ဖက်ရှင်ဆိုတာကလည်း ကိုယ်နဲ့လိုက်ဖက်မှုရှိတဲ့ ဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်မှသာ ကြည့်ကောင်းတာပါ။ ကိုယ်ကြိုက်ရင်ပြီးရော လိုက်ဖက်မှုရှိရှိ မရှိရှိဝတ်မယ်ကွာ ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ ကိုယ်ဟာ စမတ်ကျကျဝတ်ဆင်ထားမယ်ဆိုရင် ဘယ်နေရာသွားသွား ကိုယ့်ကိုယ်ကို ယုံကြည်မှုရာခိုင်းနှုန်းဟာ အမြဲ ၉၀ရာခိုင်နှုန်းအထက်မှာ ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ယောကျာ်းလေးအများစု ကြိုက်နှစ်သက်ပေမယ့် တကယ်တမ်း ဝတ်ဆင်မယ်ဆိုရင်တော့ ကြည့်ရဆိုးစေတဲ့ ဘောင်းဘီအမျိုးအစားတွေကို သိရှိရှောင်ရှားနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်နော်။

(၁) ခွကျလွန်းတဲ့ဘောင်းဘီ

Source : Burda Style

ဒီလိုဘောင်းဘီမျိုးတွေကို အနောက်နိုင်ငံက အနုပညာရှင်တွေ တော်တော်များများ ဝတ်ဆင်ကြတာတွေ့ရပါတယ်။ အနုပညာရှင်ဆိုတာ ပရိသတ်တွေရဲ့ ရှေ့ဆောင်လမ်းပြလိုဖြစ်နေတာကြောင့် သူတို့ဝတ်သလို ဝတ်ချင်ကြတာသဘာဝပါ။ ဒါပေမယ့် ဒီလိုဘောင်းဘီတွေကို Daily Life မှာ ဝတ်ဆင်မယ်ဆိုရင် တော်တော်လေးကို ကြည့်ရဆိုးစေမှာဖြစ်ပါတယ်။

(၂) အပြဲဒီဇိုင်းများတဲ့ဘောင်းဘီ

Source : Shutterstock

အပြဲဒီဇိုင်းဘောင်းဘီတွေကတော့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ တော်တော်လေး တွင်တွင်ကျယ်ကျယ် ခေတ်စားလာတဲ့ဖက်ရှင် တစ်မျိုးဖြစ်ပါတယ်။ လက်ရှိအချိန်အထိလည်း အပြဲဒီဇိုင်းဘောင်းဘီတွေ လူဝတ်များခေတ်စားနေဆဲပါပဲ။ ဒါပေမယ့် ကြည့်ရဆိုးလောက်တဲ့အထိ ဖြဲထားတဲ့ဒီဇိုင်းတွေ ပေါင်နဲ့ခြေသလုံးအသားတွေ တော်တော်များများမြင်ရတဲ့အထိ ပြဲရာအမြောက်အများပါဝင်တဲ့ ဘောင်းဘီတွေကတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

(၃) ကျပ်ထုပ်နေတဲ့ Skinny ဘောင်းဘီ


အမျိုးသားတွေကြိုက်နှစ်သက်တဲ့ ဘောင်းဘီတွေထဲမှာ Skinny ဘောင်းဘီတွေကလည်း မပါမဖြစ်ပါပဲ။ ကိုယ်နဲ့ Fit ဖြစ်တဲ့ Skinny ဘောင်းဘီတွေဆိုရင်တော့ ကိစ္စမရှိပါဘူး။ တစ်ခါတစ်လေမှာ အရမ်းကျပ်လွန်းတဲ့ Skinny တွေ ဝတ်မိတဲ့အခါ ခြေသလုံးနေရာ တင်နေရာတွေမှာ သိသိသာသာကျပ်ထုပ်နေပြီး ကောက်ညှင်းထုပ်လို ကြည့်ရဆိုးစေမှာဖြစ်သလို ကျန်းမာရေးရှုထောင်ကကြည့်ရင်လည်း လုံးဝအဆင်မပြေနိုင်ပါဘူး။

(၄) အိတ်ကပ်အများကြီးပါတဲ့ဘောင်းဘီ

Source : Zodeys.com

တစ်ခေတ်တစ်ခါကတော့ အိတ်ကပ်အများကြီးပါတဲ့ ဘောင်းဘီတွေ တော်တော်လေးရေပန်းစားသွားခဲ့ပါသေးတယ်။ ဒါပေမယ့် လက်ရှိဖက်ရှင်ရေစီးကြောင်းအရတော့ အိတ်ကပ်အများကြီးပါတဲ့ ဘောင်းဘီတွေဟာ ခေတ်နဲ့လည်းလိုက်ဖက်မှု သိပ်မရှိတော့သလို ကိုယ့်ကိုလည်းဖက်ရှင်မကျတဲ့ သူတစ်ယောက်ဖြစ်သွားစေနိုင်မှာဖြစ်ပါတယ်။

(၅) အားကစားဘောင်းဘီ

Source : healthondeck.com

အခုနောက်ပိုင်း အားကစားဘောင်းဘီတွေကို ဖက်ရှင်အဖြစ် တော်တော်များများ ဝတ်ဆင်လာကြပါတယ်။ ဒါပေမယ့် Gym သွားတာလည်း မဟုတ် အားကစားလုပ်မှာလည်းမဟုတ်ဘဲ အားကစားဘောင်းဘီအကျပ်တွေနဲ့ သွားလာလှုပ်ရှားနေတာတော့ မျက်စိထဲ တစ်မျိုးကြီးဖြစ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် အားကစားဘောင်းဘီအကျပ်တွေကိုလည်း သူ့နေရာနဲ့သူ ဝတ်ဆင်ပေးရင်တော့ အကောင်းဆုံးဖြစ်မှာပါ။