ကျွန်တော်တို့ ဝတ်ဆင်နေတဲ့ ဖက်ရှင်တွေဟာ အမြဲတမ်း ခေတ်မီနေတာတော့ မဟုတ်ပါဘူး။ ကာလအလျောက် တစ်ချို့ဖက်ရှင်တွေက Out of Style ဖြစ်ကုန်ပါပြီ။ လူမှုပုံစံအပြောင်းအလဲတွေကြောင့် Out of Style ဖြစ်သွားတဲ့ ဖက်ရှင်တွေထဲက အမျိုးသားဝတ်ဖက်ရှင် ၅ မျိုးအကြောင်းလည်း ပြောပြချင်ပါတယ်။
(၁) Skinny Jeans

Photo: Flickr
အသားကပ် Jeans Pants တွေ ဖြစ်တဲ့ Skinny Jeans ဟာ တစ်ခါက လူကြိုက်များခဲ့တဲ့ ဖက်ရှင်ဆိုတာ မမှားပါဘူး။ ၂၀၁၄ ခုနှစ်က Jeans ဈေးကွက်တစ်ခုလုံးဟာ ဒေါ်လာ ၁၀၈ ဘီလျံအထိ တန်မယ်လို့ Euromonitor က ခန့်မှန်းခဲ့ပါတယ်။ ဒီထဲက ၇၆% ဟာ Skinny Jeans တွေလို့ ဆိုပါတယ်။ အခု ၂၀၂၀ မှာတော့ Skinny Jeans အစား ကိုယ်ခန္ဓာအမျိုးအစားနဲ့ လိုက်ဖက်ပြီး အချိုးကျတဲ့ Slim-Fit နဲ့ Straight Leg Jeans ဖက်ရှင်တွေကို ပြောင်းဝတ်သင့်ပါပြီ။
(၂) Tracksuits

Photo: dicksmith
၁၉၇၀ နောက်ပိုင်းနဲ့ ၁၉၈၀ ဆန်းပိုင်းအကြားမှာ Hip-Hop ရေစီးကြောင်းနဲ့အတူTracksuits တွေဟာ နာမည်ကြီးလာခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးနောက် ၁၉၉၀ နောက်ပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်ဆန်းပိုင်းမှာ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတွေကြောင့် တစ်ကျော့ပြန် လူကြိုက်များလာခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ သင်ဟာ လေ့ကျင့်ခန်းလုပ်ဖို့ ၊ မနက်စောစော ကျန်းမာရေးလမ်းလျှောက်ဖို့အတွက်မှ မဟုတ်ရင် Tracksuit ဝတ်မှာ မဟုတ်တော့ပါဘူး။ Tracksuit လိုပဲ Rapper တွေ ဝတ်တဲ့ ဘောင်းဘီပွပွကြီးတွေလည်း ခေတ်မမှီတော့တဲ့ ဖက်ရှင်ဖြစ်လာပါပြီ။
(၃) Oversized Jeans

Photo: styleetcetera
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဆိုက်ကြီး ဂိုက်ကြီး Jeans ဖက်ရှင်ဝတ်တဲ့ ခေတ်ဖြစ်ခဲ့ပါတယ်။ ဒေးဗစ်ဘက်ဟမ်းလို နာမည်ကျော်ပုဂ္ဂိုလ်တွေကြောင့်လည်း Oversized Jeans တွေကို ပိုပြီး လူကြိုက်များခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ ဘက်ဟမ်းဟာTailored Suit နဲ့ Classic Style ဖက်ရှင်တွေ ပြောင်းဝတ်လာပါတယ်။
ဘက်ဟမ်းပြောင်းခဲ့ပေမယ့် တစ်ချို့အမျိုးသားတွေကတော့ Oversized Jeans ဖက်ရှင်ကို ဝတ်နေကြတုန်းပါပဲ။ လူငယ်တွေအကြားမှာတော့ ဒီဖက်ရှင် ဝတ်သူတွေကို ကြောင်တယ်လို့ လက်ခံထားကြပါတယ်။
(၄) Cargo Shorts

Photo: fighterxfashion
ဘောင်းဘီအတိုနဲ့ နေရတာ ကြိုက်သူတွေဟာ Cargo Short တွေ ဝတ်ဖူးကြမှာပါ။ ဘောင်းဘီအိတ်ကပ်အများကြီးနဲ့ Cargo Shorts တွေဟာ ကလေးတွေနဲ့ပဲ ပိုလိုက်ဖက်တဲ့ ဖက်ရှင်ဖြစ်ပြီး နွေရာသီမှာ သက်တောင့်သက်သာ ရှိဖို့ အများဆုံး ဝတ်ကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ ယောင်္ကျားတွေကတော့ Chino လို Trouser လို Pant တွေပဲ ဝတ်လာကြပါတယ်။
(၅) Chain Wallets

Photo: joojoobs
၁၉၅၀ ပြည့်လွန်နှစ်တွေက Biker တွေ Rocker တွေဟာ Chain တွေပါတဲ့ ဘောင်းဘီ ၊ Chain Wallet ပိုက်ဆံအိတ်တွေ နဲ့ လျှောက်သွားနေခဲ့ကြပါတယ်။ Chain Wallets တွေဟာ ပိုက်ဆံအိတ်အခိုးမခံရအောင် ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် သင့်ဖက်ရှင်နဲ့ သင့်စတိုင်ကို ပုံဖျက်နေတာဖြစ်လို့ ဒီဘက်ခေတ်နဲ့ အံမဝင်တော့ဘူးလို့ ဆိုရမှာပါ။
