ချမ်းသာခြင်းဆိုတာ အလုပ်နဲ့ပဲမသက်ဆိုင်ပါဘူး။ သင့်ရဲ့ အတွေးအခေါ်နဲ့လည်း ဆိုင်ပါတယ်။ ချမ်းသာတဲ့သူတွေဟာ မိမိရဲ့တစ်နေ့တာကို အကျိုးရှိရှိအသုံးချကြတယ်။ သူတို့လည်း သာမန်လူတွေပုံမှန် အလုပ်လုပ်နေကြတာပါပဲ။ ဒါပေမယ့် သာမန်လူတွေလုပ်တဲ့ နည်းနဲ့တော့ ကွာခြားကြတယ်။

ဒီနေ့ သာမန်လူတွေနဲ့မတူသော ချမ်းသာတဲ့သူတွေရဲ့ အမူအကျင့်တွေအကြောင်း ပြောပြပေးသွားမှာပါ။

နာမည်ကြီး ထုတ်ကုန်တွေအတွက် ပိုက်ဆံမသုံးကြဘူး

Source: Things Rich People Do Differently

Facebook ကိုတည်ထောင်ခဲ့သူ Mark Zuckerberg ကဒီနည်းဟာ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ကြိုးစားနေတဲ့အချိန်မှာ အနှောက်အယှက်ကင်းစေတယ်လို့ ပြောဖူးပါတယ်။ သူဟာ နေ့စဉ် မီးခိုးရောင်ရှပ်အင်္ကျီ ကိုသာဝတ်ဆင်လေ့ရှိပါတယ်။ သူရဲ့အတွေးအခေါ်အရ ဘဝကိုရိုးရှင်းစွာနေလိုပြီး အရေးမပါတဲ့ အရာတွေအတွက် အချိန်မပေးလိုဘူးလို့ ဆိုထားပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး စားရင်ဝင် Bill Gates ဟာလည်း (၂၄) ဒေါ်လာသာ တန်ဖိုးရှိတဲ့ လက်ပက်နာရီကို ဝတ်ဆင်လေ့ရှိကြောင့် သူကိုယ်တိုင်ပြောဆိုဖူးပါတယ်။

သူတို့က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားကြတယ်

Source: Medical News Today

ချမ်းသာတဲ့သူတွေဟာ ကျန်းမာရေးရဲ့အရေးပါပုံကို သိရှိနားလည်ကြတယ်။ တစ်နေကုန် အလုပ်နဲ့လုံးပမ်းနေရတာကြောင့် လေ့ကျင့်ခန်းပုံမှန်မလုပ်ဖြစ်ကြဘူး။ ဒါပေမယ့် သူတို့ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုသာ ရွေးချယ်စားသုံးလေ့ရှိကြတယ်။ ဒီနည်းနဲ့ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ကြတယ်။

သူတို့တွေဟာ နေ့စဉ်မှတ်တမ်း ထားရှိကြတယ်

Source: BrightSide

(၈၁) ရာခိုင်နှုန်းသော ချမ်းသာတဲ့သူတွေဟာ နေ့စဉ်လုပ်ရမယ့် စာရင်းကို ကြိုတင်လုပ်ထားလေ့ရှိပါတယ်။ ဒီနည်းကို ဆင်းရဲတဲ့ လူတွေရဲ့ (၁၉) ရာခိုင်နှုန်းကသာ ကျင့်သုံးကြပါတယ်။ စာရင်းထဲမှာ (၈၀) ရာခိုင်နှုန်းဟာ တစ်နေ့တာအတွင်း ပြီးစီးအောင် လုပ်ရမယ့်အလုပ်တွေဖြစ်ပါတယ်။ ညနေခင်း အလုပ်တွေပြီးစီးသွားတဲ့အခါမှာ စာရင်းကိုပြန်ပြီး စီစစ်လေ့ရှိကြတယ်။

အလုပ်ချိန်ကို ကန့်သက်ထားကြတယ်

Source: Bright Side

ညနေခင်းတွင် အလုပ်မလုပ်ဘဲ အနားယူခြင်းဟာ တစ်နေကုန်အလုပ်လုပ်ရသလိုပဲ တန်ဖိုးရှိကြောင်း စီးပွားရေးသမား Murray Newlands ကပြောထားပါတယ်။ ညနေ (၆) နာရီနောက်ပိုင်း အလုပ်နဲ့သက်ဆိုင်တဲ့ အီးမေးတွေစစ်တာ (သို့) ဖုန်းဖြေဆိုတာတွေကို အတတ်နိူင်ဆုံး ရှောင်ရှားဖို့နဲ့ မိသားစုအတွက်အချိန်ပေးဖို့ အကြံပေးထားပါတယ်။

သူတို့က ဆက်ဆံရေးအတွက် ရင်းနှီးမြှုပ်နှံကြတယ်

Source: BrightSide

အောင်မြင်တဲ့ စီးပွားရေးသမားအများစုဟာ တစ်လကို (၅) နာရီခန့် အောင်မြင်တဲ့သူတွေနဲ့ တွေ့ဆုံဖို့ အချိန်ပေးကြတယ်လို့ ဆိုပါတယ်။ ဒီလိုတွေ့ဆုံစကားပြောဆိုခြင်းအားဖြင့် သူတို့ရဲ့အဖိုးတန်တဲ့ အတွေ့အကြုံတွေနဲ့စိတ်ကူးစိတ်သန်း တွေကိုသိခွင့်ရှိတယ်လို့ ခံယူထားကြတယ်။

သူတို့က သတင်းဖက်ကြတယ်

Source: Debt Rescue

ချမ်းသာတဲ့လူတွေအများစုဟာ ကမ္ဘာပေါ်မှာဖြစ်ပျက်နေတာတွေနဲ့ အဆက်မပြက်စေဖို့နဲ့ လိုအပ်တဲ့သတင်းအချက်အလတ်တွေရယူဖို့အတွက် နေ့စဉ်သတင်းစာဖက်တဲ့ အကျင့်ကိုမွေးထားကြတယ်။ ပြီးတော့ သူတို့ဟာ စာဖက်ခြင်းမှာလည်း အားသန်ကြတယ်။