အမျိုးသားတွေအများစုအပြင်ထွက်တဲ့အခါ ဘယ်လိုပစ္စည်းမျိုး တွေယူဆောင်သွားလေ့ရှိကြပါသလဲ။အများစုကတော့ ပေါ့ပေါ့ပါးပါးပဲသွားချင်ကြတာမလို့ ဘာပစ္စည်းမှသိပ်ပြီးယူဆောင့်လေ့ရှိကြမှာမဟုတ်ပါဘူး။တကယ်တော့ အမျိုးသားတစ်ယောက်အနေနဲ့လည်း အပြင်သွားရင် မဖြစ်မနေယူဆောင်သွား သင့်တဲ့ တကိုယ်ရေတကာရပစ္စည်းလေးတွေရှိပါတယ်။ဘာတွေလဲဆိုတာလေ့လာကြည့်လိုက်ပါအုန်း။
(၁) နေလောင်ဒဏ်ကာခရမ်င်
Source : Forbes
အမျိုးသားတွေအနေနဲ့ အသားအရေထိန်းသိမ်းခြင်းနဲ့ ပတ်သတ်ပြီး သိပ်ပြီးမလိုအပ်ဘူးလို့ ထင်တက်ကြပါတယ်။တကယ် တော့မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် မိမိရဲ့ အသားအရေးနဲ့ ပတ်သတ်ပြီး ကြိုတင်ထိန်းသိမ်းမှုဆိုင်ရာလုပ်ငန်းစဉ်လေးတွေကိုမဖြစ်မနေလုပ်ဆောင်သင့်တာဖြစ်ပါတယ်။အပြင်သွားရတဲ့သူတွေအတွက်တော့ နေလောင်ဒဏ်ကာခရင်မ် ပိုပြီးတောင်လိမ်းပေးဖို့လိုအပ်ပါတယ်။အနည်းဆုံး SPF (30) ပါဝင်တဲ့ နေလောင်ဒဏ်ကာခရမ်င်မျိုးရွေးချယ်လိမ်းသင့်ပြီး တစ်နေ့ကုန်အပြင်သွားနေသူတွေအတွက်တော့ (၄) နာရီခြားတစ်ခါလောက်လိမ်းပေးသင့်တာကြောင့် အပြင်သွားရင် နေလောင်ဒဏ်ကာခရမ်င်ဗူးလေးတော့ဆောင်သွားဖို့လိုအပ်ပါတယ်နော်။
(၂) နေကာမျက်မှန်
Source : mauijim.com
နေကာမျက်မှန်တွေဟာ ယနေ့ခေတ်မှာ စတိုင်ထုတ်ဖို့တစ်ခုတည်းအတွက်ပဲမဟုတ်တော့ပါဘူး။နေကာမျက်မှန်ဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုကာကွယ်ပေးတာကြောင့် ကိုယ့်ရဲ့ မျက် လုံးကျန်းမာရေးအတွက် မဖြစ်မနေဆောင်ထားသင့်တဲ့ ပစ္စည်း တစ်ခုပါ။ဒါ့အပြင်သင့်ရဲ့ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်ပြီးလည်းထောက်ပံ့ပေးတာကြောင့်သင့်ကိုပိုပြီး စမတ်ကျစေမှာဖြစ် ပါတယါ။ဒါပေမဲ့ကိုယ့်ရဲ့မျက်နှာပုံစံနဲ့ လိုက်ဖက်မှုရှိတဲ့မျက်မှန် ဒီဇိုင်းကိုတော့ရွေးချယ်တပ်ဆင်တက်ဖို့ အရေးကြီးပါတယ်နော်။
(၃) ရေမွှေး / Body Spray
Source : Man Spray Perfume
Body Spray ဟာလည်းအမျိုးသားတွေအနေနဲ့ မပါမဖြစ်ဆောင်ထားသင့်တဲ့ ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ အားကစားလုပ်သူတွေ ဥပမာ Gym ကစားသူတွေ ဘောလုံး ကစားသူတွေ ရေကူးလေ့ရှိတဲ့သူတွေအနေနဲ့ Body Spray ကမဆောင်မဖြစ်ဆောင်သွားသင့်ပါတယ်။Body Spray ဟာအားကစားလုပ်ပြီးချိန်မှာ ခဏခန္ဓာကိုယ်မှ ချွေးနံ့တွေကိုဖယ် ရှားပေးဖို့အကောင်းဆုံးပစ္စည်းတစ်ခုပါ။နေရာလည်းအရမ်း မယူသလို ပေါ့ပေါ့ပါးပါးပဲ ယူဆောင်သွားလို့ရတဲ့ ပစ္စည်းလေး ဖြစ်တာကြောင့် အပြင်သွားရင်ဆောင်သွားဖို့အကြံပြုလိုက်ပါတယ်။
(၄) ထီး
Source : Shutterstock
ထီးကတော့အခုလိုမိုးရာသီမှာမပါမဖြစ်ဆောင်သွားရမယ့် ပစ္စည်းတစ်ခုပါပဲ။မိုးဒဏ်သာမက နေပူဒဏ်ပါကာကွယ်ပေးနိုင် ကြောင့်နွေးမိုးဆောင်းသုံးရာသီစလုံးအသုံးဝင်တဲ့ပစ္စည်းတစ်ခုပါ။ထီးတွေဟာသင့်ကိုရာသီဥတုဒဏ်ကာကွယ်ပေးရုံသာမက Fashion လဲကျစေမှာဖြစ်ပါတယ်။အမျိုးသားတွေအတွက် အကောင်းဆုံးကတော့ ပြောင်ဒီဇိုင်းကိုမှ ကာလာခပ်ရင့်ရင့် ဂေါက်ထီးပုံစံလေးတွေကအလိုက်ဖက်ဆုံးပါပဲ။
(၅) ဖောင်တိန်
Source : loststeminor.com
Gentleman ဆန်ချင်တဲ့ ကွီးတွေအနေနဲ့ အမြဲသုံးနေကြ Fountain Pen လေးတစ်ချောင်းတော့ ဆောင်ထားဖို့လိုပါမယ်။အလုပ်ခွင်မှာဖြစ်စေ တခြားသောအကြောင်းအရာတစ်ခုခု ကြောင့် လက်မှတ်ထိုးစရာ စာအုပ်မှာရေးစရာပေါ်လာတဲ့အခါ မှဘောပင်လိုက်ရှာရတာဟာ အဆင်မပြေနိုင်ပါဘူး။ဒါကြောင့်ကိုယ့်အနေနဲ့ သုံးနေကြ Fountain Pen လေးတစ်ချာင်းတော့ ဘယ်သွားသွားကိုယ်နဲ့ မကွာဆောင်ထားဖို့လိုမယ်နော်။