Gym သွားတဲ့အခါမှာ သယ်ဆောင်သွားတဲ့အိတ်ထဲမှာ ဘယ်လိုအရာတွေ ထည့်သွင်းယူဆောင်သွားသင့်ပါသလဲ။ ကိုယ့်ရဲ့Gym အိတ်ထဲမှာ မမေ့မလျော့ ထည့်သွင်းယူဆောင်သွားသင့်တဲ့ ပစ္စည်းလေးတွေကို နည်းနည်းပြောပြပေးချင်ပါတယ်။ ဒီစာလေးဖတ်ပြီးရင်တော့ ကိုယ့်အိတ်လေးကို ပြန်စစ်ဆေးပြီး ထည့်သင့်တာလေးတွေ ထပ်ဖြည့်လိုက်နော်။

Gym Hat

Source: www.bridesmaidtees.com

Gym ဦးထုပ်လေးတော့ အိတ်ထဲမှာ ထည့်ထားဖို့လိုပါတယ်။ ကိုယ့်ဆံပင်တွေကို သိမ်းထားပေးပြီး ကိုယ့်ကိုလည်း ကြည့်လို့အရမ်းကောင်းစေကာ စတိုင်မိတဲ့ ဦးထုပ်လေးကို Gym သွားရင် လွယ်တဲ့ အိတ်ကလေးထဲ ထည့်ထားနော်။

နားကြပ်

Source: www.headphonezone.in

နားကြပ်ကလည်း လုံးဝကိုလိုအပ်ပါတယ်။ မြူးကြွတဲ့သံစဉ်တေးလေးတွေက Workout လုပ်နေတဲ့အချိန်မှာ အရမ်းလိုအပ်တဲ့အရာပါ။ မောဟိုက်ပင်ပန်းနေတဲ့အချိန်မှာ သံစဉ်တွေဟာ အားပြန်တက်လာစေပါတယ်။

ဒူးစွပ်

Source: www.rogueeurope.eu

ဒူးစွပ်ကိုလည်း အိတ်ထဲမှာထည့်ထားဖို့ လိုအပ်ပါတယ်။ Workout လုပ်နေစဉ်မှာ မရှိမဖြစ်လိုအပ်တဲ့ ဒူးစွပ်ကိုလည်း အိတ်ထဲ မထည့်ရသေးဘူးဆို ထည့်ထားလိုက်ပါဦး။

အောက်ခံဘောင်းဘီ

Source: www.theidleman.com

အောက်ခံဘောင်းဘီအပိုတစ်ထည်ကိုတော့ လိုရမယ်ရ ထည့်ထားသင့်ပါတယ်။ မျှော်မှန်းမထားပေမယ့် လိုအပ်လာတဲ့အချိန်တွေ ပိုလာနိုင်ပါတယ်။ ကိုယ့်ရဲ့ အရှက်နဲ့သိက္ခာအတွက် လိုအပ်ကောင်းလိုအပ်လာနိုင်တာမို့ မမေ့မလျော့ အောက်ခံဘောင်းဘီတစ်ထည်ကိုလည်း အိတ်ထဲ ထည့်ထားလိုက်ပါ။

မျက်နှာသုတ်ပဝါ

Source: www.texontowel.com

Gym ဆော့နေစဉ်အတွင်းမှာ ကျတဲ့ချွေးတွေဟာ ရေချိုးထားသလိုပါပဲ။ ချွေးတွေကို တစ်ရှူးစတွေနဲ့ သုတ်တဲ့အခါမှာ ကြမ်းရှလွန်းတဲ့ တစ်ရှူးစတွေကြောင့် အဆင်မပြေပါဘူး။ မျက်နှာသုတ်ပဝါအနုကသာ အဆင်ပြေဆုံးပါ။ ဒါပေမယ့် Gym ကို ယူဆောင်သွားတဲ့ မျက်နှာသုတ်ပဝါကို သန့်စင်အောင်ထားဖို့တော့ လိုအပ်ပါတယ်။

အားကစားဝတ်စုံ

Source: www.kissjessika.blogspot.com

Gym သွားပြီဆိုကတည်းက အားကစားဝတ်စုံက မဖြစ်မနေလိုအပ်တာ သိကြမှာပါ။ အိတ်ထဲ ထည့်မထားမိဘူးဆိုရင်တော့ Gym သာသွားတယ်၊ ဝတ်စုံပါမလာတဲ့အဖြစ်မျိုး ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ကိုယ့် Gym အိတ်ထဲကို အားကစားဝတ်စုံနဲ့ ဖိနပ်တွေကိုလည်း ထည့်ထားပါဦးလို့။

မျက်နှာသစ်ဆေး

Source: www.ebay.com

Gym ဆော့ပြီး ချွေးသံတရွှဲရွှဲ နဲ့ အိမ်ပြန်တော့မယ်ဆိုရင် မျက်နှာလေးတော့ သစ်ပြီးမှပြန်ပါ။ မျက်နှာသစ်ဖို့အတွက် မျက်နှာသစ်ဆေးလေးတော့ ဆောင်သွားမှရမှာပေါ့။ ဒီတော့ အိတ်ထဲမှာ ကိုယ်အသုံးပြုနေကျ မျက်နှာသစ်ဆေးအမျိုးအစား ဒါမှမဟုတ် အိတ်ဆောင်မျက်နှာသစ်ဆေးဗူးငယ်လေးတွေ ဆောင်ထားဖို့ သတိပေးလိုက်ပါရစေ။

အရေးကြီးတဲ့ ရေဗူးကိုလည်း မမေ့မလျော့ထည့်သွားဦးနော်။