတ်ထဲကဖြစ်ပြီး တောင်အမေရိရေချိုဒေသတွေမှာ နေထိုင်ကြပါတယ်။ လျှပ်စစ်ငါးရှဉ့်တွေဟာ ဖြည်းညင်းစွာသွားလာလှုပ်ရှားလေ့ရှိပြီး အသက်ရူဖို့ ရေမျက်နှာပြင်ပေါ်ကို  မကြာခဏ တက်လာလေ့ရှိပါတယ်။ လျှပ်စစ်ငါးရှဉ့်ရဲ့  အမြီးမှာ လျှပ်စစ်ထုတ်လုပ်တဲ့အင်္ဂါတွေပါဝင်ပြီး ဗို့အား (၃၀၀) ကနေ (၆၅၀) အထိထုတ်လုပ်နိုင်ကာ ဒီပမာဏဟာ လူတစ်ယောက်ကို ကောင်းကောင်းဓာတ်လိုက်စေနိုင်ပါတယ်။ ဒါ့အပြင့် ဒီလျှပ်စစ်ထုတ်နိုင်တဲ့အမြီးကို အသုံးပြုပြီး သူတို့ဟာ မျိုးနွယ်တူလျှပ်စစ်ငါးရှဉ့်အချင်းချင်း  ဆက်သွယ်နိုင်ကြပါသေးတယ်။

Atlantic Manta (အတ္တလန္တိတ် ငါးလိပ်ကျောက်)

Source: Britannica

အတ္တလန္တိတ် ငါးလိပ်ကျောက်တွေဟာ အလျားထက် အနံက ပိုရှည်ပြီး သူ့ရဲ့  ရင်ဘတ်ပိုင်းအရေပြားရေယက်များဟာ ဘေးနှစ်ဖက်ကို ပြန့်ကားနေပြီး အတောင်ပံပုံစံနဲ့ တူပါတယ်။ မကောင်းဆိုးဝါး ဦးချိုနဲ့တူတဲ့ သူ့ရဲ့ ဦးခေါင်းရေယက် နှစ်ခုက ခေါင်းအရှေ့မှာ ထွက်နေပါတယ်။ သူရဲ့ ကျာပွတ်နဲ့တူနဲ့ အဆိပ်ဆူး အမြီးကြောင့် အန္တာရယ်များတဲ့ ငါးတွေစာရင်းမှာပါဝင်နေတာပါ။ တစ်ချို့ မျိုးစိတ်တွေမှာ အဆိပ်ဆူးက တစ်ချောင်းမကပါဘူး။ ငါးလိပ်ကျောက်အကြီးဆုံးကတော့ ၇ မီတာ (၂၃ပေ) အထိကြီးထွားနိုင်ပြီး ရန်လိုတဲ့ ငါးမျိုးတော့မဟုတ်ပါဘူး။

puffer (ငါးပူတင်း)

Source: Britannica

ပူတင်းငါးမျိုးဟာ မျိုးစိတ်ပေါင်း (၉၀) ကျော်ရှိပါတယ်။ ငါးပူတင်းတွေဟာ ရန်သူနဲ့ တွေ့တဲ့အခါမှာ သူတို့ခန္ဓာကိုယ်ထဲကို လေနဲ့ရေကို မှုတ်သွင်းပြီး ဘောလုံးတစ်လုံးလို ဖြစ်အောင်လုပ်လေ့ရှိပါတယ်။ ငါးပူတင်းတွေရဲ့ ခန္ဓာကိုယ်က ဆူးငယ်တွေပါပြီး ငါးပူတင်းတစ်ကောင်ဟာ (၉၀) စင်တီမီတာ အထိ ကြီးထွားနိုင်ပေမဲ့ အများစုကအရွယ်အစားသေးကြပါတယ်။ ငါးပူတင်းတွေရဲ့ ကလီစာတွေထဲမှာ tetraodontoxin လို့ခေါ်တဲ့ ပြင်းထန်တဲ့ neurotoxin အဆိပ်တွေရှိပါတယ်။ ဒီအဆိပ်ဟာ လူတွေကို သေစေနိုင်ပေမဲ့ ပြင်ဆင်ပြီး ချက်ပြုတ်တက်ရင် အန္တရာယ်ကင်းပါတယ်။

Moray eel  (မိုရေး ငါးရှဉ့်)

Source: No Troubles Just Bubbles

မိုရေး ငါးရှဉ့် တွေဟာ သန္တာကျောက်တန်းတွေနဲ့ ကျောင်ဆောင် အက်ကွဲကြားမှာ နေထိုင်ကြလေ့ရှိပါတယ်။ မိုရေးငါးရှဉ့် တွေရဲ့ အရေပြားတွေက ထူပြီး ချောမွေ့ကာ အကြေးခွံတွေမရှိကြပါဘူး။ မိုရေးငါးရှဉ့် တွေရဲ့ မေးရိုးတွေဟာ သန်မာပြီးချွန်ထက်တဲ့ သွားများနဲ့ သားကောင်ကို  ကိုက်ခဲပြီး ဖမ်းထားနိုင်ကြပြီး ဒဏ်ရာပြင်းထန်စွာဖြစ်စေနိုင်တာကြောင့် အန္တရာယ်ရှိတဲ့ ငါးစာရင်းမှာပါဝင်နေတာပါ။ မိုရေးငါးရှဉ့် တွေဟာ လူတွေလာနှောင့်ယှက်တဲ့အချိန်မှသာ ပြန်တိုက်ခိုက်တတ်ကြပြီး လူကိုသေစေနိုင်ပါတယ်။ မိုရေးငါးရှဉ့် တွေကို တစ်ချို့နေရာတွေမှာ ဟင်းလျာအဖြစ်စားသုံးကြပေမဲ့ သူတို့ရဲ့ အသားဟာ အဆိပ်ရှိပြီး တစ်ခါတစ်ရံမှာ လူကိုသေစေနိူင်သည့်အထိ ပြင်းထန်ပါတယ်။

Great White Shark (ငါးမန်းဖြူ)

Source: Carbon-Brief

ငါးမန်းဖြူတွေဟာ မျိုးစိတ် Carcharodon  carcharias ထဲမှာပါဝင်ပြီး ငါးမန်းအမျိုးအစားတွေထဲမှာ ခွန်အားအကြီးဆုံးနဲ့ အန္တရာယ်အပေးနိုင်ဆုံး ငါးမန်းမျိုးလည်း ဖြစ်ပါတယ်။ ငါးမန်းဖြူတွေဟာ  သူတို့ကျက်စားရာဒေသတွေမှာ ရေလာကူးကြတဲ့သူတွေ၊ ရေငုပ်သမားတွေနဲ့ လှေငယ်လေးတွေကိုတောင်တိုက်ခိုက်တက်ကြတယ်။