တစ်ခါတစ်လေမှာ ငယ်စဉ်ကတည်းကခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေဟာ မိသားစုဝင်တွေလိုပါပဲ။ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျသိကြသလို တစ်ယောက်စိတ်ကိုလည်းတစ်ယောက်ကနားလည်နိုင်ကြပါတယ်။

ဒီနေ့တော့ kwee page ကနေ ငယ်စဉ်ကတည်းက ခင်ကြတဲ့ငယ်သူငယ်ချင်းတွေသာ နားလည်နိုင်ကြတဲ့ အရာတွေအကြောင်း ပြောပြပေးသွားမှာပါ။

အချင်းချင်းကြားမှာ ရှက်စရာတွေသိပ်မရှိကြတော့ဘူး

ငယ်စဉ်ကတည်းက အတွင်းကျကျသိခဲ့ကြတဲ့လူတွေဆိုတော့ တစ်ယောက်ရှေ့မှာတစ်ယောက် လွယ်လွယ်နဲ့ မရှက်တတ်ကြတော့ဘူး။ ဘယ်လိုကိစ္စတွေဖြစ်ဖြစ် သူတို့တွေရှေ့မှာ လုပ်ပြရမှာ မရှက်တတ်ကြတော့ဘူး။

တစ်ယောက်ရဲ့လိမ်နေတာကိုတစ်ယောက်က ချက်ခြင်းသိကြတယ်

သူတို့တွေက သင့်ရဲ့လိမ်နည်းကို အကုန်နီးပါသိနေတတ်ကြတယ်။ သူတို့ကို အရူးလုပ်ဖို့ဆိုတာ မလွယ်တော့ဘူး။ ဒါပေမယ့် အခြားတစ်ယောက်ယောက်ကို မလှိမ့်တပက် လုပ်ဖို့ကိုတော့ သူတို့တွေက ကူညီတတ်ကြတယ်။

အခြားသူငယ်ချင်းအသစ်တွေနဲ့ သွားလည်တာတွေသိရရင် သဝန်တိုကြတယ်

မိမိရဲ့အချစ်ဆုံးသူငယ်ချင်းက အခြားကိုယ်မဟုတ်တဲ့ သူငယ်ချင်းအသစ်ရသွားတယ်လို့ကြားရင်တောင် သဝန်တိုတတ်ကြပါတယ်။ စိတ်ထဲမှာ ကိုယ့်နေရာကို ဘယ်သူမှအစားမထိုးနိူင်ဘူးလို့သိပေမယ့် သဝန်တိုတဲ့ခံစားချက်ကတော့ ရှိနေဆဲပါပဲ။

နှစ်ကိုယ်ကြားသာ သိကြတဲ့ဟာသတွေရှိကြတယ်

တစ်ခါတစ်လေ နှစ်ယောက်သားဟာသတွေပြောပြောပြီး ရီနေကြပေမယ့် တခြားလူတွေက ကြောင်စီစီကြည့်နေတတ်ကြတယ်။ ဘာလို့လဲဆိုတော့ ပြောနေတဲ့ ဟာသတွေက နှစ်ကိုယ်ကြားသိတဲ့ ဟာသတွေဖြစ်နေလို့ပါပဲ။ တစ်ခါတစ်လေကြတော့လည်း ဘာမှတောင်မပြောရသေးဘဲ စကားစရုံသာရှိသေးပေမယ့် တစ်ယောက်ပြောချင်တာကို တစ်ယောက်ကကြိုသိနေပြီး နှစ်ယောက်သား ဟားနေတတ်ကြတဲ့အချိန်တွေလည်း ရှိကြတယ်။

တစ်ယောက်ကိုတစ်ယောက် မိသားစုဝင်တွေထက်တောင် ပိုသိကြတယ်

သူတို့တွေဆီမှာ မိသားစုဝင်တွေနဲ့ ပြောလို့မရတဲ့ အကြောင်းအရာတွေရှိတတ်ကြတယ်။ ဒီလိုကိစ္စတွေကိုကြတော့ အခင်ဆုံးသူငယ်ချင်းတွေကို ပြောပြထားကြတယ်။ ဒါကြောင့် တစ်ခါတစ်လေ မိသားစုတင်တွေတောင် မသိတဲ့ကိစ္စတွေကို ငယ်သူငယ်ချင်းတွေက သိနေတတ်ကြပါတယ်။

Source: Bright Side