မိန်းကလေးတိုင်း စိတ်ဝင်စားခံရတဲ့ လူတစ်ယောက်ဖြစ်ဖို့ ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ သင့်မှာ ထိုက်သင့်တဲ့ ရုပ်ရည် ၊ ပညာနဲ့ ပစ္စည်းဥစ္စာ ရှိရင်တောင် မိန်းကလေးတွေရဲ့ ခေါင်းထဲက ပေတံမှာ တန်းမဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီတစ်ခါမှာတော့ မိန်းကလေးတွေ စိတ်ဝင်စားအောင် ဘယ်လို နေရမလဲ ဆိုတာထက် သူတို့စိတ်ထဲ လူတစ်ယောက်ကို အာရုံမလာတဲ့ အ‌ကြောင်းရင်းတစ်ချို့ကို မျှဝေချင်တာပါ။

(၁) သူမလောက် ငွေမရှာနိုင်သူ

Photo: Pink News

၂၀၁၅ ခုနှစ်က စီးပွားရေးဂျာနယ်တစ်စောင်ကနေ လူတွေရဲ့ အပြုအမူတွေကို စစ်တမ်းထုတ်ခဲ့ပါတယ်။ ဒီလေ့လာချက်အရ အမျိုးသမီးတွေဟာ သူ့ ယောင်္ကျားထက် ဝင်ငွေပိုကောင်းရင် အဲ့မိသားစုဟာ ပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို့ နည်းသွားတယ်တဲ့။ အမျိုးသမီးက အိမ်ထောင်မှု ဦးဆောင်ရတယ်ဆိုရင် ပိုတောင် ဆိုးပါတယ်။ အမျိုးသမီးတွေဟာ သူတို့လောက် မစွမ်းဆောင်နိုင်တဲ့ ယောင်္ကျားကို အထင်တောင်သေးတတ်ပါတယ်။

(၂) ပျော်ပျော်နေတတ်လွန်းသူ

Photo: Askmen

ဒီအချက်ကလည်း စိတ်ဝင်စားစရာပါ။ ၂၀၁၁ ခုနှစ်က သုတေသီတွေဟာ ဆန့်ကျင်ဘက် ကျား/မ တွေရဲ့ ဓါတ်ပုံပေါင်း ၁၀၀၀ ကို သုံးပြီး လူတွေရဲ့ ဆွဲဆောင်မှုကို လေ့လာခဲ့ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေ စိတ်ထဲမှာ ဆွဲဆောင်မှု ရှိတယ်လို့ ထင်သူရဲ့ ပုံဟာ မာနဝင်နေတဲ့ သူတွေရဲ့ ပုံတွေ ဖြစ်နေပါတယ်။ နောက်ထပ် ထူးဆန်းတာက ပျော်ရွှင်တဲ့ပုံ ပေါက်နေချိန်မှာ ဆွဲဆောင်မှု သိပ်မရှိဘူးလို့လည်း ထင်ကြတယ်လို့ စစ်တမ်းက ဆိုပါတယ်။ ယောင်္ကျားလေးတွေကတော့ ပြောင်းပြန်ပါ။ သူတို့ကတော့ မိန်းကလေးတွေ ပျော်နေရင် ဆွဲဆောင်မှု ရှိတယ်လို့ ထင်ပြီး မာနကြီးတဲ့ပုံဆိုရင် စိတ်ထဲ ဆွဲဆောင်မှု ရှိတယ် မထင်ဘူးလို့ ပြောပါတယ်။

(၃) သူမကို အထင်ကြီးသူ

Photo: Freepik

ယုံချင်မှ ယုံပါ။ မိန်းကလေးတွေဟာ သူတို့ကို မင်းသမီးလေးလို ဆက်ဆံသူတွေကို သိပ်သဘောမတွေ့ပါဘူးတဲ့။ ၂၀၁၄ ခုနှစ်က လူမှုဘဝနဲ့ တစ်ဦးချင်း ဆက်ဆံရေး ဂျာနယ်ကနေ တွေ့ဆုံခဲ့တဲ့ စုံတွဲ ၉၉ ခုကို လေ့လာရာမှာ မိန်းကလေးတွေဟာ သူတို့ကို လမ်းညွှန်ကွပ်ကဲနိုင်တဲ့ ယောင်္ကျားကို သဘောတွေ့တယ်လို့ ဆိုပါတယ်။ သူတို့ကို မြှောက်ပင့်လိမ်ညာနေတဲ့ ယောင်္ကျားလေးတွေကို စိတ်မပါပါဘူးတဲ့။

(၄) သန့်သန့်ပြန့်ပြန့် နေထိုင်မှု အားနည်းသူ

Photo: Freepik

မိန်းကလေး ၁၀ ယောက်မှာ ၉ ယောက်ဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့ ယောင်္ကျားလေးတွေကို သဘောမကျ ကြပါဘူး။ သင့်ဆံပင်က ဖိုးရိုးဖားယား ၊သင့်ကိုယ်နံ့ကလည်း ဆိုးဆိုးရွားရွား ဆိုရင် သင် အနားကပ်လာတာကို မကြိုက်တဲ့ မိန်းကလေးတွေလည်း အများသား ဖြစ်မှာပါ။