အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ဘဝမှာဘယ်အရာတွေလုပ်ဆောင်သင့်လဲဆိုတာ လူတိုင်းလိုလိုသိချင်တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အောင်မြင်နေသူတွေရဲ့ ဘဝမှာ အမြဲလုပ်ဆောင်လေ့ရှိတဲ့ အလေ့အကျင့်ကောင်းလေးတွေကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။
(၁) ကိုယ့်ကိုယ်ကိုရင်းနှီးမြုပ်နှံခြင်း
Source : Shutterstock
အောင်မြင်သူတိုင်းဟာ ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ လေ့လာသင်ယူခြင်းတွေကို ဘယ်တော့မှရပ်တန့်ခြင်းမရှိကြပါဘူး။ ကိုယ့်ဘဝတိုးတက်စေမယ့် ရင်းနှီးမြုပ်နှံမှုတွေကို အစဉ်အမြဲလုပ်ဆောင်လေ့ရှိကြပါတယ်။ အင်တာနက်ပေါ်ကနေ ဗဟုသုတရှာဖွေခြင်း စာအုပ်ဖတ်ခြင်း လေ့လာသင်ယူမှုတွေကို အစဉ်တစိုက်လုပ်ဆောင်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ အရည်အသွေးကိုတိုးတက်လာစေဖို့ ရင်းနှီးမြုပ်နှံခြင်း တွေကို လုပ်ဆောင်လေ့ရှိကြပါတယ်၊
(၂) အကောင်းမြင်စိတ်မွေးမြူခြင်း
Source : Shutterstock
အောင်မြင်သူတိုင်းနောက်ထပ်ကျင့်သုံးလေ့ရှိတဲ့အလေ့အကျင့်ကောင်းတစ်ခုက အကောင်းမြင်တက်တဲ့စိတ်ကို သေချာလေ့ကျင့်မွေးမြူခြင်းပါပဲ။ အကောင်းမြင်စိတ်နဲ့ ဆန်ကျင့်ဘက်ဖြစ်တဲ့ အဆိုးမြင်စိတ်တွေဟာ ပျက်စီးရာပျက်စီးကြောင်းကိုပဲ ဖြစ်ပေါ်စေတက်တာဖြစ်ပါတယ်။ဒါကြောင့် သူတို့ဟာ အတက်နိုင်ဆုံး အဆိုးမြင်စိတ်တွေကိုလျော့ချပြီး အကောင်းဘက်ကနေ အပြုသဘောဆောင်တဲ့စိတ်ထားတွေကိုမွေးမြူလေ့ရှိကြတာဖြစ်ပါတယ်။
(၃) အပေးအကမ်းရက်ရောခြင်း
Source : Shutterstock
ကမ္ဘာတစ်ဝှမ်းက အောင်မြင်ချမ်းသာနေသူတိုင်းကိုကြည့်လိုက်မယ်ဆိုရင် ပေးကမ်းလှူဒါန်းခြင်းတွေကို အမြဲလိုလိုလုပ်ဆောင်လေ့ရှိကြပါတယ်။ လူတွေကိုကူညီတက်တဲ့အလေ့အကျင့်ဟာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်သလို မွန်မြတ်တဲ့လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့် တက်နိုင်သလောက်ကိုယ့်ရဲ့ ဝင်ငွေကနေရရှိလာတဲ့အကျိုးအမြတ်တချို့ကို အကူညီလိုသူတွေထံပြန်လည်လှူဒါန်းပေးကမ်းခြင်းတွေကိုလုပ်ဆောင်သင့်ပါတယ်။
(၄) စိတ်နှင့်ခန္ဓာကျန်းမာရေးကိုဂရုစိုက်ခြင်း
Source : Shutterstock
အောင်မြင်သူတိုင်းဟာ အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင်နေထိုင်ကြပါတယ်။ အချိန်တိုင်းအလုပ်လုပ်နေကြတာမဟုတ်သလို ကျန်းမာရေးကိုလည်း လျစ်လျူရှု့ပြီးလည်း အလုပ်လုပ်လေ့မရှိကြပါဘူး။ တစ်နေ့ကိုအနည်းဆုံး ၂ နာရီလောက်အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ဆောင်လေ့ရှိကြပါတယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံကိုလည်း ထိန်းသိမ်းထားကြသလို မိသားစုကိုအချိန်ပေးပြီး ကျန်းမာတဲ့လူနေမှုဘဝတစ်ခုရဖို့ ကြိုးစားလုပ်ဆောင်လေ့ရှိကြပါတယ်။