လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ အိပ်မက်များ အမှန်တကယ်ဖြစ်မြောက်လာအောင် ပြုလုပ်ရမယ့် စွမ်းအား၊ ဗဟုသုတနှင့် ကြိုးစားချင်စိတ်သည် လူတိုင်းမှာ မရှိပါဘူး။
သင့်ဆီမှာ အိပ်မက်များ အကောင်အထည်ပေါ်လာအောင် ကြိုးစားချင်စိတ်၊ လုံ့လ၊ ဝီရိယတို့ ရှိအောင် ဘယ်လိုကျင့်ကြံရမလဲ။
အောင်မြင်တဲ့လူတွေကရော သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်လေ့ရှိကြသလဲ။
ပန်းတိုင်များ ချမှတ်ပြီး ထိုပန်းတိုင်တွေဆီ အရောက်လှမ်းကြတယ်
Photo Source: Lattice.com
ပန်းတိုင်များဆီ အရောက်လှမ်းနိုင်ဖို့ရန်အတွက် မိမိကိုယ်ကို စည်းကမ်းတင်းကြပ်မှုရှိရပါမယ်။ သင် ယခုလက်ရှိရောက်နေတဲ့အချိန်ကနေ ဇန်နဝါရီ ၁ ရက်နေ့ကို နောက်ပြန်ကြည့်တဲ့အခါ သင့်ရဲ့ပန်းတိုင်ဆီသို့ ၄၀ ရာခိုင်နှုန်းခန့် အရောက်လှမ်းနိုင်ခြင်းသည် အောင်မြင်မှုလမ်းစရရှိနေခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပန်းတိုင်များကို ချမှတ်ထားပါ။ ထိုပန်းတိုင်ပြည့်ဝဖို့အတွက် ကိုယ့်ကိုယ်ကို စည်းမျဉ်းတွေချမှတ်ထားပါ။ ထိုစည်းမျဉ်းအတိုင်း တသဝေမတိမ်းလိုက်နာပါ။
သူတို့မှာ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိကြတယ်
Photo Source: Trailheadcounseling.com
လမ်းတစ်ဝက်မှာတင် အရှုံးမပေးဘဲ မိမိချမှတ်ထားတဲ့ ပန်းတိုင်ဆီ မဖြစ် ဖြစ်တဲ့နည်းနဲ့ အရောက်လှမ်းရပါမယ်။ မိမိဆီ ရောက်လာတဲ့ အခွင့်အရေးမှန်သမျှကို အကျိုးရှိရှိ အသုံးချတတ်ဖို့လိုပါမယ်။ အောင်မြင်တဲ့လူတိုင်းက ဒီလျှို့ဝှက်ချက်ကို သိကြပါတယ်။
ဘယ်တော့မှ အရှုံးမပေးကြဘူး
Photo Source: Greyb.com
သောမတ်အယ်ဒီဆင်သည် အကြိမ်ပေါင်း တစ်သောင်းခန့်ကြိုးစားပြီးမှ မီးသီးတစ်လုံးကို တီထွင်အောင်မြင်ခဲ့တာဖြစ်ပါတယ်။ သူသာ လွယ်လွယ်လက်လျော့တတ်ရင် ယနေ့ခေတ်လူသားများ အမှောင်ထဲမှာပဲ နေကြရမှာပါ။ သင်သည်လည်း ပထမအကြိမ် ကြိုးစားရင်း မဖြစ်ခဲ့ပါက ဒုတိယအကြိမ် ထပ်မံကြိုးစားကြည့်လိုက်ပါ။ အရှုံးမပေးမချင်း အောင်မြင်ခြင်းသည် သင့်အတွက်ပါပဲ။
စွန့်လွှတ်စွန့်စားချင်စိတ်ရှိကြတယ်
Photo Source: Sloanreview.com
အောင်မြင်တဲ့လူသားတိုင်းမှာ စွန့်လွှတ်စွန့်စားချင်စိတ်ရှိကြပါတယ်။ အောင်မြင်တဲ့သူနဲ့ အရှုံးသမားများအကြား ကွာခြားချက်သည် အရှုံးသမားများသည် အရှုံးနှင့် ရင်ဆိုင်ရပါက ထွက်ပြေးတတ်ကြပြီး အောင်မြင်သူများကတော့ အရှုံးဆီသို့ ထိပ်တိုက်ရင်ဆိုင်တွေ့ကြခြင်းပဲဖြစ်ပါတယ်။
ဘယ်အခြေအနေမျိုးမှာမဆို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြတယ်
Photo Source: Allbusiness.com
သင့်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမဆို အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ အဆင်သင့်ဖြစ်နေရပါမယ်။ ဆိုးရွားတဲ့အခြေအနေနဲ့ ကြုံတွေ့ရရင်တောင်မှ အဆိုးထဲကနေ အကောင်းဖြစ်အောင် ပြန်လည်ပြောင်းလဲတတ်ကြပါတယ်။
ထိုအချက်များသည် အောင်မြင်တဲ့လူသားတိုင်း ကျင့်သုံးကြတဲ့ နည်းလမ်းကောင်းတွေပဲဖြစ်ပါတယ်။
Source: Lifehack.org