ဟောလိဝုဒ်ရုပ်ရှင်တွေဟာ များသောအားဖြင့် အဓိကသရုပ်ဆောင်တွေကို ဇာတ်လမ်းကာရိုက်တာနဲ့ ပြင်ပပုံစံ လုံးဝကွဲပြားသွားအောင် ထူးဆန်းတဲ့ပုံတွေ၊ ရုပ်ဆိုးတဲ့ပုံစံတွေ ဖန်တီးရိုက်ကူးတာ နှစ်သက်ကြပါတယ်။ ဒါ့ပေမယ့် မိတ်ကပ်ပြန်ဖျက်လိုက်တဲ့အခါ ဒီလိုဇာတ်ကောင်မှာသရုပ်ဆောင်တဲ့ မင်းသမီးတွေဟာ ဇာတ်ကောင်နဲ့လုံးဝမတူဘဲ တော်တော်လှပတာကို တွေ့ရမှာပါ။ ဒါက ဇာတ်လမ်းနဲ့ဇာတ်ကောင်စရိုက်ကို ပိုကြည့်ချင်အောင် ဆွဲဆောင်မှုရှိတာတွေ့ရပါတယ်။ ကဲ ဒါဆို လှပတဲ့မင်းသမီးလေးတွေနဲ့ သူတို့ရဲ့ထူးထူးခြားခြား ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ရုပ်တွေကို ကြည့်ရအောင်ပါ။

(၁) America Ferrera – Betty Suarez

မင်းသမီး America Ferrera ပါဝင်သရုပ်ဆောင်ထားတဲ့ Ugly Betty ရုပ်သံစီးရီးဟာဆိုရင် အမေရိကန် လုပ်ငန်းခွင်အသိုင်းအဝိုင်းကို အမြင်သစ်တွေရစေခဲ့ပါတယ်။ သူမရဲ့ Betty Wuarez ကာရိုက်တာက အကျင့်စာရိတ္တအလွန်ကောင်းမွန်ပြီး အလုပ်ကြိုးစားတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မသပ်မရပ်ဆံပင်၊ မျက်နှာထူထူနဲ့ သွားမှာလဲအထိန်းတပ်ထားပြီး ခပ်ကြောင်ကြောင်အမူအရာနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအဆုံးမှာတော့ သူမကိုယ်သူမပြောင်းလဲမှုတွေ လုပ်နိုင်ခဲ့တာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။

(၂) Taryn Manning – Tiffany Doggett

နာမည်ကြီးမင်းသမီးတဦးဖြစ်တဲ့ Taryn က Orange is the new black ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ဇာတ်ကောင်က အနောက်ပန်နင်ဆူလာအရပ်ကလာတဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ပါဝင်ထားတာပါ။ ဒါပေမယ့်လည်း ထုံးစံအတိုင်းမိတ်ကပ်ပြုလုပ်ချက်တွေနဲ့ ရုပ်ဆိုးအောင်ပြုလုပ်ထားပြီး သွားတွေကိုပါ ဖျောက်ထားပါတယ်။

(၃) Elisabeth Moss – Peggy Olson

မင်းသမီး အဲလ်စဘတ်ကတော့ Mad Men ရုပ်သံဇာတ်လမ်းမှာ ရိုးသားပြီးမပြင်တတ်မဆင်တတ်နဲ့ လုပ်ဖော် ကိုင်ဖက်တွေအမြင်စောင်းတာကိုခံရတဲ့ အတွင်းရေးမှူးမလေး Peggy Olson အဖြစ်ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်းထဲမှာဆိုရင် မင်းသမီးရဲ့ပုံစံကရိုးလွန်းလွန်းလို့ လုပ်ဖော်ကိုင်ဘက်တွေက ဘယ်လိုပြောင်းလဲနေထိုင်သင့်တယ်ဆိုတာ ဝိုင်းပြောကြတဲ့အထိပါပဲ။

(၄) Naomi Grossman – Pepper

နာမည်ကျော် American Horror Story ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်တဲ့ မင်းသမီး Naomi Grossmanရဲ့ Pepper ဇာတ်ကောင်က လူသိများခဲ့ပါတယ်။ သူမဟာ ဒီရုပ်သံဇာတ်လမ်းတွဲအတွက် ဦးခေါင်း ပြောင်ပြောင်ရဖို့ သူမရဲ့ဆံပင်ကိုရိတ်ခဲ့ရပါတယ်။ တခြားရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် Peper ဇာတ်ကောင်ကတော့ သူမကိုလူတွေအမြဲမှတ်မိနေမယ့် ဇာတ်ကောင်ပဲဖြစ်ပါတယ်။