ယနေ့ခေတ်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်လာကြတာကြောင့် အမျိုးသမီးတွေရဲ့ အားကိုးယုံကြည်မှုကို ရနိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်တော့ပါဘူး။ ဒါကြောင့် ယုံကြည်အားကိုးစဖွယ် ပုရိသတစ်ယောက်ဖြစ်စေမယ့် အချက်လေးတွေကို တူတူလေ့လာကြည့်ရအောင်။

(၁) လူကြီးလူကောင်းဆန်စေတဲ့ အပြုအမူများ

Source : iStock

အမျိုးသမီးတွေရဲ့ နှလုံးသားကို ပိုပြီးလှုပ်ခတ်စေနိုင်တဲ့အရာတစ်ခုက သူမတို့အပေါ်တန်ဖိုးထားတက်တဲ့ လူကြီးလူကောင်းဆန်စေတဲ့ အပြုအမူလေးတွေဖြစ်ပါ တယ်။ ငွေကုန်ကျများတဲ့တခမ်းတနား လက်ဆောင်တွေထက် လမ်းကူးနေချိန် လက်လေး တွဲထားပေးတာမျိုး ကားပေါ်ကဆင်းတဲ့အခါ တံခါးဖွင့်ပေးတာမျိုး စတဲ့အပြုအမူလေးတွေက တန်ဖိုးထားမှု နွေးထွေးမှုပေးနိုင်တယ်လို့ ခံစားရစေမှာဖြစ်ပါတယ်။

(၂) ရယ်စရာကောင်းတဲ့ဟာလေးများ

Source : KHBUZZ

အမျိုးသမီးတွေအတွက် အနေအေးသူတွေက လုံးဝဆွဲဆောင်မှုရှိစေမှာ မဟုတ်ပါဘူး။ အဓိက သူတို့ကို ရယ်မောပျော်ရွှင်စေနိုင်သူကသာ သူတို့ရဲ့ စိတ်အာရုံကို ပိုမိုဖမ်းစားနိုင်မှာဖြစ်ပါတယ်။ သူမ စိတ်အားငယ်နေချိန် စိတ်ဓာတ်ကျနေချိန်တွေမှာ ရယ်စရာလေးတွေနဲ့ စိတ်ပျော်ရွှင်အောင် လုပ်ပေးတတ်ဖို့က အဓိကျတဲ့အရာတစ်ခုလို့ ဆိုနိုင်ပါတယ်။

(၃) အရသာရှိတဲ့ဟင်းလျာများ

Source : Picfair

လေ့လာမှုတွေအရ အချက်အပြုတ်ဝါသနာပါတဲ့ အမျိုးသားဟာ အမျိုးသမီးတွေရဲ့အမြင်မှာ ဆွဲဆောင်အားပြင်းတဲ့သူဖြစ်ပါတယ်။ မိန်းကလေးအများစုက ချစ်သူကောင်း ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတဲ့ အရသာရှိတဲ့ဟင်းလျာလေးတွေ ကို စားရတာဟာ နာမည်ကြီးစားသောက်ဆိုင်ကောင်းတွေ ခေါ်သွားခြင်းထက် ပိုသဘောကျကြပါတယ်။ ဒါကြောင့်ကွီးတို့အနေနဲ့ ချက်ပြုတ်ရေးရာမှာ ကျွမ်းကျင်ဖို့ သင်ယူထားသင့်ပါတယ်။

(၄) ကြိုတင်ပြင်ဆင်တက်မှုများ

Source : Personal Excellence

သူမနဲ့ မတွေ့ခင်မှာထဲက Date အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ခြင်းကလည်း သင့်ကို အမှတ်ရစေမယ့် အချက်တစ်ခုပါပဲ။ Date လုပ်တဲ့အခါ ဘယ်သွားရမလဲ ၊ ဘာလုပ်ရမလဲဆိုတာ ရေရေရာရာမသိခြင်းထက် First Date တုန်းကလို သူမနဲ့အတူ သွားမယ့် စားမယ့် အစီစဉ်လေးကို ကြိုတင်ပြင်ဆင်ထားခြင်းက သူမကို တန်ဖိုးထားကြောင်း ပေါ်လွင်စေမှာပဲ ဖြစ်ပါတယ်။