တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေလို့ လမ်းခွဲလိုက်ကြပေမယ့် လမ်းခွဲပြီးတဲ့နောက်မှာ ခံစားရတဲ့အချိန်တွေတော့ ရှိကြတာပါပဲ။ ဒီလိုအခြေအနေမှာ ခံစားချက်နောက်ကိုအရမ်းလိုက်နေမိရင် ကိုယ်အတွက် ဆိုးကျိုးတွေသာပိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ချစ်သူနဲ့လမ်းခွဲပြီးနောက် ကိုယ့်ကိုယ်ကိုအကောင်းဆုံး ဘယ်လိုပြန်တည်ဆောက်ရမလဲဆိုတဲ့အချက်တွေပြောပြပေးချင်ပါတယ်။

(၁) လွတ်ချထားလိုက်ပါ

Source : The Benefits Guide

လက်တလောမှာ အမှားတွေအမှန်တွေ ကိုယ်ကောင်းခဲ့တာတွေ သူကောင်းခဲ့တာတွေ ဘာဆိုဘားမှပြန်မတွေးပဲ ခံစားချက်တွေအားလုံးကိုလွတ်ချထားလိုက်ပါ။ နောက်ပြန်နေတဲ့အတွေးတွေက သင့်ကိုခံစားရဖို့ထက် ဘားမှကောင်းတာပိုမရနိုင်ပါဘူး။ ဒါကြောင် သင့်အနေနဲ့ လမ်းခွဲလိုက်ပြီဆိုတာကိုအရင်ဆုံးလက်ခံပြီး အတွေးအားလုံးကိုရပ်တန့်လိုက်ဖို့အကြံပြုချင်ပါတယ်။

(၂) ဘော်ဒါတွေနဲ့အချိန်ကုန်ပါ

Source : iStock

လမ်းခွဲပြီးနောက်ခံစားချက်တွေများနေချိန်မှာ တစ်ယောက်တည်းနေတာ သင့်ကိုခံစားမှုပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ကိုယ့်ကိုနားလည်ပေးနိုင်တဲ့ ပျော်စေမယ့် ဘော်ဒါတွေနဲ့ အချိန်များများကုန်ဆုံးတာကောင်းပါတယ်။ သူငယ်ချင်းတွေနဲ့အတူရှိနေချိန်တွေက သင့်ကိုနာကျင်စရာမတွေးမိအောင် ကူညီပေးမှာပါ။

(၃) ကိုယ့်ကိုယ့်ကိုချစ်ပါ

Source : Genco Male Grooming

ဘဝမှာကိုယ့်ကိုယ်ကိုချစ်ဖို့က အရေးကြီးဆုံးပဲမဟုတ်လား။ ဒါကြောင့် အသည်းကွဲဝေဒနာနဲ့ အိပ်ယာထဲမှာခွေနေမယ့်အစား သင့်ရဲ့ ပုံစံကိုအရင်နဲ့လုံးဝမတူတော့တဲ့ သူတစ်ယောက်ဖြစ်အောင်ပြောင်းလဲလိုက်ပါ။ Gym ကစားပါ။ ဆံပင်ပုံစံပြောင်းလိုက်ပါ။ ကိုယ့်ကိုပျော်ရွှင်စေမယ့်အရာတွေများများလုပ်ပြီး ကိုယ့်ကိုယ့်ကိုအရင်ကထက်ပိုဂရုစိုက်ပြီး ပိုချစ်လိုက်ပါ။

(၄) အနာဂတ်ကိုအာရုံစိုက်ပါ

Source : Body Language Central

ချစ်သူနဲ့လမ်းခွဲလိုက်တဲ့အချိန်ဟာ ကိုယ့်ဘဝတစ်ခုလုံးရဲ့ အဆုံးသတ်အချိန်တစ်ခုမဟုတ်ပါဘူး။ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေ လှပတဲ့အနာဂတ်တွေအများကြီးရှိပါသေးတယ်။ အသည်းကွဲတဲ့အချိန်က အခိုက်အတန့်တစ်ခုပါပဲ။ အချိန်အတိုင်းအတာတစ်ခုကိုကျော်ဖြတ်ပြီးရင် အရာအားလုံးပုံမှန်ဖြစ်သွားမှာဖြစ်တာကြောင့် ကိုယ့်ရဲ့အနာဂတ်အကြောင်းကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။ အနာဂတ်မှာဘာတွေလုပ်မယ် ဖြစ်ချင်တဲ့ဘဝတစ်ခုရဖို့ ဘယ်လိုတွေကြိုးစားရမယ်ဆိုတာတွေကိုပဲအာရုံစိုက်ပြီး အကောင်းဆုံးဆက်လုပ်ဖို့အကြံပြုချင်ပါတယ်။