ထိုင်ဝမ်နိုင်ငံက စားသောက်ဆိုင်တွေကို အပြင်အဆင်တွေကြောင့် ပုံမှန်တွေ့နေကျ ဆိုင်တွေနဲ့ မတူဘဲ မူရင်းပုံစံ မပျက်မှီငြမ်းယူထားတာတွေကြောင့် လူသိများထင်ရှားကြပါတယ်။ တစ်ချို့ စားသောက်ဆိုင်တွေဆိုရင် တိရိစ္ဆာန်တွေ (သို့) ကျော်ကြားတဲ့ ဓလေ့ထုံးစံတွေနဲ့ အလှဆင်ထားလေ့ရှိပါတယ်။

Oia Cafe

Source: Swirled

ဒီကော်ဖီဆိုင်ရဲ့ ထူးခြားချက်ကတော့ alpaca လို့ခေါ်တဲ့ အမွေးထူ ကုလားအုတ်တွေကို စားသောက်ခန်းမထဲမှာ လွတ်လွတ်လပ်လပ်သွားလာခွင့် ပြုထားတာပါပဲ။ ဆိုင်တွင်းမှာ လာရောက်စားသောက်တဲ့ လူတွေကိုလည်း အဆိုပါ ကုလားအုတ်ကို ပွတ်သပ်ခွင့်ပေးထားတဲ့အပြင် အစာကြွေးလို့လည်း ရပါသေးတယ်။ ပြီးတော့ ဓာတ်ပုံရိုက်လို့လည်း ရပါသေးတယ်။

Alice is Coming

Source: Avenue One

ဒီဆိုင်ကတော့ လာရောက်စားသောက်တဲ့လူတိုင်းကို “Alice in Wonderland” ရုပ်ရှင်ထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစားမိစေပါတယ်။ တစ်ဆိုင်လုံးကို “Alice in Wonderland” ထဲက ပုံစံတွေအတိုင်း ပြင်ဆင်ထားတဲ့အပြင် ဆိုင်ဝန်ထမ်းတွေကအစ Alice လို ဝတ်ဆင်ထားကြပါတယ်။

Carton King Creative Park

Source: Chiness Cuisines

ပထမဆုံးဆိုင်လေးကတော့ ထူးထူးခြားခြား တစ်ဆိုင်လုံးကို ကတ်ထူစက္ကူတွေနဲ့ အလှဆင်ထားတာပါ။ စားပွဲ၊ ထိုင်ခုံကအစ တန်ဆာဆင်ထားတဲ့ တိရိစ္ဆာန်ပုံတွေ၊ ကမ္ဘာပေါ်က အထင်ကရနေရာတွေ အားလုံးကို ကတ်ထူသားတွေသုံးပြီး ပြုလုပ်ထားတာပါ။

ထိုင်ဝမ်နိုင်ငံ အနောက်ပိုင်း၊ စက်မှု့မြို့တော် Taichung မှာရှိတဲ့ ဒီဆိုင်လေးမှာ မှာယူထားတဲ့ အစားအစာတွေက အစ ကတ်ထူစက္ကူနဲ့ လုပ်ထားတဲ့ ပန်းကန်လုံး၊ ပန်ကန်ပြားတွေနဲ့ တည်ခင်းမှာဖြစ်ပါတယ်။ စားသောက်ပြီးရင်လည်း ဆိုင်အပြင်ဘက်က ပန်းခြံလေးထဲမှာ Eiffel Tower, Pisa Tower, Big Ben တို့လို ကမ္ဘာကျော်အထင်ကရ နေရာတွေအပြင် ကတ်ထူ တိရိစ္ဆာန်ပုံလေးတွေနဲ့လည်း ဓာတ်ပုံတွေရိုက်နိုင်ပါသေးတယ်။

Hello Kitty Shabu-Shabu

Source: La Jolla Mon

မိုးအေးအေးနဲ့ ဟော့ပေါ့စားချင်တဲ့ Hello Kitty ခရေဇီတွေအတွက်တော့ အဆင်ပြေမယ့် နေရာလေးပါ။ တစ်ဆိုင်လုံးကို Hello Kitty Theme တွေ ပါအောင် ပြင်ဆင်ပေးထားသလို အစားသောက်တွေကအစ Hello Kitty တွေနဲ့ ပုံဖော်ထားတာပါ။ ထိုင်ခုံနဲ့ ဘေးနံရံဒီဇိုင်းတွေကိုပါ Hello Kitty ချစ်သူတွေ သဘောကျ ကျေနပ်စေမှာပါ။

အစားသောက်တွေနဲ့ ပေးရတဲ့ဈေးနဲ့ တန်တဲ့ အစားသောက်ကောင်းတွေ ရှိလို့ စိတ်ကျေနပ်တဲ့အပြင် Hello Kitty ချစ်သူတိုင်း သွားရောက်သင့်တဲ့ဆိုင်အဖြစ် ဖောက်သည်တွေဆီကနေ ထောက်ခံချက်တွေ ရထားပါသေးတယ်။