တက်တူးမထိုးခင် ကိုယ်ထိုးချင်တဲ Art ဒီဇိုင်းပေါ်မူတည်ပြီး Tattoo Artist ကို မှန်ကန်အောင်ရွေးချယ်သင့်ပါတယ်။ ဒီလိုရွေးချယ်မှုတွေမမှားအောင် လမ်းညွန်ပေးချင်ပါတယ်။ တက်တူးထိုးထားရင် အလုပ်ရဖို့မသေချာဘူးဆိုတဲ့ အရင်တုန်းကအယူအဆတွေ မရှိတော့ပါဘူး။ လူမူအဖွဲ့အစည်းအများစုကလည်း လက်ခံပေးလာပါတယ်။
Gipsy မှတက်တူးထိုးတာလို့ သတ်မှတ်လို့ရတဲ့ ခေတ်မဟုတ်တော့ပါဘူး။ နယ်ပယ်အသီးသီးက Professional ကျသူတွေကိုယ်တိုင်တောင် ထိုးလာကြပါတယ်။ ဒီလိုအခြေအနေမှာတောင် ကွီးတို့မှာတက်တူးမရှိဘူးဆိုရင်တော့ မိုက်မဲရာကျတာပေါ့။ (မြှောက်ပေးခြင်းမဟုတ်ပါ) နိုင်ငံခြားယဉ်ကျေးမှုတွေလွှမ်းမိုးလာတာကြောင့်လို့လည်းပြောလို့မရပါဘူး အရင်ကတည်းက မြန်မာလူမျိုးတွေမှာ ဆေးမှင်ကြောင်ထိုးတာကရှိခဲ့တာပါ။

Source: esquire.com
လိုရာကိုဆွဲယူပြီးပြောရမယ်ဆိုရင်တော့ ၂၁ရာစုရဲ့ယောကျ်ားတစ်ဦးပီပီ တက်တူးလေးတော့ရှိသင့်ပါတယ်။ (မိန်းမတွေတောင်ထိုးနေကြတဲ့ခေတ်မှာ) နောက်ပြီး တက်တူးဟာ Trend တစ်ခုလိုဖြစ်နေပြီဆိုတာကို Social Media သုံးသူတွေလည်းသိကြမှာပါ။ တက်တူးမှာလည်း ဒီဇိုင်းကာလာဘာညာ အနေအထား မျိုးစုံရှိပါတယ်။ Tattoo မထိုးခင်သိသင့်တဲ့ အချက်တွေကတော့ ….
သင့်လိုချင်တဲ့ ဒီဇိုင်းကို ထိုးပေးနိုင်တဲ့ Artist ရှိမရှိ ဒါမှမဟုတ် Tattoo Studio မှာသင်ထိုးချင်တဲ့ အမျိုးအစား ရှိမရှိအရင်မေးပြီးမှထိုးသင့်ပါတယ်။ ကိုယ့်အကြိုက်ကိုပြောပြပြီး ကျွမ်းကျင်သူနဲ့ အရင်ဆွေးနွေးပြီးစိတ်ကြိုက်ဖြစ်မှ ထိုးသင့်ကြောင်း၊ နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ကိုထိုးပေးမယ့် Artist မှာ တက်တူးရှိမရှိ သတိထားသင့့်ပါတယ်။ သူကိုယ်တိုင်ကမှမထိုးထားရင် ကိုယ့်ကို အကြံကောင်းဘယ်ပေးနိုင်ပါတော့မလဲ။

Source: esquire.com
ဈေးကိုလည်းဆွေးနွေးသင့်ပါတယ်။ သင်ဟာ Micro Tattoo ထိုးမယ်ဆိုရင်တော့အရေးမကြီးဘူးပေါ့။ ဒီဇိုင်းကြီးတာထိုးမယ်ဆိုရင်တော့ တစ်ရက်ထဲနဲ့မပြီးနိုင်ပါဘူး Session များလာလေ ပိုက်ဆံပိုပေးရလေပါပဲ။ IG , Pinterest တို့လို အင်တာနက်ပေါ်ကဒီဇိုင်းတွေထက် ကိုယ်သွားထိုးမယ့် Tattoo Artist တွေက ဘယ်ဒီဇိုင်းက Trend ဖြစ်ပြီးနောက် ဘယ်လိုတွေထပ်ခေတ်စားလာမလဲ ဆိုတာကိုပိုသိမှာပါ။ ဒီအချက်လေးတွေကိုတော့ မှတ်ထားစေချင်ပါတယ်။
