စွမ်းဆောင်ရည်မြင့်မားပြီး လုပ်နိုင်ကိုင်နိုင်စွမ်းကောင်းတဲ့ သူတစ်ယောက်ဖြစ်ဖို့ အလိုအပ်ဆုံးက ဘာဖြစ်မလဲ။ ထူးချွန်ထက်မြတ်သူတွေကတော့ ဒီလို Productive ဖြစ်တဲ့သူတစ်ယောက် ဖြစ်ဖို့ ကြိုတင်အစီအစဉ်ချခြင်းနဲ့ အာရုံစိုက်ခြင်းက အကြီးမားဆုံးလိုအပ်ချက်တွေလို့ ဆိုထားပါတယ်။ ဒါ့ထက်ပိုပြီး Productive People တွေနေ့စဉ်လုပ်လေ့ရှိတဲ့ အလေ့အထတွေကိုလည်း ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

(၁) ကောင်းမွန်တဲ့ နေ့စဉ်မနက်ခင်း အလေ့အထတွေရှိတယ်

man Reading Newspaper

Photo : FitOn

ထူးချွန်ထက်မြတ်သူတွေဟာ တစ်နေ့တာကို စတင်တဲ့မနက်ခင်းအချိန်မှာ ကောင်းမွန်တဲ့ပုံမှန်အလေ့အထလေးတွေ လုပ်လေ့ရှိကြပါတယ်။ မနက်စောစောပုံမှန်အိပ်ရာထတာ ၊ ရေတစ်ခွက်သောက်တာ ၊ လေ့ကျင့်ခန်းလုပ်တာ ၊ သတင်းစာဖတ်တာ ၊ မနက်စာကောင်းကောင်းစားတာ စသည်ဖြင့်ပေါ့။ ဒီလို မနက်ခင်းအလေ့အထတွေဟာ တစ်နေ့တာအတွက် စွမ်းအင်တွေအပြည့်အဝရစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

(၂) အချိန်ကို ဘယ်လိုအကျိုးရှိစွာ အသုံးချရမလဲသိကြတယ်

Young man student study at home using laptop and learning online

Photo : EAF Resources

အချိန်ဆိုတာ အကျိုးရှိရှိအသုံးချတက်မယ်ဆိုရင်တော့ ရွှေပါပဲ။ ထူးချွန်ထက်မြတ်သူတွေဟာ အားလပ်ချိန်ရချိန်တိုင်းမှာ အချိန်ကိုအကျိုးရှိစွာ အသုံးတက်ကြပါတယ်။ စာအုပ်ဖတ်တာ ၊ တရားထိုင်တာ ၊ လေ့လာမှုအသစ်တစ်ခုခုလုပ်တာ စတဲ့အရာတွေအတွက် အချိန်သုံးလေ့ရှိကြပါတယ်။ အချိန်ကို ပညာရှိရှိအသုံးတက်ခြင်းက အောင်မြင်တိုးတက်ဖို့လက်စပဲဖြစ်ပါတယ်။

(၃) မှတ်စုစာအုပ် အမြဲဆောင်ထားကြတယ်

Man hand with pen writing on notebook

Photo : PIXNIO

Bill Gates ၊ Sheryl Sandberg နဲ့ Richard Branson တို့လို အောင်မြင်တဲ့သူတွေဟာ မှတ်စုရေးခြင်းကို အမြဲပြုလုပ်လေ့ရှိကြသူတွေပါ။ နေ့စဉ်လုပ်ဆောင်ရမယ့် အရေးကြီးတဲ့အရာတွေ အချိန်ဇယားတွေကို မှတ်စုစာအုပ်မှာရေးမှတ်ထားလေ့ရှိသလို စိတ်ကူးစိတ်သန်းတွေ အတွေး အခေါ်ကောင်းတွေပေါ်လာချိန်မှာလည်း မှတ်စုမှာရေးမှတ်ထားလေ့ရှိပါတယ်။ ဒီလိုလုပ်တာဟာ အလုပ်အပေါ်အာရုံစိုက်နိုင်စွမ်းမြင့်တက်စေသလို ကောင်းမွန်တဲ့အတွေးအမြင်သစ်တွေကို အမိအရဖမ်းဆုပ်ထားရာရောက်စေပါတယ်။

(၄)  Smart People တွေဝန်းရံတဲ့ ပတ်ဝန်းကျင်မှာနေထိုင်တယ်

Two men having good time

Photo : HuffPost UK

ဘဝမှာ ရည်မှန်းချက်ပြည့်ဝပြီး ထူးချွန်တဲ့ Smart People တွေကိုယ့်အနား ရှိနေတာဟာ ကိုယ့်ကို ကြိုးစားချင်စိတ်ဖြစ်စေမယ့် တွန်းအားတစ်ခုပါပဲ။ ထူးချွန်ထက်မြတ်သူတွေဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ တော်တဲ့ထက်တဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်း တစ်ခုတည်ဆောက်ထားလေ့ရှိပါတယ်။ ဒီလိုလူတွေနဲ့ တွေ့ဆုံပြောဆိုဆက်ဆံရတာဟာ ကိုယ့်အတွက် စိတ်ခွန်အားတွေ အကြံဉာဏ်တွေ အကူညီတွေနဲ့ အခွင့်အလမ်းကောင်းတွေပါရလာနိုင်ပါတယ်။

Featured Photo : Unsplash