လူတော်တော်များများက ပျော်ရွှင်မှုဆိုတာ လက်ထပ်ခြင်းနဲ့သားသမီးရတနာတွေ ထွန်းကားခြင်းဖြစ်တယ်လို့ ယူဆထားကြတယ်။ ဒါပေမယ့် ပျော်ရွှင်တဲ့ ဘဝတခု အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခု ကိုပုံဖော်ပေးတဲ့ အခြားအရာတွေ အများကြီးရှိနေပါသေးတယ်။

ကျန်းမာရေး

Source: My-WorldPress-Blog

လူတစ်ယောက်ရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ကျန်းမာရေးဟာ အရေးကြီးဆုံးလို့ပြောရပါမယ်။ လူကကျန်းမာနေမှ တခြားအရာတွေကို ဆက်လက်အကောင်အထည် ဖော်နိုင်မှာပါ။ ပိုက်ဆံဘယ်လောက်ပဲ ရှိရှိ မကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ထားတဲ့သူဟာ ပျော်ရွှင်မှုကို ခံစားနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပျော်ရွှင်တဲ့ ဘဝတခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကျန်းမာရေးကို နံပက်တစ် ဦးစားပေးနေရာမှာ ထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

မိမိနှစ်သက်သော အသက်မွေးဝမ်းကြောင်းလုပ်ငန်း

Source: 24 Seven Talent

အလုပ်ကို ပိုက်ဆံအတွက်ပဲ မကြည့်ပဲ ကိုယ်တကယ်ကြိုက်နှစ်သက်တဲ့ အလုပ်မျိုးကို ရှာဖွေရပါမယ်။ အမှန်ပြောရရင် ကိုယ်နှစ်သက်တဲ့ အလုပ်တွေဆီကနေပဲ ပိုက်ဆံဝင်တာများပါတယ်။ ဒီလိုအလုပ်မျိုးဟာ သင့်ကို ဘယ်သောအခါမှာ မပျင်းရိစေသလို၊ နေ့တိုင်းနီးပါး ပျော်ရွှင်မှုတွေ ယူဆောင်ပေးနိုင်ပါတယ်။

သူငယ်ချင်းကောင်း

Source: Crosswalk

သူငယ်ချင်းကောင်းဆိုတာ အချစ်စစ်လိုပဲ ရှားပါးကြတယ်။ သူငယ်ချင်းကောင်းဆိုတာ သင့်ကိုသင်ယုံကြည်တာထက် ပိုပြီးယုံကြည်ရတဲ့သူမျိုးကို ဆိုလိုတာပါ။ သင့်ကိုအမှန်တကယ်နားလည်တဲ့သူ၊ ခံစားချက်တွေ မျှဝေနိုင်တဲ့သူ၊ ရီလည်းအတူ၊ ငိုလည်းအတူ ဒီလိုလူမျိုးတွေကို သူငယ်ချင်းကောင်းလို ခေါ်တာပါ။ အရေးကြီးဆုံး အချက်ကတော့ သင်ဟာ သူတို့အပေါ် ယုံကြည်စိတ်ချလို့ရတယ်။ ဒီလိုလူမျိုးကို တွေ့ပြီဆိုတာနဲ့ ဘယ်တော့မှ မဆုံးရှုံးပါစေနဲ့။

ဝါသနာ

Source: FashionBeans

စိတ်ဝင်စားမှု (သို့) ဝါသနာ တွေဟာ မိမိရဲ့အရည်အချင်းကို တိုးတတ်မြှင့်မားလာစေပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ ဝါသနာတွေအပေါ်အချိန်ပေးပါ။ ဒါတွေက သင့်ကို ပျော်ရွှင်မှုပေးနိုင်သလို ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာစေပါတယ်။ အသစ်တခုခုကို စတင်လုပ်ဆောင်ဖို့ မကြောက်ပါနဲ့။ Grandma Moses ဆိုတဲ့နာမည်ကျော် ပန်းချီဆရာမဟာ အသက် (၇၆) နှစ်အရွယ်ရောက်မှာ ပန်းချီစဆွဲခဲ့တာပါ။ နှစ်အနည်းငယ် အကြာမှာပဲ သူမရဲ့ ပန်းချီကားဟာ ဒေါ်လာသန်းပေါင်းများစွာနဲ့ ရောင်းထွက်ခဲ့ပါတယ်။ ကိုယ်ဝါတနာ ပါရာတခုခုကို လုပ်ဖို့ နောက်ကျတယ်ဆိုတာ မရှိဘူးဆိုတာကို ပြောချင်တာပါ။

မိမိကိုယ်ကိုချစ်ပါ

Source: The Good Men Project

မိမိဖြစ်တည်နေတဲ့ ဘဝကိုချစ်ပါ။ မိမိကိုယ်ကို ဂရုစိုက်ပါ။ မိမိကိုယ်ကို တန်ဖိုးရှိတဲ့ လက်ဆောင်လို ဆက်ဆံပါ။ မိမိကိုယ်ကို ကြင်နာပါ။ မိမိကိုယ်ကို လေးစားပါ။