လူတိုင်းနီးပါး ချမ်းသာချင်ကြပါတယ်။ ချမ်းသာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း နည်းလမ်းတွေရှာဖွေကြပါတယ်။ တစ်ချို့က ထီပေါက်ပြီး ချမ်းသာမှာကိုမျှော်ကိုးကြတယ်။ တစ်ချို့ကကြတော့ ချမ်းသာလာအောင် ပိုက်ဆံကိုကြိုးစားပြီး ရှာကြတယ်။ ချမ်းသာတဲ့လူတွေအများစုမှာ တူညီတဲ့အချက်တွေရှိကြပါတယ်။ ဘယ်လိုပဲပြောပြော ကံကောင်းပြီးချမ်းသာတဲ့လူတွေ၊ အလုပ်ကြိုးစားပြီးချမ်းသာလာတဲ့လူတွေဟာ အမှားတွေကျူးလွန်တက်ကြတယ်။ သူတို့က ပိုက်ဆံကို တကယ် မစုဆောင်းနိုင်ကြပါဘူး။
ဒီနေ့ kwee ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ ချမ်းသာတဲ့လူနဲ့ပုံမှန်လူတန်းစားကြားမှာရှိတဲ့ အမူအကျင့်ခြားနားချက်လေးတွေအကြောင်းပါ။
လူတွေနဲ့မတွေ့ဆုံတာ

Source: AppGrooves
ချမ်းသာတဲ့လူတွေဟာ မိတ်ဆွေအသစ်တွေနဲ့တွေ့ရတာကို သဘောကျကြတယ်။ ချမ်းသာတဲ့လူ (၆၈) ရာခိုင်နှုန်းက သူတို့မသိတဲ့လူတွေနဲ့ တွေ့ဆုံရတာ ကြိုက်နှစ်သက်ကြတယ်လို့ လေ့လာမူတစ်ရပ်က ဆိုထားပါတယ်။ သူတို့တွေဟာ အားလပ်ရက်တွေမှာ မိတ်ဟောင်းဆွေဟောင်းတွေနဲ့သာမက မိတ်ဆွေအသစ်တွေနဲ့ပါ အချိန်ဖြုန်းလေ့ရှိကြတယ်။
ကံကိုယုံကြည်ခြင်း

Source: Solving Linear Algebra Problems
တစ်ချို့အခြေအနေတွေမှာ ကံတရား (သို့) ကံကြမ္မာ ကိုယုံကြည်လို့ရပါတယ်။ ဒါပေမယ့် တကယ့်အရေးကြီးတဲ့ အခြေအနေတွေရောက်လာတဲ့အချိန်မှာ ချမ်းသာတဲ့လူတွေဟာ သူတို့ဘဝရဲ့လမ်းကြောင်းကို သူတို့ကိုယ်တိုင် ရွေးချယ်လျှောက်လှမ်းကြတယ်။ ဆင်းရဲတဲ့လူတွေရဲ့ (၉၀) ရာခိုင်နှုန်းလောက်ကတော့ သူတို့လုပ်တာမအောင်မြင်ရင် ကံတရား ကိုအပစ်ပုံချကြတယ်။ ပြီးတော့ ဗေဒင်ယတြာတွေ နဲ့ ထီတွေအပေါ်မှာ ပိုက်ဆံသုံးဖြုန်းတက်ကြတယ်။
မိမိလုပ်နေတဲ့အလုပ်ကို မုန်းတာ

Source: The Muse
“အခုလုပ်နေရတဲ့အလုပ်ကို ချစ်တယ်” ဒီစကားက (၈၅) ရာခိုင်နှုန်းသော ချမ်းသာတဲ့လူတွေရဲ့ စကားပါ။ ဆင်းရဲတဲ့လူတွေကတော့ သူတို့လုပ်နေရတဲ့ အလုပ်ကို အကျိုးမရှိဘူးလို့ မြင်တက်ကြတယ်။ ဒီလိုစိတ်ထားမျိုးရှိရင် ဝင်ငွေတိုးတက်အောင်လုပ်ဖို့ အင်မတန်ခဲယဉ်းပါလိမ့်မယ်။ တကယ်လို့ ယခုလုပ်နေရတဲ့အလုပ်ကို မကြိုက်နှစ်သက်ဘူးဆိုရင် ငြီးငြူနေမယ့်အစား အလုပ်ပြောင်းဖို့ကြိုးစားပါ။
ကျန်းမာရေးကို ဂရုမစိုက်တာ

Source: The Healthy
ချမ်းသာတဲ့လူတွေဟာ သူတို့ကျန်းမာရေးကောင်းမွန်နေဖို့အတွက် အချိန်တွေအများကြီးပေးကြတယ်။ ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ ကျန်းမာတဲ့နေထိုင်စားသောက်မူပုံစံ ပြောင်းလဲတာ (ချမ်းသာတဲ့လူတွေရဲ့ (၆၈) ရာခိုင်နှုန်းဟာ တစ်ပက်ကို (၄) ကြိမ်ခန့် လေ့ကျင့်ခန်းလုပ်ကြတယ်)၊ အလေ့အကျင့်ဆိုးတွေကို ဖျောက်ပစ်တာ စသဖြင့် အချိန်ပေးပြီး လုပ်တက်ကြတယ်။ ဝင်ငွေနည်းတဲ့ လူတွေရဲ့ (၁၃) ရာခိုင်နှုန်းလောက်ကသာ အောင်မြင်မူနဲ့ကျန်းမာရေး ဆက်စပ်မူကို သိကြတယ်။
အသုံးအဖြုန်းကြီးတာ

Source: Crown Finacial Ministries
ဆင်းရဲတဲ့လူတော်တော်များများဟာ သူတို့ရှာနိူင်တာထက် ပိုပြီးသုံးကြတယ်။ သူတို့တွေဟာ ဈေးကြီးတဲ့ ဖုန်းတွေ၊ အဝတ်အစားတွေကို မှဝယ်ဝတ်ချင်ကြတယ်။ ချမ်းသာတဲ့လူတွေမှာကြတော့ ဝင်ငွေကို ကောင်းမွန်စွာစီမံခန့်ခွဲတက်ကြတယ်။
ချမ်းသာတဲ့လူတွေရဲ့ ဝင်ငွေစီမံခန့်ခွဲမှု
- ၂၀% – စုတယ်
- ၂၅% – အိမ်ငှားခ (သို့) အိမ်အတွက်သုံးတယ်
- ၁၅% – အစားအသောက်အတွက် သုံးတယ်
- ၁၀% – ဖျော်ဖြေရေးအတွက် သုံးတယ်
- ၅% – ကား (သို့) ဆိုင်ကယ် (သို့) လမ်းစရိတ်
- ကျန်တဲ့ ငွေတွေကိုတော့ အဝတ်အစား၊ ဆေးဝါးပစ္စည်းနဲ့ ပညာသင်ကြားဖို့အတါက် အသုံးပြုကြတယ်။
