MMA နဲ့ UFC ပြိုင်ပွဲတွေရဲ့ ကွားခြားချက်တွေကဘာတွေဖြစ်မလဲ။ပြိုင်ပွဲရဲ့စည်းကမ်းချက် တွေကိုကော ဘယ်လိုတွေသက်မှတ်ထားကြသလဲ။အခု kwee page ကနေဒီကြောင်းတွေကို အသေးစိတ်ပြောပြပေးသွားမှာပါ။

ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ (MMA) ကဘယ်လိုပြိုင်ပွဲမျိုးလဲ

Source: Your MMA.tv

ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲကကမ္ဘာပေါ်မှာ လျင်လျင်မြန်မြန်ပဲ ကြီးထွားလာနေတဲ့ အားကစားတမျိုးပါ။ MMA ဟာ jiu-jitsu၊ kick-boxing၊ tae kwon do၊ နပန်းနဲ့ဂျူဒို စတဲ့ အားကစားတွေ မျိုးစုံပါဝင်ပေါင်းစပ်ထားတဲ့ အားကစားနည်းတစ်မျိုးပါ။ချန်ပီယံခါပက်လု ပွဲ မဟုတ်ရင်တပွဲကို ၃ ချီကနေ ၅ ချီအထိထိုးသတ်လေ့ရှိပါတယ်။တစ်ချီဆီကို ၅ မိနစ်ကြာမြင့်ပါတယ်။

MMA ကအားကစားပါ UFC မဟုတ်ပါဘူး

Source: MMA Mania

MMA ကိုအများကအားကစားနည်းတခုအနေနဲ့ သက်မှတ်ထားပါတယ်။ UFC ကတော့ အားကစားနည်းတခုမဟုတ်ပါဘူး။ထိပ်တန်းအဖွဲအစည်းတခုရဲ့ နာမည်ပါ။ဥပမာ ဘက်စကက်ဘောဟာအားကစားနည်း တခုဖြစ်ပြီးတော့ NBA ကအသင်းအဖွဲတခုဖြစ်တာနဲ့တူပါတယ်။ဘောလုံးက အားကစားနည်းတခုဖြစ်ပြီးတော့ ဖီဖာ (FIFA) ကအဖွဲအစည်းတခု လိုမျိုးပါပဲ။ဒါကြောင့် MMA ကအားကစား UFC ကအဖွဲ့အစည်းလို့ မှတ်ယူလို့ရပါတယ်။

စည်းမျည်းများ

Source: Bloody Elbow

လူအများကတော့ MMA ပြိုင်ပွဲတွေမှာ စည်းမျည်းတွေမရှိဘူးလိုထင်ထားကြပါတယ်။တကယ်တော့ စည်းမျည်းစည်းကမ်းတွေအများကြီးပါ။တမ္ဘာလုံးမှာသုံးတဲ့ စည်းမျည်းတွေက အတူတူတွေပါပဲ။စည်းမျည်းတွေက အရမ်းတင်းကြပ်လွန်းပါတယ်။စင်အရွယ်အစား၊လက်အိတ်သတ်မှတ်ချက်၊ ပြစ်ဒဏ်ကျူးလွန်တာတွေနဲ့ အခြားစည်းမျည်းတွေအများကြီးကို တိတိကျကျလိုက်နာရပါတယ်။MMA ဖိုက်တာတွေက ဒီစည်းမျည်းတွေကို တခုမကျန်နားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ စည်းမျည်းမလိုက်နာတဲ့ ဖိုက်တာတွေဟာအမှတ်လျှော့ခံရတာ ပြိုင်ပွဲကနေထုတ်ပယ်ခံရတာတွေအထိ အရေးယူခံရပါတယ်။

MMA မှာအသုံးပြုတဲ့ စည်းမျည်းတချို့ကို ကွီးပရိတ်သက်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်

