၂၀၂၀ ကတော့ လူအတော်များများ သိပ်ဟန်မကျခဲ့တာ အားလုံးပဲ အသိဖြစ်ပါတယ်။ ဒီနှစ်မှာ ပျော်ရွှင်ခြင်း ၊ ကျန်းမာခြင်းနဲ့ ချမ်းသာမှုတို့ ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဗေဒင်နက္ခတ်တွေ သိပ်ဝါသနာကြီးပြီး မှန်တတ်တဲ့ အိန္ဒိယဘက်ကတော့ အခုပြောမယ့် ရာသီဖွားတွေက ဒီနှစ်ထဲမှာ ကံကောင်းကြမယ်လို့ ဆိုပါတယ်။

(၁) Libra

Photo: stylecaster

စက်တင်ဘာ ၂၃ နဲ့ အောက်တိုဘာ ၂၂ ရက်နေ့အကြား မွေးဖွားတဲ့ တူရာသီ (Libra) ရာသီခွင်တွေဟာ ဒီနှစ်ထဲ အခွင့်အလမ်းနဲ့ ကြီးပွားရေးလမ်းစပေါ်ပေါက်လာဖို့ ရှိပါတယ်။ နှစ်သစ်ကူးမှာ ရာထူးတိုးမှုနဲ့ အလုပ်အကိုင်ကောင်းတွေ ရဖို့လည်း အခွင့်အလမ်းများတယ်လို့ ဆိုပါတယ်။ အိမ်ထောင်ပြုမယ့်သူတွေအတွက် ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်သလို အချစ်ရေးလည်း ကံကောင်းမယ့်နှစ်ဖြစ်ဖို့ ရှိပါတယ်။

(၂) Taurus

Photo: Freepik

၂၀၂၁ ခုနှစ်ဟာ ဧပြီလ ၂၀ ရက်ကနေ မေလ ၂၀ ရက်အတွင်း‌ မွေးကြတဲ့ ပြိဿရာသီဖွားတွေ ငွေဝင်မယ့်နှစ် ဖြစ်မယ်လို့ ဆိုပါတယ်။ အလုပ်အကိုင် လမ်းကြောင်းတွေ ဖြောင့်တန်းတဲ့အထဲမှာ ကံအလိုက်ဆုံးနှစ်က ဧပြီ ၊ မေနဲ့ ဖေဖော်ဝါရီလတို့ ဖြစ်မယ်လို့လည်း ဆိုပါတယ်။ ပြိဿဖွားတွေအတွက် ကံကောင်းစေမယ့်ဂဏန်းဟာ 7,9,8,46 နဲ့ 69 တို့ ဖြစ်မှာပါ။

(၃) Scorpio

Photo: The Sun

အောက်တိုဘာ ၂၃ နဲ့ နိုဝင်ဘာ ၂၁ ရက်အကြား မွေးဖွားကြတဲ့ ဗြိစ္ဆာရာသီဖွားတွေကလည်း ဒီနှစ်ထဲ ကံကောင်းဖို့ ရှိပါတယ်။ ဒီနှစ်သစ်ဟာ ဗြိစ္ဆာရာသီဖွားတွေအတွက် ငြိမ်းအေးမှု ၊ ကျက်သရေတိုးမှုနဲ့ ကြီးပွားတိုးတက်မှုတွေ ရမယ့်နှစ်တစ်နှစ် ဖြစ်လာနိုင်ပါတယ်။ ဗြိစ္ဆာတွေဟာ နဂိုကတည်းက ဖန်တီးမှုနဲ့ ဗျူဟာမြောက် အကွက်ကျကျတွေးခေါ်စဉ်းစားတတ်တဲ့သူမျိုးတွေ ဖြစ်ပြီး ဒီနှစ် စက်တင်ဘာကနေ နှစ်ကုန်အထိက သူတို့အတွက် အကောင်းဆုံး ကံဇာတာစန်းလဂ်တက်တဲ့နှစ် ဖြစ်လာဖို့ ရှိပါတယ်။