စိတ်ဖိစီးမှုဆိုတာ အချိန်မရွေးနေရာမရွေး ရောက်တက်တာမျိုးပါ။ သင့်နေထိုင်တဲ့အိမ်ထဲမှာလည်း စိတ်ဖိစီးမှုတွေကိုဖြစ်ပေါ်စေနိုင်တဲ့အရာတွေများစွာရှိတယ်ဆိုတာသိပါသလား။ ဒီနေ့ဆောင်းပါးလေးမှာတော့ သင့်ကိုစိတ်ဖိစီးမှုဖြစ်စေတဲ့ သင့်အိမ်အတွင်းက အရာတွေအကြောင်းပြောပြပေးချင်ပါတယ်။ ဘယ်လိုအရာတွေဖြစ်မလဲဆက်ဖတ်ကြည့်လိုက်ရအောင်။

(၁) ရှုပ်ပွနေတဲ့ပစ္စည်းများ

Source : Rad Junk Removal

သင့်နေအိမ်ဟာ ရှုပ်ပွနေရင် သင့်ရဲ့ စိတ်ကိုလည်း ရှုပ်ထွေးညစ်နွမ်းလာစေနိုင်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်အိမ်မှာ အသုံးမလိုတော့တဲ့ပစ္စည်းတွေ စာရွှက်စာတမ်းတွေ အမှိုက်တွေအားလုံးကိုရှင်းထုတ်လိုက်ပါ။ သင့်ရဲ့အိမ်ခန်းလေးက သန့်ရှင်းသပ်ရပ်နေရင် စိတ်လူကိုယ်ပါ ကြည်လင်လန်းဆန်းနေစေမှာဖြစ်ပါတယ်။

(၂) တီဗီ

Source : FreeImages.com

တချို့လူတွေမှာ သူတို့ကိုယ်တိုင်သတိမထားမိတဲ့ အလေ့အကျင့်တစ်ခုရှိပါတယ်။ အဲ့ဒီအလေ့အကျင့်က သူတို့ဟာအိမ်ကိုပြန်ရောက်တာနဲ့ တီဗီခလုတ်ကိုနှိပ်မိတာပါပဲ။ တီဗီကြည်သည်ဖြစ်စေ မကြည်သည်ဖြစ်စေ တီဗီကိုဖွင့်ထားမိတက်ပါတယ်။ တကယ်တော့ တီဗီကလာတဲ့ဆူညံသံတွေဟာ သင့်ရဲ့စိတ်ကိုပိုပြီးဖိစီးမှုတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ကိုယ်တီဗီကြည့်ဖို့မအားသေးဘူးဆိုရင် ပိတ်ထားလိုက်ပါ။

(၃) Junk Food

Source : Insider

စိတ်ဖိစီးမှုဆိုင်ရာ သုတေသနအဖွဲ့အစည်းတခုရဲ့ အဆိုအရတော့ လူတစ်ယောက်ရဲ့စိတ်ဖိစီးမှုပမာဏဟာ သူစားလိုက်တဲ့ အစားအစာတွေနဲ့ပတ်သတ်ပြီး တိုက်ရိုက်ဆက်နွယ်နေတယ်လို့ဆိုပါတယ်။ Junk Food နဲ့ ကဖိန်းဓာတ်မြင့်မားတဲ့ အစားအသောက်တွေက စိတ်ဖိစီးမှုကိုတိုးစေတာကြောင့် အိမ်မှာဒီလိုအစားအစာတွေကို အမြဲမပြတ်ဝယ်မထားသင့်ပါဘူး။ Junk Food နဲ့ ကဖိန်းဓာတ်မြင့်မားတဲ့ အစားအသောက်တွေအစား ဗီတာမင်ဓာတ် သတ္တုဓာတ်ကြွယ်ဝတဲ့အစားအစာတွေကိုသာ စားသုံးပေးသင့်ပါတယ်။

(၄) မှန်

Source : Top Santé

ကိုယ်လုံးပေါ်အလှကြည့်မှန်တွေက အိမ်တအိမ်အတွက် အလှဆင်စရာကောင်းတဲ့အရာတွေလို့သင်ထင်နေပါသလား။ လန်ဒန်မှာရှိတဲ့ စိတ်ရောဂါကုသမှုဌာနရဲ့ သုတေသီများမှ လူအယောက် (၅၀) ကိုလေ့လာမှုတစ်ခုပြုလုပ်ခဲ့ရာ အဆိုပါလူတွေဟာ မှန်ထဲမှာမြင်နေရတဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ရုပ်ရည်သွင်ပြင်နဲ့ ပတ်သတ်ပြီး စိတ်ဖိစီးမှုတွေခံစားကြတယ်လို့ဆိုပါတယ်။ လူအများစုကလည်း မှန်ထဲမှာမြင်ရတဲ့ သူတို့ရဲ့ရုပ်ရည်သွင်ပြင်နဲ့ပတ်သတ်ပြီး အလိုမကျခြင်း အားမလိုအားမရဖြစ်ခြင်းတွေဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မှန်ကြည့်တဲ့ အကြိမ်အရေတွက်ကို သတ်မှတ်ထားသင့်ပါတယ်။