လိင်မှုဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ လိင်ဆက်ဆံပြီး အခိုက်အတန့်တွေဟာ သိပ်ကိုအရေးကြီးတယ်လို့ ဆိုထားပါတယ်။ ကိုယ့်ပါတနာနဲ့ အပေးအယူမျှတတဲ့ လိင်မှုဘဝတစ်ခု ပိုင်ဆိုင်နိုင်ဖို့ မဆက်ဆံခင်မှာ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန်တွေရှိသလို ကိစ္စပြီးချိန်မှာလည်း မဖြစ်မနေလိုက်နာသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ လိင်ဆက်ဆံပြီးချိန်မှာ အမျိုးသားတိုင်း လျစ်လျူရှု့မထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) ချက်ချင်းအိပ်လိုက်တာမျိုး ရှောင်ကြဉ်ပါ

Immediately fall asleep

Photo : Men’s Health

ဆက်ဆံပြီးချိန်မှာ အိပ်ချင်တာ ၊ အိပ်ငိုက်တာတွေ ဖြစ်တက်က သဘာဝပါပဲ။ သို့သော်လည်း ကိစ္စပြီးပြီးချင်း ချက်ချင်းအိပ်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ ပါတနာအပေါ် ဂရုမစိုက်ရာရောက်စေနိုင်တယ်ဆိုတာကိုလည်း သတိပြုမိဖို့ လိုပါတယ်။ ဆက်ဆံပြီးချိန်မှာ ချက်ချင်းအိပ်လိုက်မယ့်အစား သူမနဲ့ စကားစမြည်ပြောတာ ၊ ခံစားမှုအကြောင်း မျှဝေတာမျိုးပြုလုပ်ခြင်းက သင်နဲ့သင့်ရဲ့ ပါတနာကြားမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရရှိစေမှာ ဖြစ်ပါတယ်။

(၂) TV ကြည့်တာ / ဖုန်းသုံးတာမျိုး မလုပ်ပါနဲ့

Turning on the TV or picking up phone
Photo : Times of India

တီဗီဖွင့်တာ/ ဖုန်းသုံးတာတွေကလည်း အလားတူရှောင်ကြည်ရမယ့်အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ကိစ္စပြီးချိန်မှာ ဖုန်းသုံးနေတာ Tv ကြည့်နေတာမျိုးတွေဟာ သင့်ပါတနာအနေနဲ့ သူမအပေါ် စွန့်ပစ်ထားသလို ခံစားလာရစေပြီး သင့်အတွက် သူမက အရေးမကြီးဘူးလို့ ခံစားရစေနိုင်ပါတယ်။

(၃) ခပ်ခွာခွာနေတာမျိုးမလုပ်ပါနဲ့

Be physically distant
Photo : Nzherald

ဒီအချက်ကလည်း အမျိုးသားတိုင်း လုံးဝရှောင်ကြဉ်ရမယ့် အချက်တစ်ခုပါပဲ။ ကိစ္စပြီးချိန်မှာ ကိုယ့်ပါတနာနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ခပ်ခွာခွာနေတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဥပမာအားဖြင့် သူမကိုကျောခိုင်းအိပ်နေတာမျိုး ၊ သူမရဲ့အနားမှာရှိမနေတာမျိုးပေါ့။ တကယ်တော့ ကိစ္စပြီးသွားပြီ ဆိုပေမယ့် ကိုယ်ပါတနာနဲ့ အတူ ပွေ့ဖတ်တာ ၊ နမ်းရှုံ့တာ စတဲ့အထိအတွေ့ဆက်သွယ်မှုလေးတွေ ရှိနေရမှာပဲ ဖြစ်ပါတယ်။

(၄) ကိုယ့်ပါတနာနဲ့ စိတ်ဆန္ဒကို လျစ်လျူမရှု့ပါနဲ့

Ask her to leave

Photo : Crello

လိင်မှုဆိုင်ရာမှာ အပေးအယူမျှတဖို့ရာ တစ်ဦးတစ်ယောက်ရဲ့ စိတ်ဆန္ဒကိုပဲ ကြည့်လို့မရပါဘူး။ နှစ်ဦးသားရဲ့ လိုအင်ဆန္ဒကို ထည့်တွက်ဖို့လိုသလို တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုရှိဖို့လည်း အရေးကြီးပါတယ်။ အကယ်၍ ကိုယ့်ပါတနာက နောက်တစ်ကြိမ် ထပ်ဆက်ဆံဖို့ စိတ်ဆန္ဒရှိနေသေးတယ်ဆိုရင် သင့်အနေနဲ့လည်း စိတ်အားထက်သန်မှုကို ပြသဖို့ လိုပါတယ်။ ဒါမှလည်း ပြည့်စုံမျှတတဲ့ လိင်မှုဘဝကို ရရှိနိုင်မှာဖြစ်ပါတယ်။

အကောင်းဆုံးကတော့ ဆက်ဆံပြီး အခိုက်အတန့်တွေမှာ တစ်ဦးနဲ့တစ်ဦးကြားပိုမိုရင်းနှီးမှု ရရှိစေဖို့ စကားစမြည်ပြောတာ ၊ သန့်ရှင်းရေးအတူတူလုပ်တာ ၊  ချီးမွမ်းခြင်း / တစ်ဦးနှင့်တစ်ဦးကြား လိုအပ်ချက်တွေကို ဆွေးနွေးတိုင်ပင်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို တည်ဆောက်တာာ ၊  လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ ထိတွေ့ခံစားမှုတွေကို မျှဝေတာ  ၊ ရေတူတူချိုးတာ စတဲ့အရာလေးတွေလုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Freepik