မိန်းကလေးတွေက ဆွဲဆောင်မှုမရှိဘူးလို့ ထင်သွား စေမဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပါ။ ဒီအချက်လေးတွေကို အတတ်နိုင်ဆုံး မလုပ်မိအောင် ရှောင်ရှားနိုင်အောင်ကြိုးစားပါ။

ဟာသဉာဏ်မရှိတာ

 emotional young female and male gesturing and grimaci

Photo : Unsplash

လေ့လာသူတွေကတော့ ဟာသဉာဏ်ရှိတဲ့ သူတွေက မာနကြီးတဲ့သူတွေထက် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။ဟုတ်ပါတယ်။ သူငယ်ချင်းအုပ်စု တခုထဲမှာ ဟာသညဏ် ရှိတဲ့သူတစ်ယောက်ယောက်ရှိမှ ပျော်ဖို့ကောင်းတာပါ။ မိန်းကလေးတယောက်ကိုချဉ်းကပ်ဖို့ဆိုရင် အငြိမ့်တွေထဲကလူပြတ်တွေလို မဟုတ်ရင်တောင် စကားပြောရင်း အရွှန်းဖောက်တတ်ဖို့ လိုအပ်ပါတယ်။

ကောင်မလေးအချစ်ကိုရဖို့ အရမ်းကြိုးစားတာ

Laughing indoors talking two female

Photo : Shutterstock

တချို့မိန်းကလေးတွေက သူတို့ကိုလာပြီး ကြူနေတဲ့ ကောင်လေးတွေကို ကြိုးရှည်ရှည်နဲ့ လှန်ထားတာက ယောက်ကျားလေးတွေရဲ့စိတ်ဝင်စားမှုကို ပိုပြီးရရှိစေတယ်လို့ပါ။ ဒါမှ မဟုတ် ခဏခဏလိုက်ပြီး စကားပြောနေတာ မကြိုက်လို့လည်းဖြစ်နိုင်ပါတယ်။ကွီးတို့အနေနဲ့ ဘယ်အချိန်ရပ်ရမလဲဆိုတာ သိရပါမယ်။ မိန်းကလေးတစ်ယောက်ရဲ့အချစ်ကိုရဖို့ နေ့ညမအား ကြိုးစားနေတာ အဖြေတစ်ခုမဟုတ်ပါဘူး။ တဖက်မိန်းကလေးအတွက် စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ပြီးတော့ ကွီးတို့ကို အလုပ်မရှိအားနေတဲ့သူ လို့ထင်သွားပါလိမ့်မယ်။

တစ်ယောက်တည်းနေတာ

man thinking at office

Photo : Medical News Today

တစ်ယောက်တည်းနေတာက ကျန်းမားရေးနဲ့စိတ်ခံစားမှုတချို့အတွက် ကောင်းကျိုးတွေရှိတာအမှန်ပါ။ဒါပေမဲ့ ကိုယ့်ရဲ့လက်တွဲဖော်ကိုရှာတော့မယ်ဆိုရင်တော့ ဒီလိုနေတာ အခက်အခဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ လေ့လာသူတွေကတော့  သူငယ်ချင်းအဖွဲ့ တွေနဲ့ အချိန်ဖြုန်းတဲ့တတ်တဲ့ သူတွေက အများအမြင်မှာပိုပြီး ကြည့်ကောင်းတယ်လို့ပြောထားပါတယ်။

အိပ်ရေးဝ ဝမအိပ်တာ

Tired asian man sleeping at office desk

Photo : Freepik

မိန်းကလေးတစ်ယောက်ကို လိုက်ဖို့ အိပ်ရေးဝဝ အိပ်တာနဲ့ ဘာဆိုင်လို့လဲဆိုပြီး ထင်ကောင်းထင်နေပါလိမ့်မယ်။ အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုးတွေကို ကွီးတို့တော်တော်များများ သိကြမယ်ထင်ပါတယ်။ မျက်လုံးနီတာ၊ မျက်နှာဖောင်းပွလာတာ သို့ မျက်နှာကျသွားတာ၊ အသားအရေ မွဲခြောက်သွားတာတွေက အိပ်ရေး မဝခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါ။

ဒါကြောင့်ဆရာဝန်တွေက အိပ်ချိန်နည်းတဲ့ သူတွေက ဆွဲဆောင်မှု နည်းတယ်လို့ပြောကြတာထင်ပါတယ်။တရက်ကို ၇-၈ ထိအိပ်ပြီး ကွကိုယ် ဆွဲဆောင်မှု ရှိအောင်နေကြဖို့တိုက်တွန်းလိုက်ပါတယ်။