[Zawgyi]
ရုပ္ရွင္ရံုဆိုတာ စိတ္အပန္းေျဖခ်င္သူမ်ား ေအးေအးေဆးေဆးအနားယူခ်င္သူမ်ား အမ်ားဆံုးလာေရာက္ၾကည့္ရႈ႕ၾကတဲ့ ေနရာတစ္ခုပါ။ဒီလိုစိတ္အပန္းေျဖဖို႔လာၾကေပမယ့္ တစ္ခ်ဳိ႕ေသာ အေျခခံလူက်င့္ဝတ္ေတြကို မ်က္ကြယ္ျပဳထားတဲ့ လူတစ္စုေၾကာင့္ စိတ္အေႏွာက္ယွက္ျဖစ္စရာေတြအမ်ားႀကီးႀကံဳေတြ႔ၾကရပါတယ္။သင့္အေနနဲ႔ ကိုယ္လို႔ပဲစိတ္အပန္းေျဖဖို႔လာၾကတဲ့တျခားသူေတြကိုစိတ္အေႏွာက္အယွက္ေပးမိတဲ့လူတစ္ေယာက္မျဖစ္ေစဖို႕ ရုပ္ရွင္ရံုထဲမွာအခုေျပာျပမယ့္အခ်က္ေတြကိုအတက္ႏိုင္ဆံုးေရွာင္က်ဥ္ဖို႔အႀကံျပဳလိုပါတယ္။
(၁) အနံ႔အသက္ဆိုးတဲ့ အစားအစာေတြယူလာျခင္း
Source : mediatel.co.uk
ရုပ္ရွင္ရံုဆိုတာ အဲယားကြန္းမွလြဲၿပီး တျခားေသာေလဝင္ေလထြက္မရွိတ့ဲ အလံုပိတ္အခန္းတစ္ခုပါ။ဒီလိုအလံုပိတ္အခန္းမွာ အနံ႔အသက္ခပ္ျပင္းျပင္းရေစမယ့္ အစားအစာေတြယူေဆာင္ စားေသာက္မယ္ဆိုရင္ေတာ့ ေဘးလူေတြအတြက္လည္း လံုးဝ စိတ္အေႏွာက္ယွက္ျဖစ္ေစရမွာေသခ်ာပါတယ္။ဒါေၾကာင့္ကိုယ္အေနနဲ႔ ရုပ္ရွင္ၾကည့္ရင္းမုန္႔စားရတာႀကိဳက္တယ္ဆိုရင္ေတာ့ အနံ႔အသက္ဆိုးဆိုးရႊားရႊားမရွိတဲ့ အစားအစာေတြကိုသာ စားသံုးသင့္ပါတယ္။
(၂) ေရွ႔ခံုေပၚေျခေထာက္တင္ျခင္း
Source : shutterstock.com
ရုပ္ရွင္တစ္ကားကအနည္းဆံုးအခ်ိန္(၂)နာရီနီးပါးၾကာျမင့္ေလ့ရွိတာေၾကာင့္ အေညာင္းမိတာေတာ့ ေသခ်ာပါပဲ။ဒါေပမဲ့ လည္းကိုယ့္အေနနဲ႔ ေျခေထာက္ေညာင္းလို႔ ေရွ႕ကခံုေပၚေျခ ေထာက္ဆန္႔ျခင္း ေျခေထာက္တင္ျခင္းေတာ့ လံုးဝမလုပ္သင့္ပါ ဘူး။ေရွ႔ခံုမွာလူရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ေျခေထာက္တင္ၿပီးၾကည့္တာဟာေတာ္ေတာ္ေလးအျမင္ဆိုးေစပါတယ္။ကိုယ္အေနနဲ႔ အရမ္းေညာင္းေနၿပီဆိုရင္ ရံုအျပင္ထြက္ၿပီးလမ္းခဏထေလ်ာက္လိုက္တာမ်ဳိး Rest Room သြားတာမ်ဳိးလုပ္သင့္ပါတယ္။
(၃) အသံက်ယ္က်ယ္ျဖင့္ဖုန္းေျပာျခင္း
Source : shutterstock.com
ရုပ္ရွင္ရံုထဲမွာ ဖုန္းမေျပာဖို႔ ဖုန္းသံအက်ယ္ႀကီးဖြင့္မထားဖို႔ တားျမစ္ထားေပမယ့္ ဖုန္းသံအက်ယ္ႀကီးထျမည္တာ အသံက်ယ္က်ယ္နဲ႔ ဖုန္းေျပာေနတဲ့ လူတစ္ခ်ဳိ႕ ရွိေနၾကပါေသးတယ္။ကိုယ့္ရဲ႕ ဖုန္း Ringtone အသံ ဖုန္းေျပာေနတဲ့အသံေတြက ေဘးလူေတြကိုအေႏွာက္အယွက္အင္မတန္ျဖစ္ေစပါတယ္။ဒါေၾကာင့္ရံုထဲေရာက္တာနဲ႔ ဖုန္းကို Silent လုပ္ထားပါ။ ဖုန္းလာခဲ့ရင္လည္းအျပင္ထြက္ၿပီးေျပာဖို႔အႀကံျပဳလိုက္ပါတယ္။
(၄) စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္ျခင္း
