မိန်းကလေးအများစုဟာ အချစ်နဲ့ ပတ်သတ်ရင်လောဘကြီးကြသလို သူတို့တကယ်ချစ်တဲ့သူစီကနေလည်း လိုချင်တဲ့အရာတွေရှိပါတယ်။သူမတို့လိုချင်ကြတဲ့အရာတွေဟာ တန်ဖိုးကြီးလက်ဆောင်ပစ္စည်းတွေလား ဇိမ်ခံံကားတွေလား။ဒါတွေတစ်ခုမှမဟုတ်ပါဘူး။သူမတို့လိုချင်တဲ့အရာတွေက ရိုးရှင်းပြီး ချစ်ခြင်းမေတ္တာကိုအပြည့်အဝဖော်ပြနေတဲ့အရာတွေပါ။ဘာတွေလဲဆိုတာဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။
(၁) ဖုန်းWallpaper မှာစုံတွဲပုံထားစေချင်တယ်
Source : Tumbral
မိန်ကလေးတွေဟာ သူမနဲ့ နှစ်ယောက်တွဲရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို ကိုယ့်ဖုန်းရဲ့ Wallpaper ထားစေချင်ကြပါတယ်။ဘာကြောင့်လဲဆိုရင် ကိုယ်ဖုန်းဖွင့်ကြည့်လိုက်တဲ့အချိန်တိုင်းမှာ သူမကိုအမြဲသတိရနေစေချင်လို့ပါတဲ့။ကိုယ့်အနေနဲ့ ဖုန်းမှာ သူမနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို Wallpaper အဖြစ်တင်ထားမယ်ဆိုရင် သူမအနေနဲ့လည်း အရမ်းပျော်ရွှင်ရမှာဖြစ်ပါတယ်။
(၂) သူများတွေထက်ပိုပြီးအလေးထားစေချင်တယ်
Source : Shutterstock
တစ်ခါတစ်လေမှာ မိန်းကလေးတွေအချစ်က အတ္တဆန်တယ် လောဘကြီးတယ်လို့ထင်ရကောင်းထင်ရနိုင်ပါတယ်။ သူမချစ်တဲ့ကောင်လေးစီကနေ ကမ္ဘာပေါ်မှာရှိရှိသမျှလူတွေထက်ပိုပြီး သူမကိုအလေးထားတာမျိုးကိုလိုချင်ကြတာပါ။ဘယ်သူ့ကိုမှ သူမထက်ပိုပြီး အလေးထားတာမျိုးလုံးဝမကြိုက်ပါဘူး။
(၃) သတိတရရှိစေချင်တယ်
Source : Project Hot Mess
ချစ်သူကောင်လေးဘက်ကစပြီး သတိတရဖုန်းခေါ်တာမျိုး စာတိုလေးတွေပို့တာမျိုးကို မိန်းကလေးတွေအနေနဲ့ အရမ်းသဘောကျလိုချင်ကြပါတယ်။ လူချင်းမတွေ့နိုင်ရင်တောင်မှာ ဖုန်းလေးနဲ့ သတိရတယ်ဆိုတဲ့အကြောင်း စာလေးနဲ့ လွမ်းနေတယ်ဆိုတဲ့အကြောင်း ပြောပေးတာဟာ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေထက်ကို သူမအတွက် တန်ဖိုးပိုရှိနေတက်ပါတယ်။
(၄) လူကြားထဲထုတ်ကြွားစေချင်တယ်
Source : iStock
ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ သူမကိုမိတ်ဆက်ပေးတာ ကိုယ်ပတ်ဝန်းကျင်ကိုခေါ်သွားတာမျိုး အရမ်းကိုလိုချင်ကြပါတယ်။ နောက်ဆုံးဆိုရှယ်မီဒီယာမှာ သူမပုံလေးတွေဖြစ်စေ စုံတွဲပုံလေးတွေဖြစ်စေတင်ပြီး ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူတွေကြား ထုတ်ကြွားတာမျိုးလိုချင်ကြတာဖြစ်ပါတယ်။