ဒီဘက်ခေတ်မှာ ကိုယ်လက်ကျန်းမာကြံ့ခိုင်ဖို့ Gym ကစားတာဟာ Lifestyle တစ်ခုလို ဖြစ်လာပါတယ်။ အားကစားလုပ်ဖို့ Gym သွားမယ်ဆိုရင် သင့်အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ထည့်ပိုးသွားဖို့လည်း Gym Bag တစ်လုံးလောက် ရှိထားရင်ကောင်းပါတယ်။ နောက်တစ်ခုက Gym အိတ်ထဲမှာ အမြဲ ထည့်ထားသင့်တဲ့ အရာတွေလည်း သိဖို့ လိုပါတယ်။

(၁) Bluetooth နားကြပ်

Photo: Android Authority

Gym ရုံမှာ သီချင်းလေး နားထောင်ပြီး Motivation အပြည့်နဲ့ အားကစားလုပ်ချင်တယ်ဆိုရင် Bluetooth နဲ့ ချိတ်လို့ ရတဲ့ Ear Buds ကောင်းကောင်းလေး ယူသွားသင့်ပါတယ်။ ကြိုးမဲ့စနစ်နဲ့ ဖုန်းကို ချိတ်ဆက်နိုင်တာ ဖြစ်လို့ Wireless EarBuds တပ်ပြီး အားကစားလုပ်ချိန်မှာလည်း အ‌နှောင့်အယှက်ဖြစ်မှာ မဟုတ်ပါဘူး။

(၂) ပြန်သုံးနိုင်တဲ့ ရေဗူး

Photo: Freepik

Gym သွားမယ်ဆိုရင် ကိုယ့်ရေဗူးနဲ့ကိုယ် ဆောင်သွားသင့်ပါတယ်။ အားကစားလုပ်ရင်း ရေဆာလာတိုင်း သောက်လို့ ရအောင်လိုပါ။ အရည်အသွေးမြင့် Reusable ရေဗူးမျိုးကတော့ အအေးဓါတ်ကို နာရီပေါင်းများစွာ ကြာအောင် သိုလှောင်နိုင်လို့ ရေအေးအေး သောက်ပြီး အားကစားလုပ်နိုင်ပါတယ်။

(၃) မျက်နှာသုတ်ပုဝါအသေး

Photo: Freepik

နောက်ထပ် သင့်ရဲ့ Gym Bag ထဲမှာ မပါမဖြစ်ကတော့ Towel ပဲ ဖြစ်ပါတယ်။ အားကစားလုပ်ရင်းနဲ့ ထွက်လာတဲ့ ချွေးတွေ သုတ်ဖို့ ကိုယ့် Gym အိတ်ထဲမှာ ဆောင်ထားသင့်ပါတယ်။

(၄) Fitness Tracker

Photo: coachmag

အားကစားလုပ်ရင်းနဲ့ ကိုယ့်ရဲ့ တိုးတက်နှုန်းကို ကြည့်နိုင်မယ့် စမတ်လက်ပတ်လေး ရှိထားတာ ကောင်းပါတယ်။ သင်ပြေးစက်ပေါ် ဘယ်လောက် ပြေးခဲ့သလဲ။ ကယ်လိုရီဘယ်လောက်ချခဲ့သလဲ ၊ နှလုံးခုန်နှုန်းက ဘယ်လိုရှိသလဲဆိုတာကို Real-Time ကြည့်နိုင်လို့ပါ။

(၅) ရှပ်အင်္ကျီအပိုတစ်ထည်

Photo: Under Armour

အားကစားလုပ်ထားလို့ ချွေးတွေ စိုရွှဲနေတဲ့ ဝတ်စုံကြီးနဲ့ Gym က ပြန်မလာချင်ရင်တော့ သင့် Gym Bag ထဲမှာ တီရှပ်တစ်ထည်လောက် အပိုဆောင်သွားတာ ကောင်းပါတယ်။ အနည်းဆုံးတော့ ချွေးနံ့ သက်သာလို့ စိတ်ကြည်စေမှာပါ။