Source : pennmedicine.org
ရုပ္ရွင္ရံုထဲမွာ ေနၾကာေစ့ခြံေတြ အားလူေၾကာ္အခြံေတြ ေရသန္႔ဗူးခြံ ေသာက္လက္စအေအးဗူးစတဲ့အမိႈက္သရိုက္ေတြကို စည္းကမ္းမဲ့စြာစြန္႔ပစ္ျခင္းက တျခားသူေတြအတြက္ စိတ္ အေႏွာက္ယွက္ျဖစ္ေစရံုသာမက ကိုယ္ရဲ႕ တန္ဖိုးပါက်ဆင္း ေစတဲ့အထိအထင္ေသးစရာေကာင္းပါတယ္။ဒါေၾကာင့္ကိုယ္ စားထားတဲ့အမိႈက္ေတြကို အိတ္တစ္လံုးထဲမွာေသခ်ာစုထည့္ၿပီး အျပင္ေရာက္မွ အမိႈက္ပံုးထဲပစ္တာဟာႏိုင္ငံႀကီးသားပီသ သူျဖစ္သလို စည္းကမ္းလိုက္နာတဲ့ ေလးစားစရာလူတစ္ေယာက္ျဖစ္ေစမွာပါ။
(၅) စကားေျပာဆိုေအာ္ဟစ္ၿပီးၾကည့္ျခင္း
Source : Colourbox
ရုပ္ရွင္ရံုထဲ အသံစြာစြာနဲ႔ စကားေျပာဆိုတာဟာ ေတာ္ေတာ္ေလးကို စိတ္အေႏွာက္ယွက္ျဖစ္စရာပါ။ေနာက္ၿပီးရယ္စရာဆိုလည္း အားရပါးရေဘးလူေတြကိုအားမနာပဲရယ္သလို ေၾကာက္စရာထိတ္လန္႔စရာဇာတ္ဝင္ခန္းေတြဆိုလဲ ငယ္သံပါေအာင္ ေအာ္ဟစ္ျခင္းကေတာ္ေတာ္ေလးကို စိတ္ညစ္ဖို႔ေကာင္းပါတယ္။ပိုက္ဆံေပးၿပီးၾကည့္တာပဲဘယ္သူမွဂရုစိုက္စရာမလိုပါဘူးဆိုတာေတာ့မဟုတ္ေသးပါဘူး။လူ႔ပတ္ဝန္းက်င္လူ႕အသိုင္းအဝိုင္းမွာေနေနရင္ေတာ့ ပတ္ဝန္းက်င္ကိုဂရုစိုက္တက္ဖို႔ အေရးႀကီးပါတယ္။
[Unicode]
ရုပ်ရှင်ရုံဆိုတာ စိတ်အပန်းဖြေချင်သူများ အေးအေးဆေးဆေးအနားယူချင်သူများ အများဆုံးလာရောက်ကြည့်ရှု့ကြတဲ့ နေရာတစ်ခုပါ။ဒီလိုစိတ်အပန်းဖြေဖို့လာကြပေမယ့် တစ်ချို့သော အခြေခံလူကျင့်ဝတ်တွေကို မျက်ကွယ်ပြုထားတဲ့ လူတစ်စုကြောင့် စိတ်အနှောက်ယှက်ဖြစ်စရာတွေအများကြီးကြုံတွေ့ကြရပါတယ်။သင့်အနေနဲ့ ကိုယ်လို့ပဲစိတ်အပန်းဖြေဖို့လာကြတဲ့တခြားသူတွေကိုစိတ်အနှောက်အယှက်ပေးမိတဲ့လူတစ်ယောက်မဖြစ်စေဖို့ ရုပ်ရှင်ရုံထဲမှာအခုပြောပြမယ့်အချက်တွေကိုအတက်နိုင်ဆုံးရှောင်ကျဉ်ဖို့အကြံပြုလိုပါတယ်။
(၁) အနံ့အသက်ဆိုးတဲ့ အစားအစာတွေယူလာခြင်း
Source : mediatel.co.uk
ရုပ်ရှင်ရုံဆိုတာ အဲယားကွန်းမှလွဲပြီး တခြားသောလေဝင်လေထွက်မရှိတဲ့ အလုံပိတ်အခန်းတစ်ခုပါ။ဒီလိုအလုံပိတ်အခန်းမှာ အနံ့အသက်ခပ်ပြင်းပြင်းရစေမယ့် အစားအစာတွေယူဆောင် စားသောက်မယ်ဆိုရင်တော့ ဘေးလူတွေအတွက်လည်း လုံးဝ စိတ်အနှောက်ယှက်ဖြစ်စေရမှာသေချာပါတယ်။ဒါကြောင့်ကိုယ်အနေနဲ့ ရုပ်ရှင်ကြည့်ရင်းမုန့်စားရတာကြိုက်တယ်ဆိုရင်တော့ အနံ့အသက်ဆိုးဆိုးရွှားရွှားမရှိတဲ့ အစားအစာတွေကိုသာ စားသုံးသင့်ပါတယ်။
(၂) ရှေ့ခုံပေါ်ခြေထောက်တင်ခြင်း
Source : shutterstock.com
