စတိုင်လ်ကျကျနေတတ်တဲ့အမျိုးသားတွေ ရဲ့လျှို့ဝှတ်ချက်က ဘာလဲ။ သူဝတ်တဲ့အဝတ်အစားတွေလား။ ယခုလက်ရှိခေတ်စားနေတဲ့ ဖက်ရှင်တွေအကြောင်း သိထားလို့လား။ ဒါတွေသာမကပဲ အခြားအရာတွေအများကြီးကျန်နေပါသေးတယ်။

စတိုင်လ်ကျတဲ့အမျိုးသားတွေဟာ မိမိကိုယ်ကိုဂရုစိုက်တတ်ပြီး ကိုယ့်ရဲ့ပင်ကိုရုပ်သွင်ပြင်ကို အများရှေ့ချပြရမှာ မကြောက်တဲ့သူပါ။ ဒီနေ့မှာ ကွီးတို့အတွက် စတိုင်လ်ကျကျနေတတ်တဲ့အမျိုးသားတွေ ဘယ်တော့မှလုပ်လေ့မရှိသောအရာလေးတွေကို ပြောပြပေးသွားမှာပါ။

ယုံကြည်မှုရဲ့ စွမ်းအားကိုမေ့ထားတာ

Source: Actionate

စတိုင်လ်ဖြင့် နေတတ်တဲ့ အမျိုးသားတွေဟာ သူတို့ရဲ့အစွမ်းအထက်ဆုံးလက်နတ်ဖြစ်တဲ့ ယုံကြည်မှုကို ဘယ်တော့အခါမှ မေ့လေ့မရှိပါဘူး။ ကိုယ်ဝတ်ထာတဲ့ အဝတ်အစားတွေအပေါ်ယုံကြည်မှုရှိနေဖို့အတွက် လေ့ကျင့်ဖို့လိုအပ်ပါတယ်။

မိမိဝယ်ထားတဲ့ အဝတ်အစားတွေအကုန်လုံးကို အိမ်မှာအစမ်းဝတ်ကြည့်ပါ။ အဆင်ပြေပြီဆိုရင် အိမ်အပြင်ထွက်ပြီး လူအများရှေ့မှာ ဝတ်ကြည့်ပါ။ ပတ်ဝန်းကျင်က လူတွေ မိမိအပေါ် ဘယ်လိုတုံ့ပြန်လဲဆိုတာ မှတ်ထားပါ။ မိမိဝတ်ထားတဲ့ အဝတ်အစားတွေအပေါ် ယုံကြည်မှုရှိလာပြီဆိုရင် အပြင်သွားတဲ့အချိန်အတိုင်း ယုံကြည်မှုရှိရှိသွားနိုင်ပါပြီ။

ညီအကိုတွေရဲ့ အင်္ကျီ ဝတ်တာ

Source: Red Cap Sales Coaching

မျိုးဆက် (၃) ခုစာလောက်ရှိပြီဖြစ်တဲ့ အင်္ကျီဝတ်တတ်တဲ့ သူမျိုးကို ကွီးတို့တွေ့ဖူးကြလား။ ကွီးတို့တစ်ခုသိထားရမှာက အဝတ်အစားဝယ်တဲ့အချိန်မှာ ကိုယ်နဲ့ အံကိုက်ဖြစ်တာကို ရွေးချယ်ဝယ်ယူဖို့ အရေးကြီးပါတယ်။ ကိုယ်နဲ့မတော်ရင် မဝတ်ပါနဲ့။

ဝတ်ဖြစ်မှာမဟုတ်တဲ့ အဝတ်အစားတွေဝယ်တာ

Source: Flickr

မိမိမှာရှိတဲ့ တန်ဖိုးအကြီးဆုံး အဝတ်အစားတွေကို မဝတ်ဖြစ်တဲ့အချိန်များကြောင်း ကွီးတို့သိဖို့လိုအပ်ပါတယ်။ promotion တွေပေးနေတိုင်း ကိုယ်မလိုအပ်ရင် မဝယ်ပါနဲ့။ စတိုင်လ်နဲ့နေတတ်တဲ့ အမျိုးသားတွေဟာ ကိုယ်မဝတ်ဖြစ်မယ့် အဝတ်အစားတွေကို ဘယ်တော့မှ ဝယ်လေ့မရှိပါဘူး။

ကိုယ်လိုအပ်တာကိုပဲ ဝယ်ဖို့သေချာစာရင်းပြုစုပါ။ ဒါဟာ ဈေးဝယ်ထွက်တဲ့အခါမှာ အချိန်သက်သာစေရုံသာမက မလိုအပ်ပဲ ပိုက်ဆံဖြုန်းခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

ခန္ဓာကိုယ်အရွယ်အစားကို နှင့်မလိုက်ဖက်တာ ဝတ်ဆင်ခြင်း

Source: Homens que se Cuidam

စတိုင်လ်ကျကျနေတတ်တဲ့ အမျိုးသားတွေဟာ မိမိရဲ့ခန္ဓာကိုယ်အရွယ်အစားကြောင်းကောင်းကောင်းကြီးသိကြတယ်။ အဝတ်အစားတွေဝယ်တဲ့အခါမှာ ယခုလက်ရှိ ခန္ဓာကိုယ်အရွယ်အစားကိုလိုက်ပြီး ဝယ်ကြတယ်။ လာမယ့်နောက် (၃) လအတွင်းဖြစ်လာနိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ထည့်တွတ်စဉ်းစားပြီး ဝယ်တာမျိုးမလုပ်ကြဘူး။

ပြီးတော့ သူတို့တွေဟာ တခြားလူတွေ ဝတ်စားဆင်ယင်ပုံကိုလည်း ချီးကျူးတတ်ကြတယ်။ သူတို့တွေဟာ ဈေးပေါတဲ့ ဖိနပ်တွေကို ဝယ်စီးလေ့မရှိကြဘူး။