အောင်မြင်နေတဲ့လူတော်တော်များများဟာ ဆုံးဖြတ်ချက်ပြတ်သားပြီးတော့ အလုပ်ကိုပြီးမြောက် အောင်မြင် အောင်လုပ်ဆောင်ကြတဲ့လူတွေဖြစ်ပါတယ်။ ကျရှုံးတဲ့လူတွေဟာ ဆင်ခြေတွေ အမျိုးမျိုးပေးတက်ကြပြီး သူတို့မစွမ်းဆောင်နိုင်တာကို ဝန်မခံတတ်ကြပါဘူး။ အောင်မြင်တဲ့လူတွေဟာ ဆင်ခြင်ပေးလေ့မရှိကြဘူး။ အခန့်မသင့်လို့ ကျရှုံးခဲ့ရင်လည်း သူတို့ကြောင့်ဖြစ်တာကို ဝန်ခံတတ်ကြပါတယ်။ ဒီနေ့ kwee page က အောင်မြင်မှုနဲ့ ဝေးကွာသွားစေတဲ့အရာတွေ အကြောင်းကို ပြောပြပေးသွားမှာပါ။
စွန့်စားရမှာ ကြောက်နေတာ

Source: PPL Connect
အောင်မြင်မှုရချင်ရင် စွန့်စားရပါတယ်။ စွန့်စားရမှာ ကြောက်လန့်နေရင် အခွင့်အလမ်းတွေကိုယ့်ရှေ့မှာ ရောက်နေရင်တောင် လက်လွှတ်ရပါလိမ့်မယ်။ ဒါ့ကြောင့် အောင်မြင်ချင်ရင် တိုးတက်ကြီးပွားချင်ရင် စွန့်စားရမှာ မကြောက်ပါနဲ့။
မိသားစု အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးခြင်းခံရတာ

Source: FirstCry Parenting
ကိုယ့်ရဲ့ပန်းတိုင်ဆီကို လျှောက်လှမ်းရာမှာ ချစ်ရတဲ့မိသားစု (သို့) သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ အားပေးထောက်ခံမှုတွေကလည်း အရေးပါပါတယ်။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့ အရာတွေကို မိသားစုဝင်တွေ၊ သူငယ်ချင်းတွေက အားပေးထောက်ခံမှုမပြုဘဲ ဝေဖန်ပြစ်တင်နေမယ်ဆိုရင်တော့ ကောင်းတဲ့အချက်မဟုတ်ပါဘူး။ မိသားစုအသိုင်းအဝိုင်းကြောင့် ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင် သွားရာလမ်းကနေ ရှောင်ဖယ်သွားခြင်း မပြုမိပါစေနဲ့။
လွယ်လွယ်အရှုံးပေးတက်ခြင်း

Source: Having Time
အောင်မြင်မှုပန်းတိုင်ဆီကို သွားတဲ့လမ်းဟာ လူအများထင်ထားသလို စိတ်ကူးထားသလို ဖြောင့်ဖြူးမနေပါဘူး။ အခက်အခဲတွေ စိတ်ဓာတ်ကျစရာတွေ အတိုက် အခိုက်တွေအများကြီး ကြုံရတက်ပါတယ်။ ဒီလို ကြုံရတဲ့အခါမှာ လက်မြောက်အရှုံးပေးမယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်ဆီကို ဘယ်တော့မှရောက်မှာ မဟုတ်ပါဘူး။
Comfort Zone မှာ သာယာနေခြင်း

Source: KnowKPOP
တစ်ချို့လူတွေရှိပါတယ်။ လက်ရှိအခြေအနေကို ကျေနပ်နေတဲ့လူတွေ၊ အလုပ်ကို ဒီထက်ပိုပြီး မလုပ်ချင်တဲ့လူတွေ မကြိုးစားချင်တဲ့လူတွေ ရှိပါတယ်။ ဒီလူတွေဟာ Comfort Zone ထဲမှာ သာယာနေတဲ့လူတွေဖြစ်ပါတယ်။ ကိုယ်က ရည်မှန်းချက်ကြီးကြီးထားထားတယ်ဆိုရင် တခြားလူတွေထက်ပိုပြီး အလုပ်လုပ်ရမယ်။ ကြိုးစားရမယ်။ လက်ရှိအခြေအနေနဲ့ ကျေနပ်နေလို့ မရပါဘူး။