ရုပ်ရှင်တစ်ကားကအနည်းဆုံးအချိန်(၂)နာရီနီးပါးကြာမြင့်လေ့ရှိတာကြောင့် အညောင်းမိတာတော့ သေချာပါပဲ။ဒါပေမဲ့ လည်းကိုယ့်အနေနဲ့ ခြေထောက်ညောင်းလို့ ရှေ့ကခုံပေါ်ခြေ ထောက်ဆန့်ခြင်း ခြေထောက်တင်ခြင်းတော့ လုံးဝမလုပ်သင့်ပါ ဘူး။ရှေ့ခုံမှာလူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ခြေထောက်တင်ပြီးကြည့်တာဟာတော်တော်လေးအမြင်ဆိုးစေပါတယ်။ကိုယ်အနေနဲ့ အရမ်းညောင်းနေပြီဆိုရင် ရုံအပြင်ထွက်ပြီးလမ်းခဏထလျောက်လိုက်တာမျိုး Rest Room သွားတာမျိုးလုပ်သင့်ပါတယ်။
(၃) အသံကျယ်ကျယ်ဖြင့်ဖုန်းပြောခြင်း
Source : shutterstock.com
ရုပ်ရှင်ရုံထဲမှာ ဖုန်းမပြောဖို့ ဖုန်းသံအကျယ်ကြီးဖွင့်မထားဖို့ တားမြစ်ထားပေမယ့် ဖုန်းသံအကျယ်ကြီးထမြည်တာ အသံကျယ်ကျယ်နဲ့ ဖုန်းပြောနေတဲ့ လူတစ်ချို့ ရှိနေကြပါသေးတယ်။ကိုယ့်ရဲ့ ဖုန်း Ringtone အသံ ဖုန်းပြောနေတဲ့အသံတွေက ဘေးလူတွေကိုအနှောက်အယှက်အင်မတန်ဖြစ်စေပါတယ်။ဒါကြောင့်ရုံထဲရောက်တာနဲ့ ဖုန်းကို Silent လုပ်ထားပါ။ ဖုန်းလာခဲ့ရင်လည်းအပြင်ထွက်ပြီးပြောဖို့အကြံပြုလိုက်ပါတယ်။
(၄) စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း
Source : pennmedicine.org
ရုပ်ရှင်ရုံထဲမှာ နေကြာစေ့ခွံတွေ အားလူကြော်အခွံတွေ ရေသန့်ဗူးခွံ သောက်လက်စအအေးဗူးစတဲ့အမှိုက်သရိုက်တွေကို စည်းကမ်းမဲ့စွာစွန့်ပစ်ခြင်းက တခြားသူတွေအတွက် စိတ် အနှောက်ယှက်ဖြစ်စေရုံသာမက ကိုယ်ရဲ့ တန်ဖိုးပါကျဆင်း စေတဲ့အထိအထင်သေးစရာကောင်းပါတယ်။ဒါကြောင့်ကိုယ် စားထားတဲ့အမှိုက်တွေကို အိတ်တစ်လုံးထဲမှာသေချာစုထည့်ပြီး အပြင်ရောက်မှ အမှိုက်ပုံးထဲပစ်တာဟာနိုင်ငံကြီးသားပီသ သူဖြစ်သလို စည်းကမ်းလိုက်နာတဲ့ လေးစားစရာလူတစ်ယောက်ဖြစ်စေမှာပါ။
(၅) စကားပြောဆိုအော်ဟစ်ပြီးကြည့်ခြင်း
Source : Colourbox
ရုပ်ရှင်ရုံထဲ အသံစွာစွာနဲ့ စကားပြောဆိုတာဟာ တော်တော်လေးကို စိတ်အနှောက်ယှက်ဖြစ်စရာပါ။နောက်ပြီးရယ်စရာဆိုလည်း အားရပါးရဘေးလူတွေကိုအားမနာပဲရယ်သလို ကြောက်စရာထိတ်လန့်စရာဇာတ်ဝင်ခန်းတွေဆိုလဲ ငယ်သံပါအောင် အော်ဟစ်ခြင်းကတော်တော်လေးကို စိတ်ညစ်ဖို့ကောင်းပါတယ်။ပိုက်ဆံပေးပြီးကြည့်တာပဲဘယ်သူမှဂရုစိုက်စရာမလိုပါဘူးဆိုတာတော့မဟုတ်သေးပါဘူး။လူ့ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းမှာနေနေရင်တော့ ပတ်ဝန်းကျင်ကိုဂရုစိုက်တက်ဖို့ အရေးကြီးပါတယ်။