ကွီးတို့ကို မိန်းကလေးတိုင်းရဲ့ စိတ်အာရုံကိုစွမ်းဆောင်နိုင်မယ့် အတက်ပညာလေးတွေ ပြောပြမယ်ဆိုရင် စိတ်ဝင်စားလား?။ တကယ်တော့ ဒီအတက်ပညာလေးတွေဟာ မဖြစ်မနေတက် မြောက်ထားသင့်တယ်လို့ မဆိုလိုပေမယ့် တက်ထားမယ် သင်ယူထားမယ်ဆိုရင် သင့်ချစ်သူကောင်မက သင့်မှသင်ဖြစ်နေမှာသေချာသလောက်ရှိပါတယ်။ ကဲအချိန်မဆွဲပဲ ဘယ်လိအတက်ပညာတွေကွီးတို့တက်ထားသင့်လဲဆိုတာ ပြောပြလိုက်ပါတော့မယ်နော်။

ဂစ်တာတီးတက်ခြင်း

Beautiful couple spend time in an autumn

Source : Freepik

ဒီအချက်ကတော့ ယောကျာ်းလေးတော်တော်များများလည်း သဘောကျမှာပါ။ဂစ်တာလေးခေါက်ပြီး သီချင်းငြီးတက်တဲ့ ကွီးတွေကတော့ ကောင်မလေးတွေအတွက် အRoဆုံးလူသား တွေပါပဲ။မိန်းကလေးအများစုက ဂစ်တာတီးပြီးသီချင်းဆိုတက်တဲ့ကောင်လေးတွေကို အရမ်းကြွေကြပါတယ်။သင့်သာ ဂစ်တာတီးကျွမ်းကျင်ပြီး အသံကောင်းကောင်းနဲ့ သီချင်းဆိုတက်တဲ့သူတစ်ယောက်ဆိုရင်တော့ ညတိုင်းဂီတာတီးပြီးသီချင်းဆိုပြမှ ကျေနပ်မယ့် အမာခံပရိသတ်က သင့်ကောင်မလေးပဲဆိုတာ သေချာပေါက်တွက်ထားလိုက်ပါ။

ကဗျာရေးတက်ခြင်း

 cheerful young couple in their new apartment. conception of moving

ယနေ့ခေတ်လိုဖုန်းတွေ ဆိုရှယ်မီဒီယာတွေ မပေါ်သေးတဲ့ အရင်တုန်းကအချိန်တွေကိုပြန်လည်မြင်ယောင်ကြည်မယ်ဆိုရင် အဲ့ဒီခေတ်က ကဗျာတွေ စာတွေက မိန်းကလေးတွေရဲ့ အသဲကိုလှုပ်ခတ်နိုင်ဆုံးအရာတွေပါ။ကိုယ်သဘောကျတဲ့ကောင်မလေးကို ကဗျာလေးတွေရေးပြီးပို့တာ စက္ကူမှာကဗျာရေးပြီး အရုပ်လေးခေါက်ပြီးပေးတယ်ဆိုတာက အဲ့ဘက်ခေတ်ကအရမ်းကို Ro ကြတဲ့လုပ်ရပ်လေးတွေပါ။ မိန်းကလေးတွေကလည်း နုနုယွယွကဗျာလေးတွေဆိုရင် အရမ်းကိုနှစ်သက်ကြတာကြောင့် သင့်အနေနဲ့ ကဗျာစာအုပ်တွေ များများဖတ်ပြီး ကဗျာချို ချိုလေးတွေရေးတက်ဖို့လည်း ေ့လကျင့်ထားသင့်ပါတယ်။

ဟင်းချက်တက်ခြင်း

calm relaxed young girl wearing gorgeous pink dress and posing in it while her boyfriend taking photos

Source : Freepik

ထမင်းဟင်းချက်တဲ့ မီးဖိုချောင်တာဝန်က မိန်းကလေးတွေရဲ့ တာဝန်ပဲလို တစ်ထစ်ချသတ်မှတ်ထားရင်တော့ သင်လုံးဝကို မှားသွားပါလိမ့်မယ်။ယနေ့ခေတ်မှာ နာမည်ကျော်ကြားတဲ့ ကမ္ဘာတစ်ဝှမ်းက Chef တွေကိုကြည့်လိုက်မယ်ဆိုရင် ယောကျာ်းလေးတွေအများစုဖြစ်နေတာကို သတိထားမိမယ် ထင်ပါတယ်။မိန်းကလေးတိုင်းလိုလိုလည်း သူတို့ချစ်သူကောင်လေး ချက်ကျွေးတဲ့လက်ရာကိုနှစ်သက်ခုံမင်စွာစားချင်ကြတာပါ။ဒါကြောင့်သင့်အနေနဲ့ ကိုယ်ချစ်သူကောင်မလေးရဲ့ အချစ်တွေ အားလုံးကိုသိမ်းပိုက်နိုင်ဖို့အတွက် အရသာရှိတဲ့ဟင်းကောင်းတစ်ပွဲတော့ ချက်တက်အောင်လေ့လာထားသင့်ပါတယ်။

ဓာတ်ပုံရိုက်တက်ခြင်း

calm relaxed young girl wearing gorgeous pink dress and posing in it while her boyfriend taking photos

Source : Freepik

မိန်းကလေးတွေသဘောအကျဆုံးအရာတစ်ခုက ဓာတ်ပုံရိုက် ကူးခြင်းပါ။သူမတို့ဟာဘယ်နေရာပဲရောက်ရောက် ဘာပဲလုပ်လုပ်ဓာတ် ပုံရိုက်ကူးလေ့ရှိကြပါတယ်။ဒါကြောင့်ဓာတ်ပုံဆ ရာတွေကဆော်ကြည်တာလို့ပြောရင်မမှားနိုင်ပါဘူး။ကွီးတို့ အနေနဲ့ကတော့ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတစ်ယောက် လိုဆရာကျကျဓာတ်ပုံရိုက်တက်စရာမလိုပါဘူး။ဒါပေမယ့် Lighting နောက်ခံ Background ပို့စ်ပေးပုံပေးနည်းလေးတွေ စတဲ့အခြေခံသဘောတရားလေးတွေတော့ တီးမိခေါက်မိ ရှိထားပြီး အနုပညာမျက်စိနဲ့ကြည့်မြင်တက်ရင်ပိုကောင်းပါတယ်။သူမအတွက်ဓာတ်ပုံလှလှလေးရိုက်ပေးနိုင်ရင်တော့သင့်ကိုအချစ်တွေပိုမှာသေချာပါတယ်နော်။