ဘိန်းရာဇာတွေဟာ ပိုက်ဆံကိုရေလို သုံးဖြုန်းနိုင်ကြသလို တစ်ချို့နိုင်ငံတွေမှာဆိုရင် အာဏာကိုလည်း ငွေနဲ့ ကိုင်ထားလေ့ရှိကြပါတယ်။ ဒီနေ့ kwee page ကသမိုင်းတစ်လျှောက် အချမ်းသာဆုံးဆိုတဲ့ ဘိန်းရာဇာတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Pablo Escobar (ပါဘလို အက်စ်ကိုဘာ)

 

ခန့်မှန်းချေကြွယ်ဝချမ်းသာမှု – ဒေါ်လာ (၃၀) ဘီလီယံ

ပါဘလို အက်စ်ကိုဘာ ဟာသမိုင်းတစ်လျှောက် အချမ်းသာဆုံး ဘိန်းရာဇာ တစ်ဦးဖြစ်ခဲ့ပါတယ်။ သူရဲ့ ကြွယ်ဝချမ်းသာမှုက အမေရိကန်ဒေါ်လာ (၃၀) ဘီဘီယံရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒီထက်လည်း အများကြီး ပိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ပိုင်ဆိုင်တဲ့ ပိုက်ဆံတွေကို ကိုလံဘီယာ နိုင်ငံတစ်လျှောက် မြေကြီးထဲ မြုပ်နှံလေ့ရှိတာကြောင့် တစ်ချို့ ငွေတွေကို ယခုထိ ရှာမတွေ့သေးပါဘူး။ သူဟာ အမေရိကရဲ့ ကိုကင်း ကုန်သွယ်ရေး (၈၀) ရာခိုင်နှုန်းအထိ ချုပ်ကိုင်နိုင်ခဲ့တဲ့ ဘိန်းရာဇာလည်း ဖြစ်ခဲ့ပါတယ်။ ပါဘလို အက်စ်ကိုဘာ ဟာ (၁၉၉၃) ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

Amado Carrillo (အာမက်ဒို ကာရီယို)

ခန့်မှန်းချေကြွယ်ဝချမ်းသာမှု – ဒေါ်လာ (၂၅) ဘီလီယံ

အာမက်ဒို ကာရီယို ဟာ မက္ကဆီကိုနိုင်ငံရဲ့ အာဏာအရှိဆုံး မူးယစ်ရာဇာတစ်ဦးဖြစ်ပါတယ်။ သူဟာ US လေယာဉ်အသုံးပြုပြီး ကိုကင်းတွေ တင်ပို့ခဲ့သူပါ။ သူ့ရဲ့ ခန့်မှန်းချေကြွယ်ဝချမ်းသာမှုက ဒေါ်လာ (၂၅) ဘီလီယံခန့်ရှိပါတယ်။

Alfredo Beltran Leyva (အဲဖရက်ဒို ဘဲလ်ထရန် လေဗာ)

ခန့်မှန်းချေကြွယ်ဝချမ်းသာမှု – ဒေါ်လာ (၁၀) ဘီလီယံ

အဲဖရက်ဒို ဘဲလ်ထရန် လေဗာဟာ မက္ကဆီကို ဘဲလ်ထရန် လေဗာ မူးယစ်ဂိုဏ်ကို တည်ထောင်ခဲ့တဲ့ ညီအကိုလေးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့အကိုလိုပဲ အချမ်းသာဆုံး မူးယစ်ရာဇာတွေထဲမှာ ပါဝင်ပါတယ်။ ခန့်မှန်းချေ ချမ်းသာမှုကတော့ ဒေါ်လာ (၁၀) ဘီလီယံအထိ ရှိနေပါတယ်။ သူကိုတော့ (၂၀၀၈) ခုနှစ်မှာ ဖမ်းမိခဲ့ပါတယ်။

Dawood Ibrahim Kaskar (ဒေါဝတ် အီဗရာဟင် ကက်စ်ကာ)

ခန့်မှန်းချေကြွယ်ဝချမ်းသာမှု – ဒေါ်လာ (၆.၇) ဘီလီယံ

ဒေါဝတ် အီဗရာဟင် ကက်စ်ကာ အိန္ဒိယနိုင်ငံ မှောင်ခိုလုပ်ငန်းစုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ အိန္ဒိယနိုင်ငံက ဖမ်းဝရမ်းထုတ်ထားခံရသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ လူသက်မှု၊ အကြမ်းဖက်မှု နဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု တွေကြောင့် အလိုအရှိဆုံး မူးယစ်ရာဇာအဖြစ် ဒေါ်လာ (၂၅) သန်းအထိ ဆုငွေထုတ်ထားခံရပါတယ်။ သူ့ရဲ့အမြတ်ငွေဟာ ဒေါ်လာ (၆.၇) ဘီလီယံ ရှိပါတယ်။

Khun Sa (ခွန်ဆာ)

ခန့်မှန်းချေကြွယ်ဝချမ်းသာမှု – ဒေါ်လာ (၅) ဘီလီယံ

ဘိန်းဘုရင် ခွန်ဆာ( Khun Sa ) ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ် တွေမှာ ဘိန်းရောင်းဝယ်ဖောက်ကားမှု အကြီးအကျယ်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေါ်လာ (၅) ဘီလီယံ အထိ ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ ရွှေတြိဂံရဲ့ဘုရင် ဆိုပြီးအများက တင်စားခေါ်ဝေါ်ကြပါတယ်။ သူဟာ မြန်မာ၊ လာအို နဲ့ ထိုင်း နယ်စပ်ဖြစ်တဲ့ ရွှေတြိဂံ ဒေသမှာ ကြီးစိုးခဲ့ပါတယ်။ ခွန်ဆာ ဟာ (၁၉၉၆) ခုနှစ်မှာ အဖမ်းခံခဲ့ရပြီး (၂၀၀၇) ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Source: cheatsheet.com