ယောင်္ကျားသားတွေဟာ မိန်းကလေးတွေလောက် စတိုင်အထောက်အကူပြုပစ္စည်း မလိုပေမယ့် မဖြစ်မနေရှိထားသင့်တဲ့ Style Tools လေးတွေတော့လည်း ပိုင်ဆိုင်ထားဖို့ လိုပါတယ်။ အထူးသဖြင့် အခုပြောမယ့် ဖက်ရှင်ပစ္စည်းလေးတွေတော့ Gentleman တွေအနေနဲ့ ရှိထားသင့်ပါတယ်။
(၁) Tailored Suit

Photo: Freepik
နာမည်ကြီး အပ်ချုပ်ဆရာဆီ အပ်ပြီး ကိုယ်တိုင်းနဲ့ ချုပ်ထားတဲ့ Suit တစ်ထည်တော့ Formal ပွဲတက်လေ့ရှိတဲ့ အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်ပါတယ်။ Suit ဝတ်တာဟာ ဝတ်သူကို ဖက်ရှင်ကျပြီး သပ်ရပ်ကြည့်ကောင်းစေတဲ့အပြင် ကိုယ့်ရဲ့ Impression ပါ တက်စေနိုင်ပါတယ်။ Formal တက်ရတဲ့ အခမ်းအနားတွေအပြင် Business Casual Style ဝတ်ရမယ့်နေရာတွေမှာပါ Suit ဝတ်သွားခြင်းက ယောင်္ကျားပီသမှု ၊ ခန့်ညားထည်ဝါမှုနဲ့ အလုပ်အကိုင်မှာ အဆင့်တစ်ခုရောက်နေခြင်းကို ကိုယ်စားပြုနိုင်ပါတယ်။
(၂) အကောင်းစား နာရီ

Photo: Freepik
နာရီတွေဟာ အမျိုးသားတစ်ယာက်အတွက် အရေးကြီးဆုံး အသုံးအဆောင်တွေထဲက တစ်ခုဖြစ်ရုံတင်မဟုတ်ပါဘူး။ ဩဇာကြီးမှု ၊ အချိန်ကို အလေးအနက်ထားမှုနဲ့ အရေးပါအရာရောက်မှုကိုပါ ဖော်ညွှန်းနိုင်ပါတယ်။ နာရီပတ်ခြင်းဟာ ကိုယ့်စတိုင်ကိုမြှင့်ပေးတဲ့အပြင် နာရီပုံမှန် ပတ်သူတွေဟာ စည်းကမ်းကောင်းသူတွေလို့ပါ အထင်အမြင်ရောက်စေတတ်ပါတယ်။
(၃) ရေမွှေးကောင်းကောင်း

Photo: Freepik
ရေမွှေးတွေက လူကို ဆွဲဆောင်မှု ပိုမြင့်စေတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ အနံ့တွေက လူရဲ့ စိတ်လှုပ်ရှားမှုနဲ့ မှတ်မိပုံစံကိုပါ ပိုပြီး ထက်မြက်စေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေရဲ့ ပိုင်ဆိုင်မှုထဲမှာ သင်းပျံ့ပြီး အံ့ဩဖို့ကောင်းတဲ့ ရေမွှေးကောင်းကောင်း ၊ Cologne ကောင်းကောင်းလည်း မဖြစ်မနေပါသင့်ပါတယ်။
(၄) လယ်သာအသုံးအဆောင်တွေ

Photo: Freepik
Leather အသုံးအဆာင်တွေက ဈေးကြီးကောင်း ကြီးပါမယ်။ ဒါပေမဲ့ Leather ပစ္စည်းတွေက ပေးရတဲ့ ဈေးနဲ့ တန်တဲ့ ခံစားမှုကို ပေးပါတယ်။ ယောင်္ကျားတစ်ယောက်အနေနဲ့ Leather Boots တစ်ရံအနည်းဆုံး ပိုင်ဆိုင်ထားတာ ကောင်းပါတယ်။ ဈေးကြီးကောင်း ကြီးနိုင်ပေမယ့် ဖက်ရှင်ကျခြင်း ၊ အရောင်အသွေးနဲ့ ဖိနပ်စီးရတဲ့ ခံစားမှုချင်းမှာ Leather Boots တွေက ပေးတဲ့ ရသက တန်တယ်လို့ ခံစားရစေမှာပါ။ နောက်တစ်ခုက Leather Boot ဖိနပ်ကောင်းတစ်ရံ ပိုင်ဆိုင်ထားရင် ခရီးပဲ သွားသွား ၊ ရုံးပဲ တက်တက် ၊ Dating လုပ်ဖို့ပဲ ရှိရှိ နေရာမရွေး ပွဲတိုးလို့ ကောင်းပါတယ်။
လယ်သာ အသုံးအဆောင်တွေအကြောင်းပြောရရင် အနက်ရောင် လယ်သာဂျက်ကတ် ၊ အညိုရောင် Leather Bag ၊ Leather Wallet နဲ့ အရည်အသွေးမြင့်တဲ့ Leather Belt ကောင်းကောင်းတို့ကိုလည်း ချန်ထားလို့ မရပါဘူး။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ Leather အသုံးအဆောင်တွေ ဝယ်ထားတာ မှားစရာမရှိလို့ ဖြစ်ပါတယ်။
(၅) Sunglasses

Photo: Freepik
နေကာမျက်မှန်တွေကလည်း ခေတ်သစ်အမျိုးသားတိုင်းရဲ့ အဝတ်ဗီရိုထဲမှာ မပါမဖြစ် ရှိသင့်တဲ့ အသုံးအဆောင်တစ်ခုအဖြစ် ပါဝင်နေပါတယ်။ စတိုင်လောက်တင် ပံ့ပိုးပေးတာ မဟုတ်ဘဲ နေပူထဲ သွားမယ့်သူတွေအတွက်လည်း မျက်လုံးကျန်းမာရေးကို အပြည့်အဝကာကွယ်ပေးနိုင်လို့ ဖက်ရှင်အမြင်အရရော ကျန်းမာရေးအမြင်အရပါ မဖြစ်မနေ ပိုင်ဆိုင်သင့်တဲ့ ဖက်ရှင်ပစ္စည်းတစ်ခုလို့ ပြောချင်ပါတယ်။
 
											
				 
									 
	 
	 
	 
	 
	 
	