ဘယ်သူမဆို ရွှင်ရွှင်လန်းလန်း ကျန်းကျန်းမာမာနဲ့ ဘဝကို ဖြတ်သန်းသွားချင်ကြမှာပါပဲ။ လူတစ်ယောက်ရဲ့ တစ်သက်တာမှာ ကျန်းကျန်းမာမာ အနာကင်းကင်း သွားနိုင်ခြင်းဟာ ဆုလာဘ်ကြီးပဲရယ်လို့ အသိအမှတ်ပြုထားတာကိုပဲ ကြည့်ကြည့်ပါ။ ဒီတော့ ကျန်းမာရွှင်လန်းစွာ ဖြတ်သန်းနိုင်ဖို့ ဘယ်လို အချက်တွေ လိုက်နာဖို့ လိုမလဲ သိထားသင့်ပါတယ်။
ကျန်းမာတဲ့လူတစ်ယောက် ဖြစ်ဖို့အတွက် Stress Level လျှော့ချဖို့ လိုပါတယ်။ စိတ်ဖိစီးမှုနည်းပါးအောင် နေထိုင်ခြင်းဟာ အသက်ရှည်ကျန်းမာခြင်းရဲ့ အကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနည်းဖို့ ကိုယ်ခင်မင်ရတဲ့ အပေါင်းအသင်းမိတ်ဆွေတွေ ၊ မိသားစုဝင်တွေနဲ့ ရင်းရင်းနှီးနှီး နေတာ ၊ ယောဂကျင့်တာ ၊ အသက်ရှုလေ့ကျင့်ခန်း လုပ်တာ ၊ သောကနည်းအောင် စိတ်ကို ပြင်ဆင်တာမျိုး လုပ်သင့်ပါတယ်။

Photo: Unsplash
မနက်ဘက်တိုင်းမှာ ပန်းသီးရှာလကာရည်လက်ဖက်ရည်တစ်ဇွန်းနှစ်ဇွန်းစာကို ရေနဲ့အတူ သောက်တာကလည်း ဗိုက်အဆီခေါက်တွေ ကျစေပြီး ကိုလက်စထရော ၊ သွေးတိုးမှုနဲ့ အင်ဆူလင်တုံ့ပြန်မှုတွေ လျော့ကျစေနိုင်ပါတယ်။ Cold Shower လို့ ခေါ်တဲ့ ရေအေးအေးချိုးပေးခြင်းကလည်း ကိုယ်တွင်းက အဖြူရောင် White Blood Cells တွေ ထုတ်ပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ပါတယ်။
အစားအသောက်နဲ့လည်း ကိုယ်တွင်းက လိုအပ်တဲ့ ဗိုက်တာမင်တွေအားလုံးကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်လို့ လိုအပ်တဲ့ဗိုက်တာမင်ဖြည့်စွက်စာတွေလည်း စားပေးဖို့ လိုပါတယ်။ အထူးသဖြင့် ဗိုက်တာမင်ဒီ ၊ ဇင့် ၊ ဗိက်တာမင်စီနဲ့ တခြား Antioxidant တွေလည်း စားပေးဖို့ လိုအပ်ရင် စားပေးသင့်ပါတယ်။ အဆီအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Omega Fatty 3 ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးဖို့ လိုပါတယ်။
Omega 3 ဟာ ကိုယ်ခန္ဓာရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ပြီး သွေးဖြူဆဲလ်လုပ်ဆောင်ချက်တွေ ပိုကောင်းစေသလို နှလုံး ကျန်းမာရေး အားပေးပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ ကိုယ်ခံအားကောင်းဖို့နဲ့ ကူးစက်မှုတွေ တိုက်ဖျက်နိုင်ဖို့အတွက် အိပ်ရေးဝဝ အိပ်ပေးဖို့လည်း လိုပါတယ်။ အိပ်ရေးပျက်တာ များတဲ့သူတွေဟာ တခြားသူတွေထက် စာရင် တုပ်ကွေး ၊ အအေးမိ စတဲ့ ကူးစက်ရောဂါတွေ အဖြစ်များတတ်ပါတယ်။

Photo: Unsplash
နေ့စဉ်ဘဝမှာ ကျန်းမာရွှင်လန်းစေဖို့ ရေများများသောက်ပေးဖို့လည်း ပြောချင်ပါတယ်။ ရေဓါတ်ပြည့်ဝခြင်းဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပြီး စွမ်းအင် level ကို မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။ ကျန်းမာရွှင်လန်းတဲ့ ယောင်္ကျားတစ်ယောက်ဖြစ်လာဖို့ နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။ ခွေးဖြစ်ဖြစ် ကြောင်ဖြစ်ဖြစ် ကိုယ်ချစ်တဲ့ တိရစ္ဆာန်တစ်ကောင်ကောင် မွေးထားတာကလည်း ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ဖြစ်စေပြီး အထီးကျန်ခြင်းနဲ့ စိတ်ဖိစီးမှုကို သက်သာလျော့ပါးစေနိုင်ပါတယ်။
