တစ်ညလုံး အိပ်လို့မရအောင် အတွေးပေါင်းများစွာနဲ့ ဖြစ်နေပြီလာ။ အနာဂတ်မှာ ဖြစ်လာဖို့မသေချာတဲ့ အရာတွေအတွက် စိုးရိမ်ပူပန်မိနေပြီလာ။ ဒါဆိုရင်တော့ သင်ဟာ အတွေးလွန်နေသူတစ်ယောက်ဖြစ်ပါတယ်။ အတွေးလွန်ခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အတွေးလွန်ခြင်းအကြောင်း ပိုမိုသိချင်ရင်တော့ အခု kwee page ရဲ့ ဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်ပေးပါ။

စိတ်ထဲမှာ ဝေခွဲမရဖြစ် နေတက်တယ်

Source: Linkedin

အတွေးလွန်ခြင်းဟာ စိတ်ခံစားချက်တွေ တခုပြီးတခု အတွေးတွေ တခုပြီးတခု ဦးနှောက်ထဲကို ရိုက်သွင်းနေတာနဲ့ တူပါတယ်။ အကြောင်းအရာ တခုကိုတွေးမိလိုက်တာနဲ့ နောက်ဆက်တွဲ အတွေးတွေကို ရပ်တန့်လို့မရတော့ပါဘူး။ ဝမ်းနည်းလိုက်၊ ပျော်လိုက်၊ စိတ်ကျေနပ်လိုက်ဆိုတာတွေက တစ်ချိန်တည်းမှာ ဖြစ်နေတက်ပါတယ်။ ဘာလို့ စိတ်ခံစားချက်တစ်ခုတည်းမရှိဘဲ အများကြီးရှိနေရလဲဆိုတာကိုလည်း သင့်စိတ်ထဲမှာ ဝေခွဲမရဖြစ်နေတက်ပါတယ်။

ဖြစ်နိုင်သမျှအားလုံးကို ပုံဖော်နေတက်တယ်

Source: Happiness

စိတ်ကူးပုံဖော်တာက ကောင်းပါတယ်။ ဒါပေမယ့် အကြောင်းအရာတခု (သို့) အဖြစ်အပျက်တခုရဲ့ လက်ရှိအခြေနေကို လက်မခံဘဲ ဖြစ်နိုင်သမျှ အခြေအနေအားလုံးကို စိတ်ကူးပုံဖော်နေမယ်ဆိုရင်တော့ အတွေးလွန်နေပါပြီ။ ဥပမာ ကိုယ့်ချစ်သူကချိန်းထားတဲ့ဆီ ရောက်လာဖို့နောက်ကျနေရင် လမ်းမှာတခုခုဖြစ်လို့လား၊ မကောင်းတဲ့သူတွေ ဖမ်းသွားတာလာ၊ နောက်တစ်ယောက်နဲ့သွားတွေ့နေလို့လား စသဖြင့် အဆိုးဘက်ကို ပုံဖော်နေတက်ပါတယ်။ ဒီလိုတွေဖြစ်လာပြီဆိုရင်တော့ သင့်ရဲ့အခြေအနေကို ပြန်ပြီးသုံးသပ်သင့်နေပါပြီ။

ဆိုရှယ်မီဒီယာပေါ်မှာ block ခံရတာနဲ့ပတ်သက်ပြီး စိတ်ထဲစွဲနေတယ်

Source: Ladders

တစ်စုံတစ်ယောက် (သို့) သူငယ်ချင်းတစ်ယောက်က သင့်ကို ဆိုရှယ်မီဒီယာပေါ်မှာ block သွားပြီဆိုရင် ဘာကြောင့်လဲဆိုတာကို သင်စတွေးပါပြီ။ ပြီးတော့ ဒီအတွေးတွေက ရပ်တန့်လို့ မရတော့ပါဘူး။ သင့်ကို ဘလော့သွားတဲ့ လူနဲ့ စကားပြောခဲ့တာတွေကို သွားပြန်ကြည့်တယ်။ ပြီးတော့ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး သူ့ wall ပေါ်မှာ သင့်အကြောင်း ဘာတွေရေးထားလဲဆိုတာ ဝင်ကြည့်ခိုင်းမယ် စသဖြင့် လုပ်ဆောင်နေပြီဆိုရင် သင်ဟာအတွေးလွန်နေတာပါ။ တစ်ဖက်က အကောင့်က ပျက်သွားလို့လည်းဖြစ်နိုင်သလို deactivate လုပ်ထားတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းတွေကို ခေါင်းထဲမထည့်တာပါ အကောင်းဆုံးပါပဲ။

မက်ဆေ့ရေးရတာ ပြဿနာရှိလာမယ်

Source: Light Way of thinking

အီးမေးသုံးပြီး စာရေးတာ (သို့) ဆိုရှယ်မီဒီယာတွေပေါ်မှာ မက်ဆေ့ပို့ဖို့ စားရေတဲ့အချိန်မှာ သင်အနေနဲ့ အချိန်တွေအများကြီးယူရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ “ငါဒီလိုရေးလိုက်ရင် အဆင်ပြေပါ့မလား”သူငါ့ကို ဘယ်လိုထင်သွားနိုင်လဲ” စသဖြင့် အကြောင်းအရာမျိုးစုံ သင့်ခေါင်းထဲ ရောက်လာတာကြောင့် အချိန်ယူရပါလိမ့်မယ်။ ပြီးတော ရေးပြီးပို့လိုက်မိတဲ့ မက်ဆေ့တွေကိုလည်း တစ်ဖက်လူ အဓိပ္ပါယ်ကောက်လွဲမှာ စိုးတာကြောင့် မကြာခဏ ပြန်ဖျက်ပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးက အလုပ်ခွင်နဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုတွေမှာလည်း ဖြစ်နိုင်ပါတယ်။

အကောင်းဆုံးအကြံပေးချင်တာကတော့ အနာဂတ်မှာမဖြစ်လာသေးတဲ့ အရာတွေကြောင့် စိုးရိမ်ပူပန်မနေပါနဲ့။ လက်ရှိဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေအပေါ်မှာပဲ အာရုံစိုက်ထားပါ။ ဒါဆိုရင် သင်ပျော်ရွှင်လာပါလိမ့်မယ်။