  • ပြိုင်ဖက်က ဒူးထောက်ထားတဲ့အချိန် ဒူးကိုအသုံးပြုပြီးတိုက်ခိုက်ခြင်းမပြုရ
  • ခေါင်းနောက်ဖက်ခြမ်း သို့မဟုတ် ကျောရိုးကို မတိုက်ခိုက်ရ
  • ခေါင်းနဲ့မတိုက်ရ
  • မျက်လုံးကို မကလော်ရ
  • မကိုက်ရ
  • မကုတ်ခြစ်ရ
  • အပေါက်တွေကိုမနိုက်ရ
  • ဆံပင်မဆွဲရ
  • လည်ပင်းကို မညစ်ရ (သို့) မတိုက်ခိုက်ရ
  • လက်ချောင်းခြေချောင်းတွေကိုမချိုးရ

အထက်ပါအချက်များအပြင် အခြားစည်းကမ်းချက်တွေ အများကြီးရှိပါသေးတယ်။

ဝိတ်တန်းများ

UFC မှာ လက်ရှိ ကျင်းပနေတဲ့ ဝိတ်တန်းများ

Flyweight up to 125 lbs

Bantamweight over 125 to 135 lbs

Featherweight over 135 to 145 lbs

Lightweight over 145 to 155 lbs

Welterweight over 155 to 170 lbs

Middleweight over 170 to 185 lbs

Light Heavyweight over 185 to 205 lbs

Heavyweight over 205 to 265 lbs

အမှတ်ပေးစည်းမျဉ်း

Source: MMA Fighting

ပြိုင်ပွဲဝင်နှစ်ယောက်ရဲ့ရမှတ်တွေကိုတော့ ဒိုင်လူကြီး ၃ ရောက်က ဆုံးဖြတ်ရတာပါ။နည်းစနစ်ပိုင်းကျွမ်းကျင်မှု၊ ထိရောက်တဲ့ထိုးချက်တွေ၊စင်ပေါ်မှာစိုးမိုးနိုင်မှု၊ခုခံကာကွယ်နိုင်မှုစတဲ့ အချက်တွေပေါ်မှုတည်ပြီး အမှတ်ပေးကြပါတယ်။အမှတ်ကိုတော့ ၁၀ မှတ်အများဆုံးပေးပြီး အနိုင်ရတဲ့သူက (၁၀) မှတ်ထိရပြီးတော့ ရှုံးနှိမ့်တဲ့သူကတော့ ၉ မှတ်ဒါမှမဟုတ် ၉ မှတ်ထက်နည်းတဲ့ ပမာဏကို ရရှိမှာဖြစ်ပါတယ်။တခါတလေမှာ ၁၀-၁၀ ဖြစ်သွားတဲ့ အခါလည်းရှိတတ်ပါတယ်။

MMA ဖိုက်တာတွေကကျွမ်းကျင်တဲ့ အားကစားသမား(မယ်)တွေဖြစ်ကြပါတယ်

Source: Mirror

MMA ဖိုက်တာတယောက်ဖြစ်ဖို့ နှစ်တွေအများကြီးလေ့ကျင့်ယူရပါတယ်။ ဖိုက်တာတော်တော်များများက ဘွဲ့ရပညာတတ်တွေ ဖြစ်ပြီးတော့ ကျောင်းကနေကျင်းပပေးတဲ့ နပန်းပြိုင်ပွဲတွေကနေတဆင့် MMA ဖိုက်တာဖြစ်လာကြတဲ့သူတွေပါ။Rosi Sexton ဟာဆိုရင် UK ရဲ့ ပထမဆုံး UFC ဖိုက်တာ အမျိုးသမီးတယောက်ဖြစ်ပြီးတော့ Cambridge ကနေတောင် ဘွဲ့ရထားတဲ့သူပါ။

ပြိုင်ပွဲကဘယ်လိုအဆုံးသက်လဲ

ပြိုင်ပွဲကနည်းအမျိုးမျိုးနဲ့ အဆုံးသက်နိုင်ပါတယ်။ ချုပ်ကွက်၊ အလဲထိုး၊ ဒိုင်ရဲ့ဆုံးဖြတ်ချက်၊ သရေပွဲ နဲ့ အရှုံးပေး စသဖြင့်အမျိုးမျိုးရှိပါတယ်။ Bottom of Form ပွဲကျင်းပနေစဉ် တစုံတရာပြသာနာ ဖြစ်တဲ့အတွက်ကြောင့် ပွဲရပ်နားခြင်းမျိုးလည်းရှိပါတယ်။