လူနှစ်ယောက်အတူတကွ ပေါင်းဖက်နေထိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ နားလည်မူလွဲတာတွေ အမြင်မတူတာတွေ စသဖြင့် အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ရပါတယ်။ စုံတွဲတွေ တော်တော်များများဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မူမရှိကြတာကြောင့် ပြတ်ကြတာများပါတယ်။
ဒီနေ့ kwee page ကနေပြီးတော့ ပျော်ရွှင်နေကြတဲ့ စုံတွဲတွေမှာ တွေ့ရလေ့ရှိသော အမူအကျင့်လေးတွေအကြောင်း ပြောပြပေးသွားမှာပါ။
ကိုယ်ပိုင်အချိန်တွေကို လေစားကြတယ်
Source;Elite Readers
ပျော်ရွှင်နေကြတဲ့ စုံတွဲတွေဟာ ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် နေကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ရှက်ကြောက်တာတွေ မရှိကြဘူး။ ဒါပေမယ့် သူတို့ဆီမှာလည်း စည်းရှိကြတယ်။ စည်းမကျော်ကြဘူး။ သူတို့ဆီမှာ ကိုယ်ပိုင်အချိန်တွေဆိုတာ ရှိကြတယ်။ သူငယ်ချင်းတွေနဲ့ မုန့်သွားစားတာ ရုပ်ရှင်သွားကြည့်ကြတာ စသဖြင့် မိမိကိုယ်ပိုင်အချိန်တွေ ရှိကြတယ်။ အခြားတစ်ယောက်ကလည်း ဒါကို လေးစားတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြသာနာရှာတာမရှိဘူး။
တစ်ချို့စုံတွဲတွေက တဖက်လူရဲ့ အချိန်တွေဟာ သူ့အတွက် ဖြစ်ရမယ်လို့ ယူဆထားကြတယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆတခုဖြစ်ပါတယ်။
အတူတကွ ခရီးထွက်လေ့ရှိကြတယ်
Source: Travels of a Madman
သူတို့တွေဟာ အားလပ်ရက်တွေ ရလာခဲ့ရင် အတူတကွ တိုင်ပင်ပြီး ခရီးစဉ်တွေရေးဆွဲလေ့ရှိကြတယ်။ ပိုက်ဆံပြတ်နေတဲ့ ကာလမျိုးတွေဆိုရင်တော့ နေ့ချင်းပြန် ခရီး စသဖြင့် သွားတတ်ကြတယ်။ ဒီလို ခရီးတွေသွားခြင်းဖြင့် တစ်ဦးအပေါ်တစ်ဦးနားလည်လာနိုင်တယ်။ အချင်းချင်းကြားမှာ ကတောက်ကဆ ဖြစ်တာတွေလည်း လျှော့နည်းသွားနိုင်ပါတယ်။
ကိုယ်ပိုင်ဘဝရှိကြတယ်
Source: Unsplash
သူတို့မှာ သူတို့ရဲ့ပါတနာ မပါတဲ့ ကိုယ်ပိုင်ဘဝဆိုတာရှိကြတယ်။ လွတ်လွတ်လပ်လပ်နေကြတယ်။ ဒါက အရေးကြီးတဲ့ အချက်မှာပါဝင်ပါတယ်။ တစ်ဖက်လူရဲ့ အလုပ် (သို့) လူမှုဆက်ဆံရေးကိစ္စတွေကို ဝင်ရောက်စွတ်ဖက်လေ့ မရှိကြဘူး။
တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိကြတယ်
Source: LovePanky
ယုံကြည်မှုမရှိတဲ့ relationship တိုင်းဟာ ပြက်စဲကြတာ များပါတယ်။ ပျော်ရွှင်နေကြတဲ့ စုံတွဲတွေမှာ သဝန်တိုမူဆိုတာ မရှိသလောက်ရှားပါတယ်။ သူတို့ဟာ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှု အပြည့်ရှိကြတယ်။
တန်ဖိုးမကြီးတဲ့ လက်ဆောင်ပစ္စည်းတွေကို အသိအမှတ်ပြုကြတယ်
Source: Mantelligence
တန်ဖိုးကြီးတဲ့ လက်ဆောင်ပစ္စည်းတွေရတာက စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒါပေမယ့် တန်ဖိုးမကြီးတဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။ အဓိကက ကိုယ့်ရဲ့ပါတနာက ဘာတွေလိုအပ်နေလဲဆိုတာကို သိဖို့အရေးကြီးတာပါ။ ဥပမာ ကလစ်၊ အဝတ်အစား၊ နုတ်ခမ်းနီ စသဖြင့် လက်ဆောင်သေးသေးလေးတွေက မိန်းကလေးတွေကို ကျေနပ်စေပါတယ်။