Social Media ပေါ်မှာလည်း ဘယ်လိုနေ ဘယ်လိုထိုင်သင့်တယ်ဆိုတဲ့ သတ်မှတ်ချက်လေးတွေ ရှိကြတာပါပဲ။ ဒီတစ်ခေါက်ကတော့ ယောင်္ကျားလေးတွေဘက်က ရှောင်ကြဉ်သင့်တဲ့ မိန်းကလေးအများစု သဘောမကျတဲ့ လူမှုကွန်ရက်ပေါ် လုပ်နေမိတဲ့ အချက်လေးအကြောင်းပါပဲ။
တကယ်တော့ အခုပြောမယ့် အချက်တွေကို မိန်းကလေးတွေမှ မဟုတ်ပါဘူး။ လူမှုကွန်ရက်သုံးသူအချင်းချင်းတောင် ရှောင်ကြဉ်သင့်တဲ့အချက်တွေအနေနဲ့ လက်ခံထားကြတာ ဖြစ်ပါတယ်။ ယောင်္ကျားလေးပဲ ဖြစ်ဖြစ် မိန်းကလေး လူမှုကွန်ရက်ပေါ် ဆယ်လ်ဖီပုံတွေ သိပ်တင်လွန်းတာ မကောင်းပါဘူး။ မိန်းကလေးတွေအနေနဲ့ Facebook ၊ Instagram စတဲ့ ပလက်ဖောင်းတွေပေါ်မှာ Selfie ပုံလှလှလေးတွေ တင်တာ ကြည့်ကောင်းတယ်ဆိုပေမယ့် ယောင်္ကျားလေးတွေနဲ့တော့ ကြည့်ရတာ ဘယ်လိုမှ အချိုးမကျပါဘူး။

Photo: Freepik
နောက်တစ်ခုက ပို့စ်တင်တဲ့ ကိစ္စကလည်း ပြောစရာအများကြီး ရှိပါတယ်။ တချို့က အွန်လိုင်းမှာ အဖီးသမား။ အမြဲပဲ ကြေကွဲစရာတွေနဲ့ သူ့မှာ မအားလပ်နေတာ တွေ့ရပါမယ်။ သူတို့ Wall တစ်ခုလုံးလည်း ကဗျာလိုလို စာလိုလိုပို့စ်တွေနဲ့ချည်း ပြည့်နေတတ်ပါတယ်။ ရေးထားတဲ့ အကြောင်းအရာတွေကလည်း ဘဝကို ဘယ်လို ဖြတ်သန်းခဲ့ရပြီး ဘယ်လို ရုန်းကန်ခဲ့ရပါတယ်ဆိုတဲ့ ဒရာမာတွေပဲ မြင်ရတတ်ပါတယ်။
ဒါမျိုးကို ဘယ်သူက ကြာကြာစာနာလက်ခံပေးနိုင်ပါ့မလဲဆိုတာ စဉ်းစားသင့်ပါတယ်။ နောက်ထပ် လူမှုကွန်ရက်ပေါ် ရှောင်ကြဉ်သင့်တဲ့ ပို့စ်တင်မှုက အဆိုးမြင်ဝါဒနွှယ်တဲ့ ပို့စ်တွေနဲ့ ရိုင်းစိုင်းပြီး သဒ္ဒါမမှန်တဲ့ အရေးသားတွေပါပဲ။ မိန်းကလေးတွေ သဘောမကျတဲ့ နောက်ထပ် Social Media Etiquette တစ်ခုက ပို့လိုက်တဲ့ မက်ဆေ့ချ်တစ်ခုကို ချက်ချင်း Reply မပြန်တာပဲ ဖြစ်ပါတယ်။

Photo: Freepik
ဒါကတော့ မိန်းကလေးတွေမှ မဟုတ်ပါဘူး။ ဘယ်သူမှလည်း မနှစ်သက်ကြတဲ့ လူမှုကွန်ရက် အလေ့အထဆိုးတစ်ခု ဖြစ်ပါတယ်။ ယောင်္ကျားလေးတစ်ယောက်အနေနဲ့ သောက်တတ်စားတတ်တယ်ဆိုပေမယ့် အွန်လိုင်းမှာ အရက်သောက်နေတဲ့ပုံတွေ/ဗွီဒီယိုတွေချည်း ဆက်တိုက်တင်တာမျိုးကလည်း ကိုယ့်ကို Impression ကျဆင်းစေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။ တစ်ခါတလေလောက် သူငယ်ချင်းတွေနဲ့ဆုံလို့ Gathering လုပ်ရင်း အမှတ်တရပုံတွေ လူမှုကွန်ရက်ပေါ် တင်တာမျိုးက ပြဿနာမရှိပါဘူး။
တချို့ဆို Live လွှင့်ရတာကို ဝါသနာကြီးကြပါတယ်။ ဘယ်လောက် ဝါသနာကြီးသလဲဆို တစ်ပတ်ကို ၄/၅ ရက်လောက် Live လွှင့်တာမျိုး လုပ်ကြပါတယ်။ ဒါကလည်း လူမှုကွန်ရက်သုံးသူတွေအကြားမှာ စိတ်ပျက်ရတဲ့ကိစ္စဖြစ်လို့ ရှောင်ကြဉ်ဖို့ တိုက်တွန်းချင်ပါတယ်။ နောက်တစ်ခုက ယောင်္ကျားလေးတစ်ယောက်အနေနဲ့ Instagram လိုမျိုး ပလက်ဖောင်းမှာ ကောင်မလေးအလန်းဇယားတွေရဲ့ အကောင့်ချည်း Follow မလုပ်ဖို့ပါ အကြံပေးလိုက်ပါတယ်။
