ပျော်ရွှင်မှုကိုမလိုချင်တဲ့လူ လောကမှာရှိမယ်မထင်ပါဘူး။ လူသားတိုင်းက ပျော်ရွှင်ခြင်းကို နှစ်သက်ကြသလို ပျော်ရွှင်ခြင်းကလည်း အသက်ရှင်နေရခြင်းရဲ့ အဓိပါယ်တစ်ခုလို့ဆိုနိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ သင့်ဘဝမှာပျော်ချင်ရင် ရှောင်သင့်တဲ့အချက် (၃) ချက်ကိုပြောပြပေးချင်ပါတယ်။

(၁) ပြီးပြည့်စုံဖို့ မကြိုးစားပါနဲ့

Source : Michigan Health Blog

လူတိုင်းလူတိုင်းမှာ ကောင်းကွက်ဆိုးကွက်ဆိုတာရှိသလို ပြီးပြည့်စုံနေတဲ့သူဆိုတာတစ်ယောက်မှမရှိပါဘူး။ ပြီးပြည့်စုံဖို့ ကြိုးစားမယ့်အစား ကျေးဇူးတင်တက်တဲ့စိတ် အကောင်းမြင်စိတ်တွေကိုများများမွေးယူလိုက်ပါ။ ကျေးဇူးတင်စိတ်နဲ့ အကောင်းမြင်စိတ်တွေက သင့်ကိုအရင်ကထက်ပိုပျော်ရွှင်လာစေမှာဖြစ်ပြီး မိမိဘဝကိုလည်း ကျေနပ်စရာကောင်းတဲ့ ဘဝတစ်ခုအဖြစ်ပြောင်းလဲတွေးမြင်လာစေမှာပါ။

(၂) အတိတ်ကိုပြန်မသွားပါနဲ့

Source : Balance & Potential

လူတိုင်းလူတိုင်း အတိတ်မှာကောင်းတဲ့အရာတွေရှိသလို ဆိုးရွှားခဲ့တဲ့အချိန်တွေလည်း ရှိကြပါတယ်။ ဒါပေမယ့်အများစုကတော့ အတိတ်မှာရှိခဲ့တဲ့ အဆိုးတွေအမှားတွေနဲ့ နောင်တတရားတွေကို တသသပြန်တွေးပြီး လက်ရှိအချိန်ရဲ့ ပျော်ရွှင်စရာတွေကို ဖျက်စီးသလိုဖြစ်နေကြတာပါ။ အတိတ်ကိုအတိတ်မှာထားခဲ့ပြီး လက်ရှိပစ္စုပန်နဲ့ အနာဂတ်ကို အကောင်းဆုံးနေထိုင်သွားဖို့ကိုပဲ တွေးသင့်ပါတယ်။

(၃) အတွေးမလွန်ပါနဲ့

Source : TMS Center of Lehigh Valley

ကိစ္စတိုင်းကို လိုတာထက်ပိုတွေးနေမိရင် စိုးရိမ်စိတ်နဲ့ စိတ်ပူပင်ခြင်းတွေသာ တိုးပွှားလာမှာဖြစ်ပါတယ်။ အဓိကအားဖြင့် ဖြစ်မလာသေးတဲ့ကိစ္စတွေကို ကြိုတင်တွေးတောပူပင်နေခြင်းက ဆိုးကျိုးတွေမှအပ ဘာအကျိုးရလဒ်မှမဖြစ်လာစေပါဘူး။ ဒါကြောင့်ဘယ်ကိစ္စမဆိုအတွေးမလွန်ပါနဲ့။ ကိုယ်တွေးထားသလောက်ဖြစ်ချင်မှဖြစ်မှာပါ။