စိတ်ဖိစီးမှုတွေ ပင်ပန်းနွယ်နယ်မှုတွေကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့ ခက်ခဲနေပါသလား။ အိပ်ရေးပျက်ခြင်းက ကျန်းမာရေးကိုဆိုးရွှားစွာထိခိုက်စေတာကြောင့် ကြာရှည်လက်ခံထားသင့်တဲ့အရာတစ်ခုတော့မဟုတ်ဘူး။သင့်အနေနဲ့ ညဘက်တွေကိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်ဆိုရင်တော့ အိပ်ယာမဝင်ခင်အချိန်အတောအတွင်းမှာလုပ်ဆောင်သင့်တဲ့ အရာတွေကိုပြောပြပေးချင်ပါတယ်။

(၁) ရေပူဖြင့်ရေချိုးပါ

Source : Heatworks

အိပ်စက်ခြင်းဆိုင်ရာသိပ္ပံပညာရှင်တွေကတော့ ညအချိန်မှာရေချိုးခြင်းဟာ စိတ်ရောကိုယ်ပါတင်းမာမှုတွေကိုပြေလျော့စေပြီး ကောင်းစွာအိပ်ပျော်ဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ဆိုပါတယ်။သင့်အနေနဲ့ ညဘက်တွေမှာကောင်းကောင်းအိပ်မပျော်ဘူးဆိုရင်တော့ အိပ်ယာမဝင်ခင်ရေနွေးဖြင့် ရေချိုးလိုက်ပါ။

(၂) တရားထိုင်ပါ

Source : Positive Routines

တရားထိုင်ခြင်းက အချိန်တိုအတွင်း စိတ်ကိုကြည်လင်လန်းဆန်းသွားစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး အရင်ကထက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါကြောင့်အိပ်ပျော်ရခက်ခဲပြီး စိတ်တွေရှုပ်ထွေးလွန်းတဲ့သူတွေအတွက်တော့ တရားထိုင်ခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၃) စာအုပ်ဖတ်ပါ

Source : Freepik

အိပ်မရဖြစ်တဲ့ညတွေဆို ဖုန်းတွေ လက်တော့တွေသုံးတာထက် စာအုပ်တစ်အုပ် ကောက်ကိုင်လိုက်တာပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် အိပ်ယာမဝင်ခင် စာဖတ်ခြင်းဟာ အိပ်စက်မှုကို အထောက်အကူဖြစ်စေနိုင်ပြီး ကောင်းကောင်းအိပ်ပျော်သွားစေဖို့လည်း ကူညီပေးပါလိမ့်မယ်။

(၄) အိပ်ယာကိုပြင်ဆင်ပါ

Source : NBC News

သန့်စင်ပြီး မွေးပျံ့တဲ့ ရနံ့ရှိတဲ့အိပ်ယာတွေဟာ သင့်ကိုအိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။နောက်တစ်ခုက သင့်အိပ်ယာအနီးအနားမှာ အိမ်မွေး တိရစ္ဆာန်တွေခေါ်သိပ်ခြင်း ဖုန်းတွေထားခြင်းတို့ကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်မှုရှိပြီး သင့်ရဲ့ အိပ်စက်မှုကိုအနှောက်ယှက်ဖြစ်စေမယ့်အရာတွေအားလုံး အိပ်ယာအနားကဖယ်ထုတ်ရှင်းလင်းလိုက်ပါ။