လက်ရှိမှာလူတိုင်းလိုလို ကျန်းမာရေးအတွက် အလွန်ပင်ဂရုစိုက်နေကြတဲ့ အချိန်ဖြစ်မယ်ထင်ပါတယ်။ ချမ်းသာပေမဲ့ ကျန်းမာခြင်းမရှိရင် ဘဝကနေပျော်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုရဖို့ နေ့ရက်တိုင်းမှာ အခုပြောပြမဲ့အရာတွေလုပ်ဆောင်ပေးဖို့တိုက်တွန်းချင်ပါတယ်။

(၁) စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကိုဂရုစိုက်ပါ

Source : Dreamstim

ကျန်းမာရေးလို့ပြောလိုက်တာနဲ့ စိတ်ရဲ့ ကျန်းမာခြင်းကလည်း မမေ့ထားသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ စိတ်ကျန်းမာမှ ကိုယ်ချမ်းသာမှာဖြစ်တာကြောင့် စိတ်ကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါတယ်။အခုလိုချိန်မှာ အတက်နိုင်ဆုံး စိတ်ဖိစီးမှုဖြစ်စေမဲ့အရာတွေစိတ်ညစ်စေမဲ့ အရာတွေကို ရှောင်ကျဉ်ပြီး စိတ်ကိုအပေါ့အပါးဆုံးဖြစ်အောင်နေထိုင်ပါ။

(၂) ခန္ဓာကိုယ်ယန္တယားတွေကိုမောင်းနှင်ပေးပါ

Source : 30 Day Fitness Challenge

စက်ယန္တယားတွေဟာ မောင်းနှင်လည်ပတ်ခြင်းမရှိပဲ ရပ်ထားမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ သံချေးကိုက်ပြီး အသုံးပြုလို့ရနိုင်မှာမဟုတ်ပါဘူး။ဒီလိုပါပဲ ခန္ဓာကိုယ်ကိုလည်း လှုပ်ရှားမှုမရှိ ရပ်တန့်ထားမယ်ဆိုရင် ယန္တယားတစ်ခုလို အစိတ်အပိုင်းတွေဖြစ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ ကြွက်သားတွေအားလျော့လာပြီး ကျန်းမာကြံ့ခိုင်ခြင်းတွေနဲ့ ဝေးကွာလာမှာဖြစ်ပါတယ်။ ဒါကြောင့်နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပြီး ခန္ဓာကိုယ်ယန္တယားတွေကိုမောင်းနှင်ပေးသင့်ပါတယ်။

(၃) နှစ်ခြိုက်စွာအိပ်စက်အနားယူပါ

Source : NBC News

အိပ်စက်ခြင်းက လူတစ်ယောက်အတွက် Energy ပြန်လည်ဖြည့်တင်းပေးတဲ့ လုပ်ဆောင်ချက်ကြီးတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ပုံမှန် ၇ နာရီခန့် အိပ်စက်မှုမရှိဘူးဆိုရင် အားအင်ကုန်ခမ်းမောပန်းခြင်း ပင်ပန်းနွမ်းနယ်ခြင်း ဦးနှောက်လုပ်ဆောင်ချက်တွေကျဆင်းလာခြင်းနှင့် ကိုယ်ခံအားကိုကျစေနိုင်ပါတယ်။ဒါကြောင့် နေ့စဉ်တစ်ရက် အနည်းဆုံး (၇) နာရီခန့်အိပ်စက်အနားယူပြီး အားအင်းတွေပြန်လည်ဖြည့်တင်းဖို့လိုအပ်ပါတယ်။

(၄) ဝါသနာပါတဲ့အရာတွေလုပ်ဆောင်ပါ

Source : Schreinerei Luchsinger AG

လူတစ်ယောက်အတွက် ဝါသနာပါတဲ့အရာတစ်ခုကို လုပ်ဆောင်နေရတဲ့အချိန်ဟာ ဘဝမှာပျော်စရာအကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ အခုချိန်မှာ အိမ်မှာပဲ နားနားနေနေ နေရင်းကိုယ်ဝါသနာပါတဲ့အရာတွေလုပ်ဆောင်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ့်ကို ပျော်ရွှင်မှုခံစားရစေမဲ့ ဝါသနာပါတဲ့အရာလေးတွေ ရွေးချယ်လုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်။

(၅) အဆိုးမြင်ခြင်းတွေနဲ့ ဝေးရာမှာနေပါ

Source : Business Animals

လက်ရှိမှာ လူတိုင်းလိုလို အိမ်မှာပဲနေကြရတာဖြစ်တဲ့အတွက် လူတွေနဲ့ များများထိတွေ့ဆက်ဆံဖို့မလိုတာကြောင့် အဆိုးမြင်စိတ်ရှိတဲ့လူတွေနဲ့ ပတ်ဝန်းကျင်ဆိုတာ ကိုယ်အနားမှာမရှိသလောက်ကိုဖြစ်နေမှာပါ။ ဒါပေမဲ့ လူတိုင်းလိုလိုရဲ့ တစ်နေ့တာမှာ ဆိုရှယ်မီဒီယာတွေကို အသုံးပြုနေကြတာကပြဿနာတစ်ခုဖြစ်နေပါတယ်။ ဆိုရှယ်မီဒီယာပေါ်က ဒေါသထွက်စရာအကြောင်းအရာတွေ စိတ်တိုစရာသတင်းအတင်းအဖျင်းတွေကြောင့် သင့်ကိုအဆိုးမြင်စိတ်တွေဝင်လာစေနိုင်ပါတယ်။ဒါကြောင့်အတက်နိုင်ဆုံး ဆိုရှယ်မီဒီယာတွေလျော့သုံးပြီး စာဖတ်ပါ။မိသားစုနဲ့အချိန်ပေးပါ။ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။