အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက ယနေ့ည ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ အာတီတာရဲ့အသင်းဆီကနေ ပိုမို တိုးတက်လာတာကို မြင်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Martinelli

Photo: Evening Standard

အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲမှာ ၁၀ ပွဲအထိ အနိုင်ရရှိထားပြီး တစ်ပွဲလျော့နေချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၁ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အွန်နရီက အာတီတာဟာ အသင်းကို ကောင်းကောင်းနည်းပြနေတယ်လို့ ပြောကြားခဲ့ပေမယ့် ထိပ်တန်းပြိုင်ဘက် ၄ သင်းကို စတင်ပြီး အနိုင်ယူဖို့ လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့သြဂုတ်လနောက်ပိုင်း လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့တာက တစ်ပွဲတည်းသောရှုံးပွဲဖြစ်ခဲ့ပြီး အွန်နရီက အသင်းဟောင်းကို ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းတွေနဲ့ စတင်ယှဉ်ပြိုင်နိုင်ဖို့ အနိုင်ရရှိစေချင်နေတာဖြစ်ပါတယ်။

Thierry Henry

Photo: Amazon Prime Video

“ကျွန်တော်တို့ နယူးကာဆယ်လ်ကို အိမ်ကွင်းမှ အနိုင်ယူနိုင်တယ်ဆိုတာကို အဲဒါက ပြသခဲ့တာပါ။ ကျွန်တော်တို့ ဘန်လေကို အနိုင်ယူနိုင်တယ်။ ဂျရတ်မရောက်ခင်က အက်စ်တန် ဗီလာကို အနိုင်ယူနိုင်တယ်။ ကျွန်တော်တို့ လက်စတာကို ဘောလုံးပိုင်ဆိုင်မှု ၂၇ ရာခိုင်နှုန်းနဲ့ အနိုင်ယူနိုင်တယ်”

“ကျွန်တော့်တစ်ဦးတည်းအမြင်အရ ဒီလိုပွဲတွေမှာတော့ အနိုင်ရမှာပဲ။ ဒါပေမယ့် သူတို့တွေ တစ်ပတ်ကို တစ်ပွဲပဲ ကစားတဲ့အချိန်မှာတော့ တခုခုကို လုပ်ဖို့ ကြိုးစားတာကို ကျွန်တော် မျှော်လင့်ထားပါတယ်။ အခု တိုးတက်မှုဆိုတာက ခင်ဗျား ထိပ်ဆုံးမှာရှိတဲ့အသင်းတွေကို အနိုင်ယူနိုင်လားဆိုတာပဲ။ အဲဒါကမှ ကျွန်တော်မြင်ချင်တဲ့တိုးတက်မှုဖြစ်ပြီး မနက်ဖြန်(ယနေ့) အိုးထရက်ဖို့ဒ်မှာ မြင်တွေ့ရဖို့ စောင့်ဆိုင်းနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Photo: Metro